ဆောင်းပါး

တရုတ်လက်ထဲ မှောက်လိုမှောက် လှန်လိုလှန် ဘဝရောက်နေရတဲ့ မြန်မာနိုင်ငံ

မဲခေါင် 30 Jul - 2023
ဘာသာပြန်ဆောင်းပါး ခင်ဗျားက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တစ်ယောက်ဖြစ်မယ်ဆို မဖြစ်မနေ ရွေးချယ်ရမှာက ချစ်ကြည်ရေး ဒါမှမဟုတ် ပြစ်တင်ရှုတ်ချခံရခြင်း၊ သံတမန်ဆက်ဆံရေး သို့မဟုတ် ICJ ရဲ့ ဆင့်ခေါ် တရားစွဲခံရခြင်း၊ ဖိုက်တာဂျက်တွေရယူခြင်း ဒါမှမဟုတ် ပိတ်ဆို့အရေးယူခံရခြင်းတွေပဲ ရှိတယ်။ ခင်ဗျားတို့ ဘာကို ရွေးချယ်ကြမလဲ။

ဘာသာပြန်ဆောင်းပါး

ခင်ဗျားက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တစ်ယောက်ဖြစ်မယ်ဆို မဖြစ်မနေ ရွေးချယ်ရမှာက ချစ်ကြည်ရေး ဒါမှမဟုတ် ပြစ်တင်ရှုတ်ချခံရခြင်း၊ သံတမန်ဆက်ဆံရေး သို့မဟုတ် ICJ ရဲ့ ဆင့်ခေါ် တရားစွဲခံရခြင်း၊ ဖိုက်တာဂျက်တွေရယူခြင်း ဒါမှမဟုတ် ပိတ်ဆို့အရေးယူခံရခြင်းတွေပဲ ရှိတယ်။ ခင်ဗျားတို့ ဘာကို ရွေးချယ်ကြမလဲ။

၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ဟာ ပြည်သူရွေးချယ်တင်မြှောက်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တယ်။ ဒီဆုံးဖြတ်ချက်က မင်းအောင်လှိုင်အတွက် ဘာမှ ခက်ခက်ခဲခဲစဉ်းစားစရာမလိုတဲ့ ဆုံးဖြတ်ချက်မျိုး။

အာဏာသိမ်း ပြီးကတည်းက နိုင်ငံ တစ်နံတစ်လျား လက်နက်ကိုင်စွဲတော်လှန်မှုတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်ကောင်စီကို တွန်းလှန်လာကြတာ အရှိန်အဟုတ်က ပြင်းထန်သထက် ပြင်းထက်လာတယ်။ စစ်ခေါင်းဆောင်တွေကလည်း အကြမ်းဖက်ရက်စက်မှုတွေကို ပိုပြီးအရှိန်မြှင့်သထက် မြှင့်တင်ရမ်းကားလာတယ်။ ရိုဟင်ဂျာတွေကို တိုးပြီး ညှင်းပန်းနှိပ်စက်သလို ရွာတွေကို ထပ်ကာတလဲလဲ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ပြီး မီးရှို့ ကြတယ်။

တရုတ်က ချစ်ကြည်ရေး၊ သံတမန်တွေနဲ့ ဖိုက်တာဂျက်လေယာဉ်တွေ ကမ်းလှမ်း၊ ပေးကမ်း၊ ရောင်းချပေးတယ်။ နေပြည်တော်မှာ အခြေစိုက်နေထိုင်ကြတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ရင်ထဲ၊ စိတ်ထဲက မပါခဲ့ရင်တောင် စိတ်ဓာတ်အခံ လွန်ဆွဲမှုမှာ တရုတ်ဘက်ကိုပဲ လိုက်စရာရှိတော့တယ်။ မြန်မာနိုင်ငံထဲမှာ တရုတ်နွယ်ဖွား ၁ သန်း ကျော်ရှိတယ်။

