မြန်မာ့နွေဦး

ညောင်ရွှေမှာ ကျောင်းဆရာမိသားစု ဓားပြတိုက် သတ်ဖြတ်ခံရ၊ မိခင် အသက်ပေး ကာကွယ်လို့ ကလေးငယ် ထွက်ပြေး လွတ်မြောက်

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ မိသားစု ဇူလိုင်လ ၁၂ ရက်၊ ညပိုင်းက ဓားပြတိုက် သတ်ဖြတ်ခံရပြီး မိခင်ဖြစ်သူ အသက်ပေး ကာကွယ်လို့ ကလေးငယ် တစ်ဦးသာ လွတ်မြောက်သွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ နေထိုင်တဲ့ ကျောင်းဆရာ မိသားစု ဇူလိုင်လ ၁၂ ရက်၊ ညပိုင်းက ဓားပြတိုက် သတ်ဖြတ်ခံရပြီး မိခင်ဖြစ်သူ အသက်ပေး ကာကွယ်လို့ ကလေးငယ် တစ်ဦးသာ လွတ်မြောက်သွားတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ရေတွင်းကြီးကျေးရွာမှာ နေထိုင်တဲ့ ကျောင်းဆရာရဲ့ နေအိမ်ကို လူတစ်စုက ကြယ်ဝယ်ဖို့ဆိုပြီး လာရောက် မေးမြန်းကာ ဓားပြဝင်တိုက်ပြီး သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“ ဖြစ်တာက ဇူလိုင်လ ၁၂ ရက် ည ၇ နာရီလောက်ကပဲ။ ဓားပြတိုက် သတ်ဖြတ်ခံရတာ ကျောင်းဆရာပါ။ သူ့မိန်းမက အိမ်မှာ အိမ်ဆိုင်လေး ဖွင့်ထားတယ်။ အဲ့အချိန် သူ့အိမ်မှာက သူ့မိန်းမရယ်၊ သူ့သမီးငယ် ရယ်ရှိတယ်။ ကြက်ဝယ်ဖို့ဆိုပြီး ရောက်လာတာ။ နဂိုကတည်းက အကြံအစည် ရှိတာလား မသိဘူး။ ကျောင်းဆရာနဲ့ သူ့မိန်းမကိုပါ သတ်သွားတယ်။ ကလေးကိုပါ အစဖျောက်ဖို့ လုပ်ပေမဲ့ မိန်းမဖြစ်သူက ကာပြီး ပြေးခိုင်းလို့ လွတ်သွားတာ” လို့ သူကရှင်းပြပါတယ်။

လွတ်မြောက်လာတဲ့ သမီးငယ်ဟာ ဒုတိယတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူဖြစ်ပြီး မိခင်ဖြစ်သူ အသက်ပေး ကာကွယ်မှုကြောင့် ထွက်ပြေး လွတ်မြောက်သွားကာ ရွာတောင်ပိုင်းမှာရှိတဲ့ ဦးလေးဖြစ်သူထံ ဘေးကင်းစွာ ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ ကလေးငယ်ရဲ့ ပြောပြချက်အရ ဦးလေးဖြစ်သူနဲ့ ရွာသားတစ်ချို့ ချက်ချင်း သွားရောက် ပေမဲ့ ရောက်ရှိချိန်မှာ ကျောင်းဆရာ လင်မယားရဲ့ အလောင်းသာ တွေ့ရပြီး ငွေကျပ်သိန်း ၅၀ ခန့်ကို ဓားပြတွေ ယူဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဓားပြတိုက် သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာ နေအိမ်ဟာ ရေတွင်းကြီးကျေးရွာရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကြား အလယ်မှာ ရှိပေမဲ့ ဓားပြတွေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးငယ်ကို ဦးလေးဖြစ်သူ မိသားစုက စောင့်ရှောက်ထားပြီး ဓားပြတွေကိုတော့ ဖမ်းမမိသေးဘူးလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

MK-007

#MekongNews

#ညောင်ရွှေမြို့နယ်

#ဓားပြတိုက်

#ရေတွင်းကြီးကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now