မြန်မာ့နွေဦး

တာချီလိတ်မှာ နာမည်ကြီး KTV ၅ ခု ပိတ်သိမ်းခံရ

မဲခေါင် 7 Jul - 2023
မဲခေါင်၊ ဇူလိုင် ၇ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဇူလိုင်လ ၆ ရက်၊ နေ့လယ်ပိုင်းက နာမည်ကြီး KTV ၆ ခုကို ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးပြီး သတ်မှတ်စည်းကမ်းချက်များ မလိုက်နာလို့ဆိုကာ KTV ၅ ခုကို ယာယီ ပိတ်ခိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၇

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ဇူလိုင်လ ၆ ရက်၊ နေ့လယ်ပိုင်းက နာမည်ကြီး KTV ၆ ခုကို ပူးပေါင်းအဖွဲ့က ဝင်ရောက် စစ်ဆေးပြီး သတ်မှတ်စည်းကမ်းချက်များ မလိုက်နာလို့ဆိုကာ KTV ၅ ခုကို ယာယီ ပိတ်ခိုင်းလိုက်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဝင်ရောက် စစ်ဆေးတဲ့ KTV ၆ ဆိုင်အနက် ဝိန်းကျောက် ရပ်ကွက်ရှိ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ ဟိုတယ်တာချီလိတ်ရှိ DAT Bar & KTV နဲ့ ခမရ (၃၃၁) တပ်အနီးရှိ Harry Potter KTV စတဲ့ KTV ၅ ဆိုင်ကို ယာယီ ပိတ်ခိုင်းထားတာ ဖြစ်ပါတယ်။

“ အားလုံး ဆိုင် ၆ ဆိုင်ကို ပူးပေါင်းအဖွဲ့တွေ ဝင်ပြီးစစ်တာ။ ဆိုင် ၅ ဆိုင်ကတော့ လိုအပ်ချက်တွေ မပြည့်စုံလို့ ခဏ ပိတ်ခိုင်းထားတဲ့ သဘောပါပဲ။ ကျန်တဲ့ KTV တစ်ဆိုင်ကိုတော့ လိုက်နာရန် လိုအပ်ချက်များ ရှိနေလို့ သတိပေးသွားတယ်။ စာရွက်စာတန်း ပြည့်စုံရင်တော့ ပြန်ဖွင့်ခွင့်ရမှာပါ” လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

အဆိုပါ KTV တွေ သတ်မှတ် စည်းကမ်းချက်များ လိုက်နာမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပြီး 1G1 KTV ကိုတော့ လိုက်နာမှု အားနည်းတယ်လို့ သတိပေးကာ ဆက်လက်ဖွင့်ခွင့် ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အရက်ဘီယာ ရောင်းချရာမှာ ယစ်မျိုးလိုင်စင် ရှိ၊ မရှိနဲ့ KTV၊ Night Club Bar နဲ့ Unplugged စားသောက်ဆိုင်များ သတ်မှတ် စည်းကမ်း လိုက်နာမှု ရှိမရှိ စစ်ဆေးနေတယ်လို့ စစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

MK-005

#MekongNews

#တာချီလိတ်

#KTV

#ယစ်မျိုးလိုင်စင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်က ကုန်စုံဆိုင်တွေကို အခွန်ဆောင်ဖို့ SSPP တပ်ဖွဲ့က အခွန်စာရွက်လာပေး

ရှမ်းမြောက် မူဆယ်မြို့နယ်က စွမ်စော်ရပ်ကွက် ကုန်စုံဆိုင်အများစုဟာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကအခွန်ဆောင်ဖို့ အခွန်စာရွက်တွေကို ကုန်စုံဆိုင်သို့ လာပေးနေတယ်လို့ မူဆယ်မြို့ခံတွေကဆိုပါတယ်။
မြန်မာ့နွေဦး

အင်းလေး PDFမှာ တပ်သားသစ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်မှုတွေရှိနေ

ကယား(ကရင်နီ)ပြည် အခြေစိုက် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် - ၁၁၀၉ (IPDF)မှာ အသစ်ရောက်လာတဲ့ တပ်သားဦးရေ ၂၀၀ ကျော်အတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပန်မြို့က စစ်ကောင်စီအဆောက်အဦတွေကို လုပ်ငန်းရှင်တွေထံ UWSA ပြန်ငှား

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်က အစိုးရဌာနဆိုင်ရာ အဆောက်အဦးတွေကို UWSA (“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မဝောာ်) က လုပ်ငန်းရှင်‌တွေကို ငှားရမ်းပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပအိုဝ်းဒေသတွင်းတိုက်ပွဲက တင်ပါးဒဏ်ရာရနေတဲ့ ခရိုနီ နေဝင်းထွန်းကို PNA က ဒုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်

စစ်ကောင်စီ လက်အောက်ခံ PNO/PNA ပြည်သူ့စစ်ရဲ့ ဒုစစ်ဦးစီးချုပ်အဖြစ် ခရိုနီ နေဝင်းထွန်းကို ခန့်အပ်ခဲ့တယ်လို့ အထူးဒေသ(၆) ရဲ့ မေလ ၈ ရက်နေ့စွဲပါ ထုတ်ပြန်စာအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ နှိပ်စက် ဖမ်းဆီးထောင်ချခဲ့တဲ့ ဖယ်ခုံဒေသခံတွေ ထောင်မှ ပြန်လွတ်လာ

၂၀၂၁ ခုနှစ် တိုက်ပွဲကာလအတွင်း နေအိမ်စောင့်နေတဲ့ ရွာသားတွေကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးနှိပ်စက် ထောင်ချခဲ့သူတွေကို မေလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မဲလက်မှတ် လိမ်လည်ရောင်းတဲ့သူကို ကျည်ဆန်နဲ့ အမည်ပါစာရွက်ပေးပို့ပြီး SSF ကသတိပေး

အိမ်၊ ခြံ၊ မြေမဲဖေါက်ပေးမယ်ဆိုပြီး လိမ်လည်ပြီး မဲလက်မှတ်တွေ ရောင်းချတဲ့ စစ်ကောင်စီဒလန်ကို ရှမ်းတောင်အထူးတပ်ဖွဲ့(Southen Special Force-SSF) က သတိပေးစာထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒီးမော့ဆိုမှာ ပညာရေးအခွင့်အလမ်းဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယား (ကရင်နီပြည်) ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နဲ့ The Present Team တို့ ပူးပေါင်းပြီး အခမဲ့ ကွန်ပျူတာသင်တန်းပေးနေတာမှာ ဒီနေ့ မေ ၁၀ ရက် နေ့မှာတော့ အပတ်စဉ် (၃)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ ၂ ဦး ပြင်းထန်ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now