မဲခေါင်၊ ဩဂုတ် ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းတောင်၊ နမ်မော အနီးရှိ ကသိုဏ်းတောင် စစ်ကောင်စီ စခန်းကို ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့ မနက် ၇ နာရီခန့်က KIA က စခန်းသိမ်းနိုင်ခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ဒီနေ့ မနက် ၅ နာရီခွဲခန့်ကစ ဖားကန့်က ကသိုဏ်းတောင် စစ်ကောင်စီစခန်း သိမ်းနိုင်ခဲ့ပြီ” လို့ ရှေ့တန်း သတင်း ရင်းမြစ်က ပြောပါတယ်။
ဖားကန့် ကသိုဏ်းတောင် စစ်ကောင်စီ စခန်းကို KIA တပ်မဟာ (၉) ပူး ပေါင်းအဖွဲ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“မနက် ၅ နာရီ ခွဲခန့်ကစ ဆိုင်းတောင် နမ်မော အနီးက စစ်ကောင်စီ စခန်းကို ဖြိုနေတယ်။ တိုက်ပွဲ ပြင်းထန် နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
KIO/KIA ဗဟိုဌာနချုပ်ရှိရာအနီး၊ နမ်ဆန်ယန် တကြောဘက် ပြီးခဲ့တဲ့ ဇူလိုင်လကစ စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားချိန် ဖားကန့်ဘက် တိုက်ပွဲ အနည်းငယ် ငြိမ်သက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကလည်း အနန့်ပါမှာ KIA အထိမ်းအမှတ်နေ့ အကြို ဖော်ဖြေပွဲ လုပ်နေချိန် စစ်ကောင်စီ ဗုဲးကြဲ တိုက်ခ်ုက်ခဲ့တာကြောင့် ပြည်သူ ရာချီ သေဆုံးခဲ့ပါသေးတယ်။
CJ–008
#MekongNews
#ကသိုဏ်းတောင်
#ဖားကန့်
#KIA








