မြန်မာ့နွေဦး

လေကြောင်းက ဗုံးကြဲတဲ့ စစ်ကောင်စီတပ် ဒရုန်းရန်ကို ပြန်ကြောက်နေရ

မဲခေါင် 21 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၁ စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေ သုံးပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ချိန် ပြည်သူတွေ ကြောက်လန့်ခဲ့ရတဲ့ ခံစားချက်ကို စစ်ကောင်စီတပ်သားတွေ ပြန်ခံစားနေရပြီလို့ ရှမ်းရိုးမ-SYM PDF တာဝန်ခံ ကိုဝီလီယမ်က မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၁

စစ်ကောင်စီက တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေ သုံးပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ချိန် ပြည်သူတွေ ကြောက်လန့်ခဲ့ရတဲ့ ခံစားချက်ကို စစ်ကောင်စီတပ်သားတွေ ပြန်ခံစားနေရပြီလို့ ရှမ်းရိုးမ-SYM PDF တာဝန်ခံ ကိုဝီလီယမ်က မဲခေါင်သတင်းကိုပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာဖြစ်ပြီး အရပ်ဘက်၊ စစ်ဘက် မခွဲခြားပဲ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေကြောက်လန့်ခဲ့ရတာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ကောင်းကင်တွေကို အမြဲမော့ကြည့်နေရပြီး ပြည်သူတွေ ခံစားခဲ့ရတဲ့ ကြောက်လန့်မှုကို တဖန်ပြန်လည်ခံစားနေရပြီလို့ဆိုပါတယ်။

ဒီလို ပြောဆိုလိုက်တာဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တွေဘက်ကလည်း ဒရုန်းတပ်ဖွဲ့တွေကို တွင်တွင်ကျယ်ကျယ်ဖွဲ့စည်းလာပြီး စစ်ကောင်စီတပ်တွေကို အထိနာအောင် တိုက်ခိုက်လာတာကို ရည်ညွှန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ပိုအားကောင်းလာတဲ့တော်လှန်ရေးအင်အားစုတွေကို စစ်ကောင်စီက မြေပြင် စစ်မျက်နှာတွေ အများအပြားဖွင့် တိုက်ခိုက်နေရကာ တိုက်ပွဲတွေမှာလည်း စစ်သားထိခိုက်သေဆုံးမှုများပြားတာကြောင့် လေကြောင်းကိုသာ အားထားတိုက်ခိုက်လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ နှစ်စပိုင်းတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တွေဟာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွင်း အခက်အခဲများစွာကြုံတွေ့ခဲ့ရပေမဲ့ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာတော့ PDF တပ်ဖွဲ့တွေဟာ စစ်တပ်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ဒရုန်းတွေစတင်တပ်ဆင်လာကြပါတယ်။

ဒရုန်းတွေကို ၄၀ မမ၊ ၆၀ မမ တွေချိတ်ဆွဲပြီး စစ်ကောင်စီစစ်ကြောင်းတွေနဲ့တပ်စွဲရာနေရာတွေကို တိုက်ခိုက်ခဲ့မှုတွေက အလွန်ထိရောက်မှုတွေရှိခဲ့တာကြောင့် လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းဖြောင့်ဖြောင့်မထိုးရဲပဲ ကောင်းကင်ကိုသာမော့ကြည့်နေရတယ်လို့ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာမှာလည်း ဒရုန်းတွေဟာ လေကြောင်းပစ်ကူသဘောမျိုး အသုံးပြုနိုင်တာကြောင့် အများကြီးအထောက်အကူဖြစ်စေတယ်လို့ SYM PDF တာဝန်ခံ ကိုဝီလီယံက ပြောပါတယ်။

“စခန်းသိမ်းပွဲတွေမှာလည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။ သူတို့( စစ်ကောင်စီ) အထိုင်စခန်းတွေက တောင်အမြင့်ကြီးမှာလည်းရှိတယ်။ ဆက်သွယ်ရေးမြောင်းတွေ၊ ကတုတ်ကျင်းတွေကလည်း လူ့တစ်ရပ်ကျော်‌ကျော်တူးထားတဲ့ အခါ သေနတ်နဲ့ မထိရောက်ဘူး။ ဒီနေရာမှာ ဒရုန်းတွေက လုပ်ဆောင်နိုင်တယ်လေ”လို့ သူကရှင်းပြပါတယ်။

တိုက်ပွဲတွေမှာ PDF တွေရဲ့ ဒရုန်းတွေဟာ စစ်ရေးအခြေအနေကို အများကြီး သက်ရောက်မှုရှိတယ်လို့ ကရင်ပြည်နယ်၊ လေးကေကော်မြို့သစ်ကို စစ်ကြောင်းထိုးခဲ့စဉ်က ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ CDM ပြုလုပ်ထားတဲ့ တပ်မ (၄၄) တပ်သားတစ်ဦးဖြစ်သူကိုထက်(အမည်လွှဲ)က မဲခေါင်သတင်းကိုပြောပါတယ်။

