စစ်ရေးသတင်း

စစ်ကောင်စီ ‌လေကြောင်းက ဗုံးကြဲလို့ မလိခလျှပ်စစ်စက်ရုံ ဓာတ်အားလိုင်းကြိုး ထိမှန်ပျက်စီး

မဲခေါင် 5 Aug - 2023
မဲခေါင်၊ ဩဂုတ် ၅ ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ မြစ်ကြီးမြို့ကို လျှပ်စစ် ပို့လွှတ်ပေးနေတဲ့ မလိခ ဓာတ်အားပေး စက်ရုံက လိုင်းကြိုးတွေ ဩဂုတ်လ ၄ ရက်နေ့၊ မနက် ၁၁ နာရီကျော်က စစ်ကောင်စီ လေကြောင်းက ဗုံးကြဲရာ ထိမှန် ပျက်စီးပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၅

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ မြစ်ကြီးမြို့ကို လျှပ်စစ် ပို့လွှတ်ပေးနေတဲ့ မလိခ ဓာတ်အားပေး စက်ရုံက လိုင်းကြိုးတွေ ဩဂုတ်လ ၄ ရက်နေ့၊ မနက် ၁၁ နာရီကျော်က စစ်ကောင်စီ လေကြောင်းက ဗုံးကြဲရာ ထိမှန် ပျက်စီးပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ဓာတ်တိုင် နံပါတ် (၈၁) ပျက်စီးသွားပြီး ပြန်လည် ပြင်ဆင်ဖို့ ကြိုးစားနေပေမယ့် တိုက်ပွဲ ဖြစ်နေတာကြောင့် ပြုပြင်ဖို့ ခက်ခဲနေပြီး ဓာတ်အားပေးဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

“ဟုတ်တယ်။ မနေ့က ၁၁ နာရီခွဲမှာ မလိ၊ မလိယန် တပ်စခန်း အောင်ပွဲခံ သိမ်းပိုက်လိုက်တာကြောင့် လေကြောင်းနဲ့ ပြန်လာပစ်တာမှာ တမင် သက်သက် မြစ်ကြီးနား နဲ့ ဝိုင်းမော်ဘက် သွားထားတဲ့ အဲဒီ ဓာတ်အားတိုင် အကြီး နံပါတ် (၈၁) လား ဟုတ်တယ် ဗုံးကြဲ ဖြတ်ပစ်လိုက်လို့ မြစ်ကြီးနား ရပ်ကွက် တချို့ မလာဘူး။ ဝိုင်မော် တချို့ မလာဘူး” လို့ KIA ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

မလိစက်ရုံကနေ မြစ်ကြီးနားမြို့ နဲ့ ဝိုင်းမော်မြို့သို့ ဓါတ်အား ပို့လွှတ်‌နေတဲ့ ၆၆ ကေဗွီ ဓါတ်အားလိုင်း စစ်မက် ဖြစ်ပွားတာကြောင့် လိုင်းကြိုး ပြတ်ကျကာ ဓါတ်အားပို့လွှတ်လို့ မရတဲ့ အခြေအနေ ကြုံနေရတယ်လို့ KIO ပိုင် ဘူးဂါး လျှပ်စစ် ဓာတ်အားပေး ကုမ္ပဏီက မနေ့က ထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် မြစ်ကြီးနားခွဲရုံ (၃) ရုံမှ ဖြန့်ဖြူးတဲ့ ရပ်ကွက်တွေမှာ ပါဝင်တဲ့ လျှပ်စစ်ဓါတ်အား သုံးစွဲသူ မိဘပြည်သူများ အနေနဲ့ ဇယားမှာ ဖော်ပြထားတဲ့ အတိုင်း ၄ နာရီခြား အလှည့်ကျစနစ်နဲ့ ဓါတ်အားဖြန့်ဖြူးပေးမယ်လို့ ထုတ်ကန်ချက်မှာ ဖော်ပြထားပါတယ်။

“အဲဒါကြောင့် ချီဖွေ ရေအား လျှပ်စစ်ကိုပဲ အခုက အလှည့်ကျ သုံးနေတယ်” လို့ KIO နဲ့ နီးစပ်သူ တစ်ဦးက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း မြစ်ကြီးနားကို လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးတဲ့ လျှပ်စစ် လိုင်းကြိုးတွေ ဖျက်ဆီးခဲ့တာကြောင့် များစွာ အခက်အခဲ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-008

#Mekongnews

#မြစ်ကြီးနား

#မလိခ_လျှပ်စစ်စက်ရုံ

#လေကြောင်း_ဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now