အများစုက စစ်ကောင်စီနဲ့ အနီးကပ် ပေါင်းသင်းဆက်ဆံကြတဲ့ တရုတ် ထိပ်တန်းစီးပွားရေးသမား တွေချည်းပဲ။ အမေရိကန်တွေအတွက်ကတော့ မြန်မာနိုင်ငံမှာ ဒီလိုသက်ရောက်နေထိုင်ခွင့်ရခြင်းဆိုတာ အိပ်မက် တောင် မက်ခွင့်မရှိတဲ့အနေအထား။ ဇွန်လတုန်းကပဲ အမေရိကန်က မြန်မာစစ်ကောင်စီရဲ့ အဓိက ထောက်တိုင် ဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်လိုက်တယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်၊ ဒီမိုကရေစီနည်းနဲ့ ပြည်သူရွေးချယ်ထားတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးငြိမ်းချမ်းရေးအဖြေရှာဖို့ သတိပေးတိုက်တွန်းတယ်။ ဒါသံတမန်စကားနဲ့ပြောရင် မုန်လာဥနီထုတ်ကြွေးတဲ့ အကွက်။ (carrots of diplomatic assistance) တဲ့။ အကောင်းဆုံးဥပမာပေးရရင် ဆင်ပါးစပ် နှမ်းပက်တယ်ဆိုတာမျိုး။ ဒီမိုကရေစီအစိုးရ ပြန်တက်လာရင် အမေရိကန်က ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်တွေကို အကောင်အထည်ဖော်မယ်ဆိုတဲ့ သဘောမျိုး။

အမေရိကန်တွေဟာ အင်ဒို-ပစ္စိဖိတ်ဒေသမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးခြင်းကို ပိတ်ပင်တားဆီးရေးအတွက် မြန်မာ နိုင်ငံကို သူ့ဘက်ပါစေချင်တာ မဏ္ဍိုင်တစ်ရပ်၊ အစိတ်အပိုင်းတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားထားတယ်။ မြန်မာ နိုင်ငံမှာ စစ်တပ်က ထပ်ကာတလဲလဲ အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်တွေကိုပြန်ကြည့်ရင် စစ်တပ်ဟာ အနောက်ရင်းနှီး မြှုပ်နှံသူတွေနဲ့ စီးပွားဘက်လုပ်ချင်တဲ့ ဆန္ဒတွေရှိခဲ့တာ မြင်ရမှာပါ။ ဒါကို သိတဲ့ တရုတ်ကလည်း သူ့အိမ်နီးချင်း မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် ဩဇာလွှမ်းမိုးနိုင်ဖို့ နှစ်ပေါင်းများစွာကတည်းက အုတ်မြစ်ချထားပြီးသားဖြစ်လို့ တင်းတင်းမာမာနဲ့ပဲ အာဏာသိမ်းမြန်မာစစ်တပ်အဆက်ဆက်ကို တခြားပြည်ပနိုင်ငံတွေထက်ပိုပြီး ဩဇာလွှမ်းမိုးခဲ့တာမျိုးပဲ။

အမေရိကန်ရဲ့ မြန်မာ့အရေးပြဿနာအပေါ် ရှုမြင်သုံးသပ်မှုက ဒုတိယတန်းစား ဒေသတွင်း ပဋိပက္ခ အသွင်လောက်သာ သဘောထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အရေး ထိရောက်တဲ့ ကူညီထောက်ပံ့မှုမျိုး ဘယ်တုန်းကမှ မပေးဘဲ အင်တင်တင်လုပ်ခဲ့တယ်။ နေပြည်တော်ထိုင် အာဏာ မစွန့်လွှတ်လိုတဲ့ စစ်ခေါင်းဆောင်တွေက ဒီအခြေအနေမှာ ဒီမိုကရက်တစ်နိုင်ငံတွေအားကိုးနဲ့ စီးပွားရေးကပ် ဆိုက်မှုက ရုန်းထွက်ဖို့ မဖြစ်နိုင်မှန်း သိကြတော့ သူတို့မျက်လုံးတွေက ပေကျင်းအစိုးရဆီကလွဲလို့ တခြားမရှိ နိုင်တော့ဘူး။ မနှစ်က မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုနှုန်းက ၁၈ ရာခိုင်နှုန်းရှိပြီး လက်ရှိမြန်မာကျပ်ငွေတန်ဖိုး ကလည်း အဆိုးရွားဆုံးကျဆင်းနေခဲ့ပြီမဟုတ်လား။

ဒီတော့ မြန်မာစစ်အာဏာရှင်တွေအတွက် တရုတ်နဲ့ အပေးအယူဆွေးနွေးမှုတိုင်း မမျှတမှန်းသိလည်း ငြင်းခွင့်မရှိ တဲ့အနေအထားရောက်နေခဲ့ပြီ။ ဒီလက ဒေါ်လာ ၁.၃ ဘီလီယံရင်းနှီးမြှုပ်နှံရမယ့် ကျောက်ဖြူရေနက်ဆိပ်ကမ်း သဘာဝပတ်ဝန်းကျင်သက်ရောက်မှုအနေအထား အဆုံးသတ် စစ်တပ်ကောက်ရမယ့်လဖြစ်တယ်။

