မြန်မာ့နွေဦး

အွန်လိုင်းအလုပ်ခေါ်စာ လျှောက်မိတဲ့ တာလေမြို့ခံ အမျိုးသမီး တရုတ်ဇနီးအဖြစ် ရောင်းစားခံရ

မဲခေါင် 12 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၂ ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ရန်အောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ တရုတ်လူမျိုးတွေဆီမှာ ယွမ်ငွေ ၆ သောင်း( မြန်မာငွေ သိန်း ၂၆၀ ခန့်) နဲ့ ရောင်းစားခံလိုက်ရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၂

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ရန်အောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးဟာ တရုတ်လူမျိုးတွေဆီမှာ ယွမ်ငွေ ၆ သောင်း( မြန်မာငွေ သိန်း ၂၆၀ ခန့်) နဲ့ ရောင်းစားခံလိုက်ရပါတယ်။

အာခါတိုင်းရင်းသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဟာ အွန်လိုင်းအလုပ်ခေါ်စာကနေတဆင့် အလုပ်လျှောက်မိတာကြောင့် တရုတ်နယ်စပ်မှာ ရောင်းစားခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ တရုတ်ရဲတွေရဲ့ အကူအညီကိုရထားပေမယ့် အိမ်ပြန်ဖို့တော့ အခက်တွေ့နေသူ တစ်ဦးဖြစ်ပါတယ်။

သမီးနှစ်ယောက်မိခင်ဖြစ်နေတဲ့ ရောင်းစားခံရသူဟာ သမီးတွေကိုကျောင်းထားဖို့အတွက် အလုပ်မရှိတာကြောင့် တာချီလိတ်အလုပ်အကိုင်ရှာဖွေရေး ဖေ့ဘုတ်လူမှုကွန်ရက်အဖွဲ့တစ်ခုမှာ လားဟူအမျိုးသမီးတစ်ဦးခေါ်ထားတဲ့ အလုပ်ကိုလျှောက်မိရာက အခုနှစ် မေလ ၂၄ ရက်မှာ အကောင့်ပိုင်ရှင် ပွဲစားအမျိုးသမီး မအဲလေနဲ့ ချိတ်ဆက်မိခဲ့တာပါ။

ပွဲစားအမျိုးသမီးက အလုပ်လုပ်မယ့်သူအနေနဲ့ တရုတ်စကားတတ်ပြီး တရုတ်ထမင်းဟင်းချက်တတ်ရင် “ဝ”ဒေသဖြစ်တဲ့ မိုင်းပေါက်မြို့မှာ အလုပ်ရမယ်ဆိုကာ အခုနှစ် မေလ ၂၅ ရက်နေ့မှာ ရောင်းစားခံရသူအမျိုးသမီးရဲ့ အိမ်အထိ လာရောက်ခေါ်ဆောင်သွားခဲ့တာလို့သိရပါတယ်။

“သူလာခေါ်တော့ ဆိုင်ကယ်နဲ့ ကျိုင်းတုံကနေလာတယ်လို့ပြောတယ်ရှင့်။ အဲ့ဒီအချိန်မှာ ကျွန်မက သူ့ရဲ့ မှတ်ပုံတင်တောင်းလိုက်ပြီးတော့ ဓာတ်ပုံရိုက်ယူခဲ့တယ်။ ပြီးတော့ သူတို့အိမ်မှာပဲထိုင်ပြီးစကားပြောကြပြီး ခေါ်သွားတယ်။ ၂၅ ရက်ညတော့ ကျိုင်းတုံကဟိုတယ်မှာတည်းတယ်။ အဲ့ဒီ ရောက်တော့မိုးမချုပ်သေးတာနဲ့ ခေါ်လည်သေးတယ်” လို့ ရောင်းစားခံရတဲ့ အမျိုးသမီးရဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက မဲခေါင်သတင်းကိုပြောပြပါတယ်။