“ဒရုန်းတွေက တော်တော်လေးကို သက်ရောက်မှုရှိတယ်။ ကျွန်တော်တို့ စစ်ကြောင်းထိုးတုန်းက အထိနာကျတော့ လေကြောင်းပစ်ကူခေါ်တယ်။ ဗုံးကြဲတယ်။ PDF တွေဘက်ကလည်း ဒရုန်းတွေနဲ့ ပြန်တိုက်တာပဲ။ ဗုံးသီးတွေဆိုတာ တစ်လုံးပြီး တစ်လုံးပဲ။ ကိုယ်တွေလည်းခေါင်းမဖော်ရဲဘူး။ မြင်တာနဲ့ အကြဲခံရတာ”လို့ တိုက်ပွဲအတွင်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို သူကပြန်ပြောပြပါတယ်။

ဒရုန်းတွေနဲ့ မကြာခဏ တိုက်ခိုက်ခံနေရတာကြောင့် စိတ်ဓာတ်တွေကျပြီး ကြဲချတဲ့ ဗုံးစမှန် ဒဏ်ရာရကာ နောက်တန်းပြန်ရဖို့ကိုတောင် ရေရွတ်မိတယ်လို့ဆိုပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG လက်အောက်ခံ FEDERAL WINGS ဒရုန်းတပ်ဖွဲ့ကလည်း ကရင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း ဒရုန်းစစ်ဆင်ရေး အကြိမ်ရေ ၂၈၀ ကျော်၊ ဗုံးသီးအလုံးရေပေါင်း ၆၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆၀ နီးပါးခန့်ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါဟာ ကရင်ပြည်နယ်တစ်ခုအတွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသေဆုံးမှု အရေအတွက်သာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ကောင်စီတပ်သားထောင်ဂဏန်းခန့်သေဆုံးထိခိုက်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ခန့်မှန်းပြောဆိုပါတယ်။

မြေပြင်စစ်ဆင်ရေးတွေမှာ ဒရုန်းတပ်ဖွဲ့တွေပါဝင်တိုက်ခိုက်နိုင်မှုဟာ စစ်ဆင်အရေးအခြေအနေတွေကို များစွာအထောက်အကူဖြစ်စေပြီး စစ်ဆင်ရေးအောင်မြင်ဖို့အတွက်လည်း ရာခိုင်နှုန်းများစေတယ်လို့ဆိုပါတယ်။

ဒရုန်းတွေဟာ တိုက်ပွဲတွေမှာအားသာချက်တစ်ခုဖြစ်စေသလို တစ်ဖက်မှာလည်း ရင်ဆိုင်ရတဲ့ အခက်အခဲတွေရှိတယ်လို့ ရှမ်းရိုးမ PDF တာဝန်ခံ ကိုဝီလီယံကပြောပါတယ်။

ဒရုန်းတပ်ဆင်နိုင်ဖို့ နည်းပညာ၊ ငွေကြေးနဲ့ စစ်တပ်ဘက်က ပိတ်ဆို့မှုတွေကိုလည်း ရင်ဆိုင်ရသလို ဒရုန်းရန်ကို ကာကွယ်နိုင်ဖို့ ဒရုန်းဖျက်လက်နက်-ဂျန်ပါတွေ ကိုလည်း စစ်ကောင်စီက ပြင်ဆင်လာတာကြောင့် အခက်အခဲတွေ ရှိတယ်လို့ဆိုပါတယ်။

“နောက်ပိုင်းမှာတော့ စစ်ကောင်စီထံကနေ သိမ်းရတဲ့ လက်နက်တွေထဲမှာ ဂျန်ပါတွေလည်းပါလာတယ်။ ဒါက ဒရုန်းတပ်ဖွဲ့တွေအတွက် စိန်ခေါ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့သက်ဆိုင်ရာ အစိုးရကလည်း ဂျန်ပါတွေ၊ ဂျန်ပါ အထိုင်စက်တွေကို ချပေးပြီး ဒီနည်းပညာတွေကို သေချာနားလည်အောင် ပြုလုပ်ပေးနိုင်ရင် ဒါကလည်းစိုးရိမ်စရာတော့ မဟုတ်ပါဘူး”လို့ ကိုဝီလီယံကဆိုပါတယ်။

နည်းပညာချင်းယှဉ်ပြိုင်နေတာဖြစ်တဲ့အတွက် ဂျန်ပါ နည်းပညာကို လေ့လာနိုင်ဖို့ လိုအပ်တဲ့အထောက်အပံ့တွေကို ကူညီပေးကြဖို့ ထောက်ပံမှုတွေလိုအပ်တယ်လို့ သူကရှင်းပြပါတယ်။

ဒရုန်းတွေကို အများစုက ကိုယ်တိုင်တပ်ဆင်တာဖြစ်ပြီး တပ်ဆင်မှု အပိုင်းမှာ နည်းပညာအားကောင်းတဲ့ လူငယ်တွေရှိတာကြောင့် အခက်အခဲသိပ်မရှိပေမဲ့ စစ်ကောင်စီဘက်က တန်ပြန်လာနိုင်တဲ့ ဂျန်ပါ ကိုရှောင်ရှားနိုင်ဖို့အတွက် နမူနာပစ္စည်းတွေကို ဝယ်ယူလေ့လာဖို့ကလည်း လိုအပ်ချက်တစ်ခုအဖြစ်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

MK-007
#MeKongNews
#စစ်ကောင်စီ
#ဒရုန်း
#လေကြောင်း
#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now