ကြိုတင် ကောက်ခံထားပြီးသား စစ်တမ်းတွေမှာကိုပဲ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တည်ထောင်မှု ဟာ သဘာဝနေထိုင်ရှင်သန်မှုပိုင်း ပြဿနာတွေရှိတယ်။ ငါးဖမ်းဈေးကွက်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်း တွေကို ထိခိုက်စေတာ ပေါ်လွင်နေပြီးသားပါ။ ဒါပေမဲ့လည်း မတတ်နိုင်တဲ့စစ်ကောင်စီဘက်က ဘာဖြစ်ဖြစ် လိုက်လျောပေးရဖို့ပဲ ရှိတယ်။ ဒါဆို နှစ် ၂၀ စီမံကိန်းအဖြစ် တရုတ်နိုင်ငံနယ်စပ် ယူနန်ကနေ ရှမ်းပြည်နယ် တောင်တန်းတွေကိုကျော်၊ မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်ပြီး ကျောက်ဖြူအထိ ဖောက်လုပ်မယ့် ရထားလမ်း စီမံကိန်းကြီး ဖြစ်တည်လာမှာပဲ။

ကီလိုမီတာ ၁၆၀၀ ရှည်တဲ့ဒီရထားလမ်းကြီးအသုံးပြုနိုင်ပြီဆိုရင်တော့ တရုတ်ဟာ အိန္ဒိယသမုဒ္ဒရာဆီ တိုက်ရိုက်ဆက်သွယ်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ မီးရထားလမ်းကြီးကို အသုံးချခွင့် ရပြီ။ လက်ရှိ အိန္ဒိယသမုဒ္ဒရာရေလမ်းကြောင်း သုံးခွင့်ရဖို့ တရုတ်ဟာ ကျဉ်းမြောင်၊ ကျပ်ပိတ်နေတဲ့ မလက္ကာရေ လက်ကြားကိုပဲ သုံးနေရပြီး ပိတ်ဆို့ခံရမှုတွေလည်း ရှိတော့ ယူနန်-ကျောက်ဖြူရထားလမ်းပြီးရင် ကုန်စည်တွေ ကို အချိန်တိုအတွင်း လွယ်ကူချောမွေ့စွာနဲ့ အိန္ဒိယသမုဒ္ဒရာကနေ တင်ပို့၊ တင်သွင်းနိုင်မယ်။ ဒါက တရုတ်ရဲ့ မဟာဗျူဟာတွေထဲက သမုဒ္ဒရာနှစ်စင်း ပိုင်ဆိုင်ရေးဆိုတဲ့ တောင်တရုတ်ပင်လယ်နဲ့ အိန္ဒိယသမုဒ္ဒရာအသုံးပြုခွင့် ကို အကောင်းဆုံးအကောင်အထည်ဖော်မှုလည်းဖြစ်တယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ယူနန်နယ်ခြားစည်း ဂိတ်တွေမှာလည်း တရုတ်ဘက်ကပဲ အမြဲအသာစီးယူ လွှမ်းမိုးထားတယ်။ ကိုးကန့်ဒေသဆိုတာ တရုတ်ပြည်အစိတ်အပိုင်းလိုဖြစ်သွားခဲ့ပြီးပြီ။ အများဆုံးမှီတင်းနေထိုင်သူတွေက တရုတ်ဟန်တိုင်းရင်းသားလူမျိုးတွေ။ ပျမ်းမျှ ၁ သိန်းခွဲလောက် နေထိုင်ကြတာ။

မြန်မာ စစ်တပ်နဲ့ တိုင်ခိုက်နေတဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများစွာထဲမှာ ကိုးကန့်တပ် (MNDAA) လည်း တစ်ဖွဲ့ အပါအဝင်ဖြစ်တယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီကိုးကန့်တပ်ဟာ ယူနန်ကနေ ဖြတ်ကျော်တင်သွင်းတဲ့ တရုတ်ထုတ် လက်နက်တွေကို ကိုင်ဆောင်ထားကြတာပဲ။

