မြန်မာ့နွေဦး

ကန်ပက်လက် တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ သေတယ်လို့ PDF စစ်ရုံးချုပ် ထုတ်ပြန်

မဲခေါင် 26 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၆ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ရန်သူ့တပ်ကို CNA၊ CDF၊ PDF မဟာမိတ် ပူးပေါင်းတပ်တွေ စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ရန်သူ့တပ်ကို CNA၊ CDF၊ PDF မဟာမိတ် ပူးပေါင်းတပ်တွေ စောင့်ကြို တိုက်ခိုက်ရာ စစ်သား ၂၀ သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်မ (၈၈)၊ ခလရ (၃၀၄) ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF စစ်ရုံးချုပ်က ဒီကနေ့ ဇူလိုင်၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၄ ရက်၊ မနက် ၈ နာရီကျော်မှာ ကန်ပက်လက်မြို့နယ်၊ မောချောင်းနဲ့ လှိုင်ဒုတ်ကြား ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း (၆)နဲ့ CDF ကန်ပက်လက် ခေါနုတပ်ခွဲ ပူးပေါင်း မဟာမိတ်တပ်တွေ စောင့်ကြို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၂၅ မိနစ်အတွင်း စစ်သား ၁၀ ဦးသေဆုံးပြီး မဟာမိတ် ပူးပေါင်း တပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ညနေ ၅ နာရီ ဝန်းကျင်မှာ ခမရ (၃၀၁)၊ (၃၁၇) ပူးပေါင်းတပ် အင်အား ၁၅၀ ပါ စစ်ကြောင်းကို လဲပုံးလမ်းခွဲ အနီးမှာ PDF၊ အမှတ် (၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း (၃) နဲ့ CNA/CDF ကန်ပက်လက် မဟာမိတ် ပူးပေါင်းတပ်တွေ ထပ်မံ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီပစ်ခတ်မှုအတွင်း ရန်သူ့တပ်သား ၁၀ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ မဟာမိတ် ပူးပေါင်းတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်ရှိ စစ်ကောင်စီတပ်ဟာ မကွေးတိုင်း အနောက်ခြမ်းနဲ့ ချင်းပြည်နယ်ကို ထိန်းချုပ်ဖို့ တပ်အင်အား အများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ မဟာမိတ်တပ်တွေ လက်တွဲညီညီ ရင်ဆိုင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-005

#MekongNews

#ကန်ပက်လက်

#တပ်မ(၈၈)၊

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now