မြန်မာ့နွေဦး

အင်းလေးဒေသမှာ PNO ပြည်သူ့စစ်နဲ့ ပျူစောထီးတွေ ပြည်သူလူထုကို အနိုင်ကျင့် သောင်းကျန်းနေ

မဲခေါင် 31 Jul - 2023
မဲခေါင်၊ ဇူလိုင် ၃၁ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အင်းလေး ဒေသခံများကို ဖမ်းဆီးကာ မတရား ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ Justice Movement for Community-InnLay (JMC-Innlay ) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဲခေါင်၊ ဇူလိုင် ၃၁

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်‌ရွှေမြို့နယ်၊ အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ အင်းလေး ပျူစောထီးတွေ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အင်းလေး ဒေသခံများကို ဖမ်းဆီးကာ မတရား ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ Justice Movement for Community-InnLay (JMC-Innlay ) အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အင်းလေး ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေက လမ်းပြပြီး စစ်ကောင်စီနဲ့အတူ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်လာကာ တွေ့သမျှ ဒေသခံတွေကို PDF နဲ့ CDM တွေကို ထောက်ပံ့သူတွေလို့ စွပ်စွဲပြီး မတရား ဖမ်းဆီး နှိပ်စက်တာတွေ ပြုလုပ်နေတယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့လို အဖမ်းခံရတဲ့သူတွေကို မတရားတဲ့ ပုဒ်မမျိုးစုံတပ်ပြီး နှစ်ရှည် ထောင်ချတာတွေအပြင် လူထုရဲ ပစ္စည်းတွေ ခိုးယူတာ၊ ဖုန်းတွေ သိမ်းတာနဲ့ မတရား ငွေညှစ်တာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပျူစောထီးနဲ့ PNO တွေက ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ ပျူစောထီးနဲ့ PNO ပြည်သူ့စစ်တွေက စစ်ကောင်စီကို လမ်းပြပြီး ခေါ်လာလို့ စစ်ကောင်စီတွေက အင်းထဲမှာ သောင်းကျန်းနိုင်တာ။ သူတို့အဖွဲ့တွေကလည်း စစ်ကောင်စီ အားကိုးနဲ့ အင်းထဲမှာ လူပြန်ပေးဆွဲပြီး ငွေတွေ တောင်းစားနေတာ အခုထိပဲ။ လူတစ်ယောက်ကို သိန်းဆယ်ချီပြီး ပေးရတယ်” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အင်းလေးဒေသခံ ပြည်သူလူထုဟာ အေးချမ်းလုံခြုံစွာ သွားလာလို့ မရတော့တာ တွေ့ရပြီး ဒေသခံ ၉၂ ရာခိုင်နှုန်းဟာ သူတို့နေထိုင်တဲ့ နေရာဒေသမှာ လုံခြုံမှု မရှိတော့ဘူးလို့ ပြောဆိုထားတယ်လို့ စစ်တမ်းမှာ ဖော်ပြပါတယ်။

“အကြောင်းမှာ နိုင်ငံရေး မတည်ငြိမ် မှုများကြောင့် သွားလာရေးတိုင်းမှာ စစ်အာဏာရှင်များမှ မှတ်ပုံတင် စစ်ဆေးခြင်း၊ ဖုန်းများတွင် နိုင်ငံရေးနှင့် ပတ်သက်သည့်အကြောင်းအရာ ရှိမရှိ သိချင်သောကြောင့် စစ်ဆေးကြည့်ခြင်း စသည့် အကြောင်းပြချက်မျိုးစုံ တွေ့ကြုံနေရသောကြောင့် အထူးသဖြင့် ညအချိန်၌ အပြင်သွားခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှား နေကြရသည်” လို့ အဲ့ဒီ အစီအရင်ခံစာမှာ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်သူတွေဟာ မသွားမဖြစ် အခြေအနေ ဖြစ်လာရင် စစ်တပ်ဂိတ်ကို ရှောင်ကွင်းပြီး သွားလာကြရလို့ လွတ်လပ် လုံခြုံစွာ သွားလာခွင့် ဆုံးရှုံးနေတာကို တွေ့ရတယ်လို့ အစီအရင်ခံစာ ထုတ်ပြန်တဲ့ အဖွဲ့က ပြောပါတယ်။

