မြန်မာ့နွေဦး

အာမခံနဲ့လွတ်အောင်လုပ်ပေးမယ်ဆိုကာ ပင်းတယ လေးကောင်ဂျင်ဝိုင်းမှာ ဖမ်းခံရသူ ၂၈ဦးထံက ကျပ်၅၆သိန်း ရဲကလိမ်တောင်းသွား

မဲခေါင် 18 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၈ ပင်းတယမှာ လောင်းစကားမှုနဲ့ ဖမ်းဆီးခံထားရသူ ၂၈ဦးကို ‘အာမခံနဲ့လွှတ်အောင်လုပ်ပေးမယ်’လို့ ရဲက ပြောဆိုပြီး တစ်ဦးကို ၂ သိန်းနှုန်းနဲ့ ကျပ် ၅၆ သိန်း မိသားစုဝင်တွေထဲကနေ လိမ်တောင်းသွားတယ်လို့ စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

ပင်းတယမှာ လောင်းစကားမှုနဲ့ ဖမ်းဆီးခံထားရသူ ၂၈ဦးကို ‘အာမခံနဲ့လွှတ်အောင်လုပ်ပေးမယ်’လို့ ရဲက ပြောဆိုပြီး တစ်ဦးကို ၂ သိန်းနှုန်းနဲ့ ကျပ် ၅၆ သိန်း မိသားစုဝင်တွေထဲကနေ လိမ်တောင်းသွားတယ်လို့ စုံစမ်းသိရပါတယ်။

ပင်းတယမြို့၊ ကုံလုံဆရာတော်ကျောင်း အနီးရှိ ကြာအင်းကန်တဝိုက်မှာ ဖွင့်လှစ်ထားတဲ့ လေးကောင်ဂျင် လောင်းကစားဝိုင်းကို ဇူလိုင်လ ၁၄ရက်မှာ ပင်းတယမြို့မရဲစခန်းက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇူလိုင်လ ၁၇ရက် ညနေ ၂နာရီလောက်က ဖမ်းခံထားတဲ့သူ ၂၈ဦးကို ရုံးထုတ်လာချိန်မှာ အချုပ်ကားပေါ်က ရဲတွေက မိသားစုဝင်တွေကို ငွေ ၂ သိန်းပေးလျှင် အာမခံနဲ့ လွှတ်ပေးမယ်လို့ပြောကာ ငွေကျပ် ၅၆ သိန်း တောင်းယူသွားတာလို့ ဖမ်းဆီးခံရသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပြပါတယ်။

“အချုပ်ကားပေါ်ကနေ တစ်ယောက်ကို၂ သိန်းပေးရင် အခုချက်ချင်းအာမခံနဲ့လွတ်ပေးမယ်လို့အော်ပြောလာတယ်။ ပင်းတယမြို့လယ်ခေါင်ဆိုတော့ မိသားစုတွေက ဟိုနားချေး၊ ဒီနားချေး၊ ရွှေပါရင် ပေါင်စရာရှိ သွားပေါင်ပြီးတော့မှ တစ်ယောက် ၂ သိန်း ပေးတာပေါ့ ညနေခင်းလွှတ်ပေးမယ် ဆိုလို့လေ။ ညနေ ၄နာရီကျော်တော့ အချုပ်ကားပေါ်အကုန်လုံးကို ပြန်ခေါ်တင်သွားတယ်။ မလွှတ်ပေးဘူး။ လူ ၂၈ ယောက်ရဲ့ မိသားစုဆိုတော့ မနည်းဘူး။ လူ၁၀၀ ကျော်တယ် တရားရုံးရှေ့မှာလေ”လို့ သူက ပြောပါတယ်။

အဲဒီ လောင်းကစားမှုကို ပင်းတယမြို့နယ် ရဲစခန်းက အမှုစစ်ဒုရဲအုပ် ဝင်းဇော်ထွန်း ကတာဝန်ယူထားတာ ဖြစ်ပြီး သူကလောင်းကစားမှု တစ်မျိုးတည်းနဲ့ တရားစွဲထားတာကြောင့် အာမခံပေးလို့ရတယ် လို့ မိသားစုဝင်တွေကို ကိုယ်တိုင်ပြောခဲ့တာကြောင့် ယုံကြည်ခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။

အာမခံဖို့အတွက် လူ ၂၈ ဦးစာ ငွေကျပ်စုစုပေါင်း ၅၆ သိန်းကို အချုပ်ကားပေါ်မှာတင် ရဲတွေက လက်ခံယူဆောင်သွားတာဖြစ်ပြီး မိသားစုဝင်တွေက အာမခံအတွက် လိုအပ်တဲ့ စာရွက်စာတန်း၊ အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ အိမ်ထောင်စုဇယား တွေနဲ့အတူ အိမ်ထောင်ဦးစီးတွေကိုယ်တိုင် နာရီအတော်ကြာ စောင့်ဆိုင်းခဲ့ပေမယ့် ညနေ ၄ နာရီကျော်လောက်မှာ ရဲတွေက အာမခံမရဘူးဆိုပြီး အချုပ်သားတွေကို အချုပ်ကားပေါ် ပြန်တင်ပြီး စခန်းကို မောင်းပြန်သွားခဲ့တယ်လို့ သိရပါတယ်။

