မြန်မာ့နွေဦး

နမ့်ဖတ်ကာ အခြေစိုက် စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီး နားဖိုင်ရွာထဲ ပေါက်ကွဲလို့ အမျိုးသမီးငယ် ဒဏ်ရာရ

မဲခေါင် 10 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၀ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အခြေစိုက် ခမရ (၁၂၃) တပ်က ဇူလိုင်လ ၉ ရက်နေ့၊ ညနေ ၆ နာရီခွဲ ကျော်ခန့်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အူရာဘွမ်ကောင်းလိမ်ကျေးရွာအုပ်စု၊ နားဖိုင်ရွာထဲ ကျရောက် ပေါက်ကွဲလို့ အမျိုးသမီးငယ် တစ်ဦး ထိမှန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အခြေစိုက် ခမရ (၁၂၃) တပ်က ဇူလိုင်လ ၉ ရက်နေ့၊ ညနေ ၆ နာရီခွဲ ကျော်ခန့်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ရာ အူရာဘွမ်ကောင်းလိမ်ကျေးရွာအုပ်စု၊ နားဖိုင်ရွာထဲ ကျရောက် ပေါက်ကွဲလို့ အမျိုးသမီးငယ် တစ်ဦး ထိမှန် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ည ၆ နာရီခွဲကျော်ခန့်မှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ၄ လုံး ရွာထဲနဲ့ ရွာပြင်မှာ ကျရောက် ပေါက်ကွဲတာလို့ ဆိုပါတယ်။

“ နမ့်ဖတ်ကာ (၁၂၃) တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နားဖိုင်ရွာက ဦးလဒိန်အောင် ရဲ့ အိမ်မှာ လာကျတယ်။ သူ့သမီး ထိခိုက် ဒဏ်ရာရသွားတယ်။ ခိုမုန်း ကနေ ၃ မိုင်လောက်ဝေးတယ်။ အရှေ့ဘက်ပေါ့” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။၊

အဲဒီ ရွာအတွင်း နေအိမ်ထဲမှာ ရှိနေတဲ့ မဘောက်ဆန် ရဲ့ ခန္ဓာကိုယ် အနှံ့ ကျည်စတွေ ထိသွားပြီး ညီမ ဖြစ်သူလည်း ထိတယ်လို့ သူက ပြောပါတယ်။

“ နမ့်ဖတ်ကာ (၁၂၃) တပ်ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျည် နမ့်ဖတ်ကာ နားဖိုင်ရွာရှိ စာသင်ကျောင်း အနီးမှာလည်း အိမ်တစ်လုံး ထိသွားတယ်။ ကလေး တစ်ယောက်ရှိတဲ့ အမျိုးသမီးကိုလည်း နဖူး၊ လက်နဲ့ ခြေထောက်တွေမှာ ထိသွားတယ်။ ဒဏ်ရာတော့ အရမ်းမပြင်းဘူး” လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ လူနာကို လူမှုကူညီရေးအသင်းရဲ့ အကူအညီနဲ့ ဒီနေ့မှ ဆေးခန်းကို ပို့ဆောင်နိုင်ခဲ့ကာ လက်ရှိ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုကြောင့် အနီးနားရှိ ရွာတွေမှာ ကျရောက် ပေါက်ကွဲကာ ထိခိုက် ဒဏ်ရာရသူတွေအပြင် နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များနဲ့ မြောက်ပိုင်းညီနောင်တွေဖြစ်တဲ့ ကိုးကန့် MNDAAm ၊ TNLA ၊ KIA နဲ့ PDF တို့ လှုပ်ရှားနေပါတယ်။

Photo-Crd
CJ-008

#MekongNews

#နမ့်ဖတ်ကာ

#ခမရ(၁၂၃)

#လက်နက်ကြီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now