မြန်မာ့နွေဦး

မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မိုးဗြဲ PDF အသိပေး

မဲခေါင် 5 Jul - 2023
မဲခေါင်၊ ဇူလိုင် ၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မိုးဗြဲ PDF ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၅ ရက်မှာ အသိပေး ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ မိုးဗြဲ PDF ရဲဘော် တစ်ဦးက မဲခေါင်သတင်းဌာနကို ဒီကနေ့ ဇူလိုင်လ ၅ ရက်မှာ အသိပေး ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက မိုးဗြဲဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ တိုက်ပွဲ သတင်းတွေ အချိန်နဲ့ တစ်ပြေးညီ အသိမပေးနိုင်တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“စဖြစ်ကတည်းက အခုထိ မငြိမ်သေးပါဘူး။ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပါပဲ။ အရင်လို အချိန်နဲ့ တစ်ပြေးညီတော့ မသိရတော့ဘူး။ တိုက်ပွဲက ကြာလာတော့ နောက်တန်းက ရဲဘော်တွေနဲ့ ရှေ့တန်းက ရဲဘော်တွေ ခဏပြန်လဲတဲ့ အချိန်မှာ ပြန်ကြားရတာပေါ့။ ဒါတောင် အရင်လို မသိတော့ဘူး။ သူနေခဲ့တဲ့ နေရာဝန်းကျင်ကဟာပဲ သိနိုင်တော့တယ်လေ။ အိုင်ကွန်တွေရှိတော့ တိုက်ပွဲအတွင်း ရဲဘော်တွေကတော့ အဆက်အသွယ် ထိခိုက်တာမျိုးတော့ မရှိပါဘူး” လို့ သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် လူနေအိမ်တွေမှာ တပ်ဖြန့်တပ်စွဲထားပြီး ပြည်သူပိုင် ပစ္စည်းတွေ ခိုးယူနေသလို မသယ်နိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ မိုးဗြဲ PDF ရဲဘော် တစ်ဦးက ပြောပါတယ်။

“သူတို့ အိမ်တွေထဲ တပ်စွဲတယ်။ ပြီးရင် ပြည်သူတွေ ပစ္စည်းတွေကို ရသ‌လောက်ယူတယ်။ မသယ်နိုင်တဲ့ ဟာတွေဆိုရင် အကုန်ဖျက်ဆီး ပစ်ခဲ့တာ။ အိမ်ပေါ်မှာလည်း ရှုပ်ပွ ပျက်စီးနေတာပဲ” လို့ သူကဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်သား ထိခိုက် သေဆုံးတာတွေ မျက်မြင်တွေ့ရပေမဲ့ အနီးကပ် ကြည့်တာ၊ လက်နက် ကောက်တာတွေကိုတော့ မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း မိုးဗြဲ (၄၂၂) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေပြီး ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ ထိခိုက်မှု မရှိပေမဲ့ နေအိမ်တစ်ချို့ ပျက်စီးသွားတယ်လို့ PDF တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက နေအိမ် အခြေအနေ ပြန်လာကြည့်တဲ့ ပြည်သူတွေ၊ ရိက္ခာလာယူတဲ့ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ရာမှာ ဇွန်လ တစ်လ အတွင်း ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် စစ်ရေးသတင်း မထုတ်ပြန်တာကို တိုက်ပွဲတွေ ငြိမ်နေတယ်ဆိုပြီး နေအိမ်ပြန်လာတာ၊ ရိက္ခာပြန်ယူတာတွေ လုံး၀ မပြုလုပ်ဖို့ မိုးဗြဲ PDF က မေတ္တာရပ်ခံ ထားပါတယ်။

MK-007

#MekongNews

#မိုးဗြဲမြို့

#PDF

#(၄၂၂)တပ်ရင်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now