“တနေ့လုပ်တနေ့စားတွေလည်း ပါတော့ ကြိုးစားပန်းစား ၂သိန်းရအောင်ရှာပြီးမှ ပြန်မလွတ်ပေးဘူးဆိုတော့ မိသားစုဝင်တွေက ငိုတဲ့သူကငို၊ ဆဲတဲ့သူကဆဲ၊ငွေပြန်တောင်းသူက ပြန်တောင်းနဲ့ ရုတ်ရုတ်သဲသဲ​ဖြစ်သွားတယ်။ တစ်ယောက်ဆိုပါသွားတာ ဆိုင်ကယ်က ယိုးဒယားဆိုင်ကယ်၊ လိုင်စင်နဲ့။ တူးဘောက်စ်ထဲမှာ ငွေ ၉ သိန်း ရဲသိမ်းသွာတယ်။ ဖမ်းတဲ့ညနေက ရဲတွေက လူတွေကိုလည်း ဖမ်းသေးတယ်။ လက်စွပ်ပါရင် အခုချွတ်၊ ဆွဲကြိုးပါရင်ဖြုတ်၊ အတင်းအကြပ်ပဲဗျာ။ ဖြုတ်ပေးလိုက်ရတယ်။ လောင်းကစားဝိုင်းဆိုတော့ ငွေသားတွေရာကျော်တယ်။ ရွှေတွေငွေတွေအများကြီးပဲ။ ဒါပေမယ့် ရဲကြေနန်းထဲမှာတော့ အဲ့လောက်မထည့်ထားဘူး။ လုပ်စားသွားပြီရဲတွေ” လို့ ဖမ်းဆီးခံထားရသူနဲ့ ဦးလေးတော်စပ်သူ တစ်ဦ်းက မဲခေါင်သတင်းကို ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာရှိတဲ့ အဲဒီလောင်းစကားဝိုင်းကို ဇူလိုင်လ ၁၄ရက် ညနေ ၃နာရီလောက်မှာ ဝင်ဖမ်းတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲမှာ လေးကောင်ဂျင်ဝိုင်းကို လာတဲ့သူတွေအပြင် လောင်းကစားဝိုင်းနဲ့ကိုက် ၅၀ အတွင်းက ဆိုင်ကယ်ကယ်ရီသမား၊ ခြံလုပ်သူတွေနဲ့ စျေးသည်တွေအပါအဝင် ၃၈ ဦးပါပါတယ်။

အဲ့ဒီထဲက ဖမ်းခံရသူ ၁၀ ဦးကတော့ ချက်ချင်းရဲစခန်းမှာ တစ်ဦးကို သိန်း ၁၀၀ ဝန်းကျင်ပေးခဲ့လို့ ကားရောလူပါ ပြန်လွတ်လာကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အိမ်စီးကား ၁၃စီး၊ ဆိုင်ကယ် အစီး ၃၀ ကျော်လည်း သိမ်းဆည်းခံခဲ့ရပေမယ့် နောက်နေ့မှာ ရဲစခန်းလိုက်သွားတဲ့ မိသားစုဝင်တွေအပြောအရ စခန်းမှာ ကားတွေတစ်စီးမှ မရှိတော့ဘဲ ဆိုင်ကယ်တွေလည်း အစုတ်တွေပဲ ရှိတော့တယ် လို့သိရပါတယ်။

လောင်းကစားဝိုင်း ဒိုင်လုပ်ကိုင်သူကိုတော့ လိုင်းကြေးပေးထားတာကြောင့် ရဲတွေက မဖမ်းဆီးခဲ့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပိုက်ဆံပေးရပြီး ပြန်မလွတ်တာကြောင့် မိသားစုဝင်တွေက မကျေနပ်တဲ့အပေါ် ရဲတွေဘက်က တောင်ကြီးကရဲတွေလာစစ်တာဖြစ်လို့ ဘာမှမတတ်နိုင်ကြောင်းသာ ပြောခဲ့ပြီး မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၈ နာရီမှာတရားရုံးကို ပြန်လာကြဖို့ ခေါ်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီလေးကောင်ဂျင် လောင်းကစားဝိုင်းကို လွန်ခဲ့တဲ့ ၂ လခန့်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကို ဖိတ်ကြားကာ လိုင်းကြေးသွင်းပြီး ဖွင့်ထားတာလို့ စုံစမ်းသိရှိရပါတယ်။

CJ – 001

#MeKongNews

#ပင်းတယ

#လောင်းကစား

#ရဲ

#လေးကောင်ဂျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ နောင်ရင်းဒုံကျေးရွာအနီး မိုင်းနင်းမိလို့ ရွာသားတစ်ဦး ခြေပြတ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းဒုံကျေးရွာအနီး တွင် မနေ့ မေလ ၈ ရက်က မြေမြုပ်မိုင်းနင်းမိလို့ ရွာသား ၁ ဦးခြေပြတ်ဒဏ်ရာ ရရှိသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မိုးမောက်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ထဲ မနေ့ မေ ၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲသွား နေအိမ်တချို့မီး ထပ်လောင်ကျွမ်းသွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

Non-CDM အမျိုးသားဝန်ထမ်းတွေကို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကြောင့် ကလောမြို့ကဌာနဆိုင်ရာ ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်နေ

ကလောမြို့နယ်တွင်း ဌာနဆိုင်ရာ အသီးသီးက ရာထူးကြီးပိုင်း ဝန်ထမ်းတွေဟာ အောက်ခြေဝန်ထမ်းတွေကို အသိမပေးဘဲ စစ်ကောင်စီကို စစ်မှုထမ်းစာရင်း ပေးထားတာကြောင့် အမျိုးသားဝန်ထမ်းတွေ တိမ်းရှောင်နေတယ် ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now