မြန်မာ့နွေဦး

ဖယ်ခုံမြို့နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးပြီး တင့်ဖျက်မိုင်းနဲ့ လက်နက်တွေရ

မဲခေါင် 14 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကျေးရွာတွေမှာ ဇွန်၊ ဇူလိုင်လ အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး တင့်ဖျက်မိုင်း အပါအဝင် လက်နက်တွေ ရခဲ့တယ်လို့ Karenni Revolution Union – KRU က ဒီနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ခြမ်းကျေးရွာတွေမှာ ဇွန်၊ ဇူလိုင်လ အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးပြီး တင့်ဖျက်မိုင်း အပါအဝင် လက်နက်တွေ ရခဲ့တယ်လို့ Karenni Revolution Union – KRU က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖယ်ခုံ အနောက်ခြမ်း၊ ခေါင်းအိနဲ့ စက်တော်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ PKPDF-1002 တပ်ရင်းတို့ ၂ လအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားရာ စစ်တပ်ဘက်က ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေကို PKPDF နဲ့အတူ KRY၊ SSDF (ရှမ်းတောင်ဒရုန်းတပ်ဖွဲ့)၊ LKPDF နဲ့ ရှမ်းတောင် တပ်ပေါင်းစုအဖွဲ့ (1003၊ 1005၊ 1008၊ 1009-IPDF)၊ SSLRU နဲ့ NPT ပကဖ စတဲ့ ညီအစ်ကို တပ်ရင်းတွေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဖယ်ခုံ PDF က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရ ရဲဘော်တွေ ကတော့ လက်ရှိ ဆေးကုသမှု ခံယူလျက်ရှိတယ်လို့ KRU က ဆိုပါတယ်။

တိုက်ပွဲတွေကို စစ်ကောင်စီ ခလရ (၂၄၈) တပ်ရင်းတွေနဲ့ ပျူစောထီးတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး KRU ရဲ့ စာရင်းအရ MG-3 ငါးကြင်းမြီး တစ်လက်၊ MA-3 တစ်လက်၊ တင့်ဖျက်မိုင်း အပါအဝင် ကျည်ခဲယမ်းများ ရရှိခဲ့တယ်လို့ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အတွင်း ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားခဲ့ရဲ့ မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်တွေကို စစ်တပ်က တိုက်လေယာဉ်နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNDF က ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

KRU ဟာ ကရင်နီပြည်နယ်နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ စစ်ကြောင်းတွေခွဲပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

MK-009 MK-007

#MekongNews

#ဖယ်ခုံမြို့နယ်

#တင့်ဖျက်မိုင်း

#KRU

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now