ရောင်းစားခံရသူကို အလုပ်ခေါ်ပွဲစား မအဲလေနဲ့ အပေါင်းအပါ မမွန်ကျောက်၊ ကိုအားဆော့တို့ကနေတဆင့် မိုင်းပေါက်မှာ နောက်ထပ်ပွဲစားတစ်ဦးဆီ လက်ဆင့်ကမ်းထည့်ပေးခဲ့ပြီး အဲ့ဒီကနေတဆင့် စုစုပေါင်း ပွဲစားအဆင့်ဆင့် (၆) ဦးထိ လွှဲပြောင်းခံခဲ့ရတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံထဲက ပွဲစား (၅) ဦးမြောက်ဆီရောက်တဲ့အချိန်မှာမှ ပွဲစား မအဲလေက တရုတ်ယွမ်ငွေ ခြောက်သောင်းနဲ့ ရောင်းသွားတာကို ပွဲစားကနေတဆင့်သိခဲ့ရတယ်လို့ ရောင်းစားခံရသူအမျိုးသမီးကပြောပြပါတယ်။

“အစ်မအတွက်က သုံးသောင်း။ လမ်းစရိတ်က သုံးသောင်း အကုန်လုံးခြောက်သောင်းလို့ပြောတယ်။ ရောင်းစားခံရတဲ့အချိန်မှာ သူတို့စကားပြောင်းသွားတယ်။ တရုတ်မယားလုပ်ရမယ်ပေါ့။ တရုတ်မယားလုပ်ရင် ငွေတွေအများကြီးရမယ်ပေါ့။ အဲ့လိုမျိုးပြောပြီးတော့ ရောင်းလိုက်တယ်။ သူတို့ပိုက်ဆံပေးလိုက်တဲ့ အချိန်မှာလည်း အစ်မက မမြင်ရဘူး” လို့ သူမက ဆိုပါတယ်။

ပွဲစား (၅) ယောက်မြောက် အိမ်မှာပဲ မိမိရဲ့ အိမ်ကိုအဆက်အသွယ်လုပ်ချင်တာကြောင့် အိမ်ရှင်ကိုခွင့်တောင်းပြီး wifi အသုံးပြုကာ ညီမလေးကို ဆက်သွယ်ပြောဆို အကူအညီတောင်းနိုင်ခဲ့တယ်လို့ သူမက ဆက်ပြောပြပါတယ်။

ရောင်းစားခံရသူရဲ့ ညီမဖြစ်သူဟာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရုံးကိုသွားရောက်ကာ အမှုဖွင့်တိုင်တန်းခဲ့ပြီး အဲ့ဒီရုံးကနေတဆင့် တရုတ်ပြည်ရဲတွေကို အဆင့်ဆင့်ချိတ်ဆက်ထားခဲ့တယ်လို့ သိရပါတယ်။

အမှုဖွင့်တိုင်တန်းပြီး တစ်ပတ်ခန့်အကြာမှာ အစ်မဖြစ်သူဆီကနေ တရုတ်ပြည်မကြီးဆီကို အပို့ခံရတော့မယ်လို့ ငိုပြီးပြောဆိုလာတာကြောင့် ရုံးကိုထပ်စောင့်မနေတော့ဘဲ မိုင်းဖြတ်မှာရှိတဲ့ လက်နက်ကိုင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို အကူအညီလှမ်းတောင်းခဲ့ရာ အဆိုပါ ပြည်သူ့စစ်ခေါင်းဆောင်က အစ်မဖြစ်သူရောက်နေတဲ့မြို့က တရုတ်ပြည်ရဲတွေဆီကို we chat နဲ့ ဆက်သွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မတို့ အဲ့ဒီလက်နက်ကိုင် ပြည်သူ့စစ်ခေါင်းဆောင်ဆီရောက်တာ ည ကိုးနာရီခွဲလောက်မှ ရောက်သွားတာ။ ည ၁၁ နာရီခွဲကျတော့ အစ်မကို တရုတ်ရဲတွေက သွားပြီးကယ်ထုတ်လိုက်တယ်ရှင့်” လို့ ရောင်းစားခံရသူရဲ့ ညီမဖြစ်သူက ပြောပြပါတယ်။

ညီမဖြစ်သူရဲ့ ချိတ်ဆက်အကူအညီတောင်းခံမှုကြောင့် သူမရောက်ရှိနေတဲ့ဒေသက တရုတ်အစိုးရရဲတွေနဲ့ချိတ်ဆက်မိခဲ့ပြီး ပွဲစား (၆) ဦးမြောက်ဆီအရောက်မှာ အဆင့်ဆင့်ရောင်းစားသူတွေလက်ကနေ လွတ်မြောက်လာခဲ့တယ်လို့သိရပါတယ်။

