မဲခေါင်၊ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့ လက်ခတ်တောင်အနီးမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ဒီနေ့ ဇူလိုင် ၁၈ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က လက်နက်တွေ သိမ်းမိတယ်လို့ ကော်ဘရာစစ်ကြောင်း က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တပ်မဟာ ၆ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကျားသစ်နက်၊ Federal Wings တော်လှန်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ခမရ ၁၁၈ မှ ဗိုလ်ကြီး ၁ ဦးအပါ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဒီနေ့ထုတ်ပြန်တာပါ။
သိမ်းမိတဲ့ ပစ္စည်းတွေမှာ MA3 (၁)လက်၊ RPG (၃)လုံး၊ 60mm (၃)လုံး၊ အီနာဂါ ၄ လုံးနဲ့ မိုဘိုင်းဖုန်း ၇ လုံးတို့ သိမ်းမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သိမ်းမိခဲ့တဲ့ပစ္စည်းတွေရဲ့ ဓာတ်ပုံနဲ့ ဒီနေ့ထုတ်ပြန်တာပါ။
စစ်ကောင်စီဘက်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲဟာ ပြင်းထန်ခဲ့ပြီး ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေဘက်က ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ ဒီရက်သတ္တပတ်အတွင်း စစ်ကောင်စီနဲ့ KNLA၊ PDF ပူးပေါင်းအဖွဲ့တွေဟာ တိုက်ပွဲပြင်းထန်နေပါတယ်။
တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ အဓိကထောက်ပို့လမ်းကြောင်းမှာ အသုံးပြုနေတဲ့ တံတားအများစုကို ဖောက်ခွဲဖျက်ဆီးလိုက်တာကြောင့် စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းမှာ လေကြောင်းနဲ့ အပြင်းအထန်တိုက်ခိုက်နေပါတယ်။
#MeKongNews
#စစ်ကောင်စီ
#ကရင်ပြည်နယ်
#KNLA








