မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ ၂၀,၀၀၀ တန် ဂယက် တောင်ကြီးမှာ အိမ်ခြံမြေ ဈေးတွေထိုးတက်

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ၂၀,၀၀၀ တန် ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေဈေးတွေ ထိုးတက်လာတယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီရဲ့ ၂၀,၀၀၀ တန် ဂယက်ကြောင့် အိမ်၊ ခြံ၊ မြေဈေးတွေ ထိုးတက်လာတယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။

စစ်ကောင်စီက ၂၀၀၀၀ တန် ထုတ်‌ဝေမယ်လို့ ကြေညာခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ နောက်ပိုင်းကစကာ အိမ်၊ ခြံ၊ မြေ ဈေးတွေဟာ ရပ်ကွက်နေရာပေါ် မူတည်ပြီး အနည်းဆုံး သိန်း ၅၀ ကနေ သိန်းထောင်ချီ ထိုးတက်နေတယ်လို့ ဆိုပါတယ်။

“မြေရှင်က သေချာပြီဆိုမှ ဝယ်လက်ကို လိုက်ပြရဲတယ်။ မနေ့နဲ့ ဒီနေ့တောင် ဈေးမတူဘူး။ အခုက ၂၀,၀၀၀ တန်ကြောင့် ဝယ်လက်များပြီး ရောင်းမယ့်သူက နည်းနေတာ။ လူတွေက ငွေဈေးကျတော့ အိမ်၊ ခြံ၊ မြေ ပဲ ကိုင်ထားချင်ကြတာ” လို့ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မြို့စွန်နေရာတွေ အနည်းဆုံး ကျပ်သိန်း ၇၀၀ အထိ ပေါက်ဈေး ရှိနေပြီး အရင် အနောက်မြို့ပတ်လမ်း ပေါ်က သိန်း ၈,၀၀၀ ဝန်းကျင် နေအိမ်တွေဟာ သိန်း ၁၀,၀၀၀ ကျော်သွားပြီလို့ ဆိုပါတယ်။

“မြို့ပေါ်တင်ပဲ မဟုတ်ဘူး။ မြို့နဲ့နီးတဲ့ ရွာဘက်တွေလည်း ဈေးတက်တယ်။ တော်တော်များများက ရောင်းမယ့်သူကို မရှိတာ။ စကစကြောင့် ဘာမှ ပိုင်ဆိုင်မှု မပြနိုင်တဲ့ မြေကွက်တွေတောင် သိန်းရာချီနေတယ်။ ဒီလိုပဲ ဆက်သွားရင် ပွဲစားတွေ ခက်ခဲလာနိုင်တယ်” လို့ အကျိုးဆောင် နောက်တစ်ဦးက ပြောပါတယ်။

လတ်တလော တောင်ကြီးမြို့ အိမ်၊ ခြံ၊‌ မြေဈေးတွေ ထိုးတက်နေပေမယ့် စစ်ကောင်စီက ဖျက်သိမ်းရမယ်လို့ သတ်မှတ်ထားတဲ့ ဘုရားဖြူရပ်ကွက်က နယ်မြေတချို့နဲ့ ဖာမွန်းကျေးရွာက မြေကွက်တွေတော့ ဝယ်သူ မရှိဘူးလို့ အကျိုးဆောင်တွေက ပြောပါတယ်။

တောင်ကြီးမြို့မှာ အိမ်၊ ခြံ၊ မြေတွေအပြင် ကားနဲ့ ဒေါ်လာဈေးတွေလည်း တက်နေတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ မတိုင်ခင်က လိုင်စင်မဲ့ Honda Fit ကားတစ်စီး ပျမ်းမျှ သိန်း ၆၀ ဝန်းကျင်ရှိခဲ့ရာက အခု သိန်း ၁၀၀ ကျော်အထိ ဈေးတက်သွားပြီး အမေရိကန် တစ်ဒေါ်လာ ဈေးနှုန်းဟာ မြန်မာငွေကျပ် ၄,၀၀၀ နီးပါးအထိ တက်လာတယ်လို့ ကားအကျိုးဆောင်နဲ့ ဒေါ်လာရောင်းဝယ်သူတွေက ပြောပါတယ်။

CJ-007

#MekongNews

#တောင်ကြီးမြို့

#ကျပ် ၂၀,၀၀၀ တန်

#အိမ်ခြံမြေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now