အစ်မဖြစ်သူနဲ့အတူတူတွေ့ရတဲ့ ၆ ဦးမြောက်ပွဲစားကိုတော့ တရုတ်ရဲတွေက လက်ထိပ်နဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရောင်းစားခံရသူဟာ တရုတ်ရဲတွေရဲ့အကူအညီနဲ့ လန်းချားမြို့က တရုတ်သူဌေးတစ်ယောက်ရဲ့အိမ်မှာ အိမ်သန့်ရှင်းရေးနဲ့ ကားရေဆေးတဲ့ အလုပ်တွေကိုကူညီလုပ်ကိုင်ပေးရင်း နေထိုင်နေရတာဖြစ်ပါတယ်။

အဆိုပါ တရုတ်သူဌေးအိမ်မှာ အခကြေးငွေမရဘဲ နေရတာဖြစ်ပြီး သူဌေးလင်မယားခရီးသွားချိန်မှာ သူဌေးရဲ့ သမီးနဲ့ အမေက ဆဲဆိုကြိမ်းမောင်းတာ၊ တရုတ်ရဲဆီပြန်ပို့မယ်လို့ပြောတာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

“ရဲတွေလာတာတော့ ပြန်မပို့ဘူး၊ ဒီမှာပဲ ကောင်းကောင်းမွန်မွန်ဆက်နေလို့ပဲပြောခဲ့တယ်။ သူတို့ထက်ကြီးတဲ့လူ ရှိသေးလို့ စာတွေဘာတွေရေးတင်ရဦးမှာ အဲ့လိုမျိုးပြောတယ်။ ဘယ်လောက်ကြာမယ်ဆိုတာလည်းမပြောဘူး။ အနည်းဆုံး တစ်လကျော်ကျော် နှစ်လလောက်ဆက်နေရမယ့် ပုံပေါက်နေတယ်။ ပြန်ပို့မယ့်အချိန်ရောက်ရင်တော့ ပြန်လာခေါ်မယ်ပြောတယ်” လို့ ရောင်းစားခံရသူအမျိုးသမီးက ဆိုပါတယ်။

အွန်လိုင်းကနေအလုပ်ခေါ်ပြီး လူကုန်ကူးခဲ့တဲ့ ပွဲစား မအဲလေ ကိုတော့ လက်ရှိကျိုင်းတုံရဲစခန်းမှာ သူမရဲ့ အပေါင်းအပါ မမွန်ကျောက်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုအားဆော့ကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲလို့ သိရပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ အမျိုးသမီးတွေဟာ အလုပ်အကိုင်ရှားပါးတာနဲ့ ပညာမတတ်တာတွေကြောင့် အလုပ်အကိုင်ရှာဖွေရင်း တရုတ်နိုင်ငံဘက်ကို လူကုန်ကူးရောင်းစားခံရလေ့ရှိပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ကနေ “ဝ”ဒေသ၊ မိုင်းပေါက်သို့ အလုပ်လုပ်ရန်သွားတဲ့ အသက် ၂၀ ကျော်အမျိုးသမီး ၂ ဦးထဲမှ အသက် ၂၄ နှစ်အရွယ် မဆမ်မောနီ ဆိုသူအမျိုးသမီးဟာလည်း ယခုနှစ် ဇူလိုင် ၈ ရက်နေ့တည်းက မိဘတွေနဲ့ အဆက်အသွယ်ပြတ်တောက် သွားခဲ့ပါတယ်။

အဆိုပါပျောက်ဆုံးသွားတဲ့ အမျိုးသမီးဟာလည်း မိုင်းပေါက်မြို့မှာရှိတဲ့ လောင်းကစားဂိမ်းခုံမှာ အလုပ်လုပ်ဖို့ အသိတွေက ခေါ်တဲ့အတွက် သွားရောက်ရာမှ ပျောက်ဆုံးနေခြင်း ဖြစ်ပါတယ်။

MK – 009

#MeKongNews

#တာလေမြို့ခံ

#တရုတ်ဇနီး

#မိုင်းပေါက်

#တာချီလိတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံးပျက်စီးခဲ့ပြီး အမိုးတွေ ပျက်စီးကုန်လို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now