“အရင်က သွားချင်တဲ့အချိန် သွားလို့ရတယ်။ အခုက ဘယ်သွားသွား ကြောက်နေရတယ်။ လုံခြုံမှု လုံးဝ မရှိတော့ဘူး” လို့ အင်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို စစ်ကောင်စီရဲ့ သတင်းပေးအဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ အိမ်ထဲကို အတင်းအဓမ္မ ဝင်ရောက်ပြီး ကြမ်းတမ်းစွာ ပြောဆို စစ်ဆေးမှု၊ ရန်ပြုမှုနဲ့ ရိုက်နှက်မှုတွေကို မခံနိုင်တော့တဲ့ အင်းလေး ဒေသခံတွေဟာ မိမိတို့ နေအိမ်မှာ ညမအိပ်ရဲတော့လို့ မြို့ပေါ် ပြောင်းရွှေ့ရတာတွေ ဖြစ်နေတယ်လို့ JMC-Innlay အဖွဲ့က ပြောပါတယ်။

“၂၀၂၂ မေလ ၁၅ ရက်မှာ ကျွန်မရဲ့ အိမ်ကို စစ်တပ်နဲ့ရဲ အယောက် ၄၀ လောက်က ဝင်စီးတယ်။ တံခါးတွေကို ဖျက်ဆီးပြီး ကျွန်မကို အိမ်ထဲ ဝင်ရှာတယ်။ ရှာလို့မတွေ့တော့ အိမ်ကလူတွေကို ရိုက်နှက်တယ်။ ကျွန်မညီ လင်မယားလည်း ရိုက်နှက်ခံရတယ်။ ခဲအိုလည်း ထိုးကြိတ်တ်ခံရတယ်။ ကျွန်မ တူလေးကိုလည်း လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်မ မိသားစုတွေက ရဲစခန်းမှာ ခံဝန်လက်မှတ်ထိုးပြီးမှ အိမ်မှာ ဆက်နေထိုင်ခွင့်ရတယ်” လို့ စစ်ကောင်စီရန်ကို ပြည်ပနိုင်ငံထိ တိမ်းရှောင်ခဲ့ရတဲ့ JMC-Innlay အဖွဲ့ ဒါရိုက်တာ မယုလှိုင်သင်း ကပြောပါတယ်။

စစ်ကောင်စီဟာ အင်းလေး ဒေသခံ ပြည်သူများအပေါ် လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၂) ပါ လူတိုင်း လွတ်လပ်စွာ အသက်ရှင်သန်ခွင့်နဲ့ လုံခြုံစွာ နေထိုင်ခွင့်၊ အပိုဒ် (၅) ပါ မည်သူကိုမျှ ညှဥ်းပန်းနှိပ်စက်ခြင်း၊ လူမဆန် ရက်စက်ကြမ်းကြုတ်စွာ လူ့ဂုဏ်သိက္ခာကို ညိုးနွမ်းအောင် မဆက်ဆံရ၊ အပိုဒ်- ၁၇ (၁) မည်သူမျှ မိမိပိုင်ဆိုင်မှုကို နိုင်ထက်စီးနင်း လုယူခြင်းမပြုရနဲ့ အပိုဒ် (၁၉) ပါ လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စတဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်လို့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဖို့၊ စစ်ကောင်စီ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ခံ၊ တာဝန်ယူမှု ရှိဖို့ ဆက်လက်ဖိအားပေးဖို့၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC (Iternational Criminal Court) မှာ တရားစွဲတင်ဖို့နဲ့ အင်းလေးဒေသခံများ အပါအဝင် မြန်မာပြည်သူများရဲ့ ထင်မြင်ယူဆချက်များကို အလေးပေး နားထောင်ပေးဖို့နဲ့ ၎င်းတို့ရဲ့ အသံများကို ဆုံးဖြတ်ချက်ချမှတ်တဲ့ လုပ်ငန်းစဉ်များမှာ ထည့်သွင်း စဉ်းစားပေးဖို့ ဆိုတဲ့ အချက် ၄ ချက်ကို နိုင်ငံတကာကို တောင်းဆိုမှု ထားပါတယ်။

အာဏာသိမ်းပြီးနောက် အင်းလေး ဒေသခံလူထုအပေါ် ထိခိုက်လာတဲ့ အကျိုးဆက်တွေကို သိရှိနိုင်ဖို့အတွက် JMC-Innlay အဖွဲ့ဟာ အင်းလေးဒေသ တခုလုံးကို လွှမ်းခြုံနိုင်မယ့် စစ်တမ်း မေးမြန်းကာ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

CJ-002

#MekongNews

#အင်းလေးဒေသ

#ပျူစောထီး

#PNO_ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now