မြန်မာဖြတ်ကျော် အိန္ဒိယသမုဒ္ဒရာစင်္ကြန်လမ်းကြီး ရေရှည်အကျိုးစီးပွားအတွက် တရုတ်အစိုးရဟာ ကိုးကန့်တပ်တွေကို လက်နက်တပ်ဆင်ပေးခြင်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်ဖို့ နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူပြီး အကောင်အထည်ဖော်ခဲ့တယ်။ တခြား ခြေထောက်တစ်ဖက်ကလည်း မြန်မာစစ်တပ်ကို နင်းထားတယ်။ ပြီးရင် ဆော်ဒီ-အီရန် ပဋိပက္ခ၊ ရုရှား-ယူကရိန်း စစ်ပွဲတွေမှာ သမ္မတကြီးရှီကျင်းဖျင်ဟာ ကြားဝင်ဆွေးနွေးအဖြေရှာပေးတဲ့ ငြိမ်းချမ်းရေးပွဲစားကြီးအလား မြန်မာ နိုင်ငံကိုလည်း ဝင်ရောက်လာပါလိမ့်ဦးမယ်။

တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ် စီးပိုးတက်နင်းထားမှုကို အိမ်နီးချင်း အိန္ဒိယနိုင်ငံကလည်း မျက်ခြေမပြတ်စောင့် ကြည့်နေခဲ့တာပါပဲ။ စစ်အာဏာသိမ်းတာကို တရုတ်လိုပဲ အိန္ဒိယက ပြစ်တင်ဝေဖန်တယ်ဆိုတဲ့ စကားတောင် မထွက်ခဲ့ဘူး။ တရုတ်က စစ်ကောင်စီနဲ့ပေါင်းပြီး မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးသထက် လွှမ်းမိုးသွားမှာကို မလိုလားလို့ သူတို့လည်း စစ်ကောင်စီနဲ့ သံတမန်ရေးအရ ဆက်ဆံမှုတွေ တိုးလုပ်နေခဲ့တယ်။

သူတို့ကလည်း ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီး စီမံကိန်းပြီးစီးဖို့ အသည်းအသန် အလိုရှိနေပြီး မြန်မာပြည်တွင်း နယ်မြေမငြိမ်းချမ်းမှုတွေကို အမြန်ကိုင်တွယ်ဖြေရှင်းပေးပါလို့ စစ်ကောင်စီဆီမှာ တောင်းဆိုနေတယ်။ ဒါပေမဲ့ အိန္ဒိယအဆင့်က တရုတ်စီးပွားရေးဩဇာကြီးမှုကို ဘယ်လိုမှ လိုက်မမီနိုင်ပါဘူး။

အိန္ဒိယရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) က ဒေါ်လာ ၃.၇၅ ထရီလီယံပဲရှိတယ်။ တရုတ်က ဒေါ်လာ ၁၇ ထရီလီယံရှိတယ်။ မြန်မာရဲ့ GDP က ဒေါ်လာ ၆၅ ဘီလီယံပဲရှိတယ်။ ဒါကြောင့် အာဏာသိမ်းစစ်တပ်အတွက် တရုတ်ကလွဲပြီး အားကိုးရွေးချယ်စရာ ဘာမှမရှိဘူး။ တရုတ်အတွက်ကလည်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံဖို့ရွေးချယ်ရခြင်းဟာ easy choice ပါပဲ။ သူတို့ကို ကမ္ဘာ့အရေးမှာ ထောက်ပံ့အားပေးတဲ့ နိုင်ငံတွေ ကြီးထွားလာစေမှုမှာ မြန်မာလည်း တစ်နိုင်ငံအပါအဝင်ဖြစ်မယ်။

အိန္ဒိယသမုဒ္ဒရာထွက်လမ်းရှာမှုမှာလည်း မြန်မာစစ်ခေါင်းဆောင်တွေကို ချုပ်ကိုင်နိုင်ခြင်းဟာ အမေရိကန်တွေ ဝင်ရှုပ်မှာကို တားဆီးပြီးသားလည်း ဖြစ်တယ်။ ပိုးလမ်းမကြီးနမူနာထားပြီး ကမ္ဘာလုံးဆိုင်ရာ တရုတ်ဩဇာလွှမ်းမိုးစေမယ့် ခါးပတ်လမ်းစီမံကိန်း (Belt and Road project) ကြီးကလည်း တည်ဆောက်နေဆဲဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုမှာ တရုတ်ကပဲ ထိပ်ဆုံးက အသာစီးရနေခဲ့ပါတော့တယ်။

(၂၀၂၃ ဇူလိုင် ၂၀ ရက်နေ့က geographical.co.uk မှာ ဆောင်းပါးရှင် တင်မ်မာရှယ် ရေးသားဖော်ပြတဲ့ China and the USA bid to win over the Myanmar junta ကို ဘာသာပြန်ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်)

MKF-001

#MeKongNews

#တရုတ်

#မြန်မာ

#စစ်ခေါင်းဆောင်

#မင်းအောင်လှိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now