မြန်မာ့နွေဦး

မိုးဗြဲနဲ့ လွိုင်ကော်ဒေသကို စစ်ကောင်စီ စစ်ကြောင်း အများအပြားနဲ့ ထိုးစစ်ဆင်လို့ တိုက်ပွဲ ပြင်းထန်နေ

မဲခေါင် 27 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၇ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲဒေသနဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း ဒေသတွေကို စစ်ကောင်စီက စစ်ကြောင်း အများအပြားနဲ့ စစ်ကြောင်း ထိုးနေတာကြောင့် အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲဒေသနဲ့ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့ခြမ်း ဒေသတွေကို စစ်ကောင်စီက စစ်ကြောင်း အများအပြားနဲ့ စစ်ကြောင်း ထိုးနေတာကြောင့် အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

လွိုင်ကော်ဒေသ ကုန်းသာကျေးရွာနဲ့ ကယန်းသာယာကျေးရွာ လမ်းဆုံဘက်ခြမ်းတွေကို စစ်ကောင်စီက စစ်ရေးအရ နယ်မြေ စိုးမိုးနိုင်ဖို့ နွားလ၀ိုးနဲ့ ဆော်ခီးဒေါကျေးရွာဘက်ကနေ စစ်ကြောင်း အများအပြားခွဲပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံ-မိုးဗြဲ လမ်းကနေလည်း စစ်ကောင်စီက စစ်အင်အားတွေ ဆက်တိုက် ပို့ဆောင်နေတာကြောင့် ခန့်မှန်း အင်အား ၃၀၀ ကနေ ၅၀၀ ကြား ရှိနိုင်တယ်လို့ မိုးဗြဲ PDF နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းတွေကတော့ များတယ်။ ကားနဲ့လည်း မဟုတ်ဘူး။ စစ်ကြောင်းထိုးမဲ့ နေရာကို ကားနဲ့လာတယ်။ ရောက်ခါနီးရင် ခြေလျင်စစ်ကြောင်းကို ဖြန့်ပြီး ခွဲထိုးကြတာ” လို့ သူက စစ်ရေး အခြေအနေကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်ကတည်းက မိုးဗြဲမြို့အနီး ကုန်းသာကျေးရွာ အုပ်စုထဲမှာ ပါ၀င်တဲ့ ဆောင်ကန်းကျေးရွာနဲ့ လယ်ထွန်ကျေးရွာ အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး လက်ရှိ တစ်ပတ်နီးပါး ကြာမြင့်လာတဲ့ အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု များပြားတာကြောင့် သေဆုံး စစ်သား ရုပ်အလောင်းတွေကို စက်မှုဇုံ အနီးက အိမ်တစ်အိမ်ထဲ စုထည့်ကာ နေအိမ်နဲ့အတူ မီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်သူ အနည်းငယ်ရှိပြီး ကျဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားမှုအရ ပင်လောင်း-ဖယ်ခုံ ဘက်ကို ပြီးခဲ့တဲ့ တစ်ပတ် အတွင်း စစ်ကားအစီးရေ ၁၀၀ ၀န်းကျင်ခန့် ၀င်ရောက်လာတာ၊ ကယန်းသာယာ လမ်းဆုံနဲ့ ကုန်းသာကျေးရွာအုပ်စုကို ထိန်းချုပ်နိုင်ဖို့ ကြိုးစား နေတာတွေကြောင့် စစ်ကောင်စီက မိုးဗြဲမြို့ကို ၂ ဖက် ပိတ်ဆို့ ထိုးစစ်ဆင်လာနိုင်တယ်လို့ စစ်ရေး သတင်းရင်းမြစ်က သုံးသပ် ပြောဆိုပါတယ်။

မိုးဗြဲမြို့ဟာ ဖယ်ခုံမြို့နဲ့ ကယန်းသာယာလမ်းဆုံကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ မြို့ဖြစ်ပြီး လက်ရှိ မြို့တွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ လပိုင်းခန့် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကောင်စီတပ် အင်အား ၁,၅၀၀ ခန့်နဲ့ စစ်လက်နက်ခဲယမ်း အများအပြား သယ်ဆောင် လာတဲ့ စစ်ကား အစီးရေ ၁၀၀ ၀န်းကျင်ခန့်ဟာ ပင်လောင်း-ဖယ်ခုံလမ်းက တစ်ဆင့် ကရင်နီပြည်နယ်ထဲ ၀င်လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF ပြန်ကြားရေးက ပြောပါတယ်။

ဒီလို အင်အား ထပ်ဖြည့်လာတာကြောင့် ကရင်ပြည်နယ်ထဲမှာ စုစုပေါင်း စစ်အင်အား ၃,၅၀၀ ၀န်းကျင်အထိ ရှိလာပြီး စစ်ကောင်စီဘက်က အကြီးအကျယ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်လာပြီလို့ ဖား‌ဆောင်း PDF ပြောရေးဆိုခွင့် ရှိသူက သုံးသပ်ပါတယ်။

MK-007

#Mekongnews

#မိုးဗြဲ

#လွိုင်ကော်

#KNDF

#ဖား‌ဆောင်း_PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now