မြန်မာ့နွေဦး

စစ်ကောင်စီနဲ့ SSPP တိုက်ပွဲစဖြစ်

မဲခေါင် 6 Aug - 2023
မဲခေါင် ၊ ဩဂုတ် ၆ ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်ထဲက နေရာ ၂နေရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ ဒီနေ့မနက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင် ၊ ဩဂုတ် ၆

ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်ထဲက နေရာ ၂နေရာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ အာဏာသိမ်း စစ်ကောင်စီတို့ ဒီနေ့မနက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ SSPP က သတင်းထုတ်ပြန်ပါတယ်။

ဟိုင်းဆိုင်ကျေးရွာအုပ်စု၊ ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာအနီးမှာရှိတဲ့ SSPP စခန်းကို ဒီက၏နေ့ မနက် ၆ နာရီကျော်အချိန်မှာ အင်အား ၇၀ ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲအပြင်းအထန် စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ SSPP ကပြောပါတယ်။

ဒါ့အပြင် ဒီနေ့ မနက် ၇ နာရီအချိန်မှာပဲ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့ဝင်တွေနဲ့ လဲချားမြို့မယ် မန်ဆေအုပ်စု မက်လန်းရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ် ခမရ ၅၇၃ တပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့လည်း SSPP ကသတင်းထုတ်ပြန်ပါတယ်။

“နမ့်ပေါက်ရွာနားမှာဖြစ်တဲ့တိုက်ပွဲက SSPP ကို စစ်ကောင်စီက စပစ်လို့ SSPP တစ်ယောက်ကျထားတယ်။ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတယ်။ လဲချားမြို့နယ်ထဲမှာ ဖြစ်ပြီဆိုတော့ မိုင်းကိုင် ၊ ပင်လုံ ဆနင်းတောင်ကြောတွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်သွားမယ်ထင်တယ်” လို့ SSPP နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားရတာဟာ စစ်ကောင်စီတပ်ဘက်က SSPP တပ်စခန်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ရတာဖြစ်တယ်လို့ SSPPဘက်က ပြောပါတယ်။

သြဂုတ်လ ၄ရက်နဲ့ ၅ရက် မှာ စစ်ကောင်စီတပ်တွေက မန်ကျန်ရွာကနေပြီး ရှမ်းပြည်တိုး တက်ရေးပါတီ SSPP တပ်စခန်းရှိရာဘက်သို့ လက်နက်ကြီးတွေနဲ့ ဆယ်ကြိမ်ထက်မနည်း ရန်စပစ်ခတ်ခဲ့ပြီးနောက် ဒီကနေ့မှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာတာဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပေမယ့် SSPP ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးတာကြောင့် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ရှမ်းပြည်အတွင်းမှာ စစ်မျက်နှာသစ်ဖွင့်တာဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး SSPP ဘက်ကနေ မဟာမိတ်တပ်တွေအပြင် PDF တပ်ဖွဲ့တွေလည်း ပူးပေါင်းရပ်တည်လာနိုင်တယ်လို့ ရှမ်းပြည်အရေးကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

“အခု တိုက်ပွဲက အခန့်မသင့်ရင် ရှမ်းတောင်ကနေ အလယ်ပိုင်း ရှမ်းမြောက် တရုတ်မြန်မာနယ်စပ်အထိပါ ကျယ်ပြန့်လာမလားဆိုတာက စောင့်ကြည့်ရမယ့်အချက်ဖြစ်တယ်။ စစ်ကောင်စီမဟာမိတ် PNO အတွက်ကတော့ ဖင်မနိုင်ဘဲ​ပဲကြီးဝင်စားပွဲ​ ဖြစ်သွားနိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။

လတ်တလော အာဏာသိမ်းစစ်တပ်ဟာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အတွင်းမှာ ကရင်နီတပ်၊ ဓနု PDF နဲ့ ပအိုဝ်း PDF တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတာပါ။

အခု SSPP နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေဟာ စစ်ကောင်စီက SSPP တပ်ကို ဖယ်ရှားပေးဖို့ ပြောဆိုထားတဲ့ နေရာတွေဖြစ်ပြီး SSPP ဘက်ကလည်း လက်ရှိနေရာတွေဟာ စစ်ရေးအခြေအနေအရ ဖယ်ပေးနိုင်ခြင်းမရှိတာကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။

လဲချားမြို့နယ်အတွင်းရှိ SSPP တပ်စခန်း ၁၀ ခုကို ဖယ်ရှားပေးရန် စစ်ကောင်စီက ပြီးခဲ့ ဇွန်လအတွင်း ၂ ကြိမ်တိုင်တိုင် အကြောင်းကြားခဲ့တဲ့အချိန်မှာ စစ်ရေးအရ ဖယ်ပေးနိုင်မှာမဟုတ်ပဲ စစ်ကောင်စီက စတင်ပစ်ခတ်တိုက်ခိုက်လာရင် ပြည်လည်တိုက်ခိုက်မယ်လို့ SSPP ဘက်ကတုန့်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်မှ တပ်ဆုတ်ခိုင်းခဲ့တဲ့ လဲချားမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့တပ်စခန်း ၁၀ နေရာဟာ ဌာနချုပ် လုံခြုံရေးအတွက်ကြောင့် မည်သည့်အကြောင်းပြချက် နဲ့ မှ တပ်ပြန်လည် မဆုတ်ပေးနိုင်ကြောင်း အာဏာသိမ်းစစ်ကောင်စီဖက်ကို ခိုင်မာစွာ အကြောင်းပြန်ခဲ့ပြီးဖြစ်တယ်လို့ SSPP က ထုတ်ပြန်ချက်မှာပြောပါတယ်။

CJ – 002

#MeKongNews

#SSPP

#စစ်ကောင်စီ

#လဲချား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now