မြန်မာ့နွေဦး

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသားတစ်ဦးကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရတဲ့အထိ ဝိုင်းရိုက်

မဲခေါင် 3 Jul - 2023
မဲခေါင် ၊ ဇူလိုင် ၃ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ဝိုင်းရိုက်နှက်နှိပ်စက်လို့ ရပ်စောက်မြို့နယ် ဒေသခံတစ်ဦး ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှု ဇူလိုင် ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

မဲခေါင် ၊ ဇူလိုင် ၃

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေက ဝိုင်းရိုက်နှက်နှိပ်စက်လို့ ရပ်စောက်မြို့နယ် ဒေသခံတစ်ဦး ဦးခေါင်းဒဏ်ရာပြင်းထန်စွာ ရရှိခဲ့မှု ဇူလိုင် ၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်တန်းကျေးရွာနေ ဒေသခံတစ်ဦးဟာ ဇူလိုင် ၂ ရက်နေ့မှာ ဆတ်သေကျေးရွာမှာရှိတဲ့ အမျိုးဆီသွားလည်ပြီးအပြန်မှာ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် သုံးဦးနဲ့တွေ့ပြီး ရိုက်နှက်ခံခဲ့ရတာဖြစ်ပါတယ်။

“ဆတ်သေကနေရွာကိုပြန်လာတာ ရောက်ခါနီးမှာ ဆိုင်ကယ်က ပျက်သွားတော့ ဆိုင်ကယ်နားထိုင်နေတုန်း PNO တွေနဲ့ တွေ့ပြီး အရိုက်ခံရတာဗျ။ ခေါင်းတွေကို သေနတ်ဒင်တွေနဲ့ ရိုက်တယ်။ မျက်ခုံးဆို ကွဲသွားတယ်ဗျ” လို့ ဖြစ်စဉ်ကို သိရှိတဲ့ ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးကပြောပါတယ်။

အရိုက်ခံရတဲ့ ဒေသခံဟာ ကျောက်တန်းကျေးရွာနေ ခွန်တနစ် အသက် ၄၆ နှစ်ဖြစ်ပြီး ဒဏ်ရာပြင်းလို့ ပင်ဖြစ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သူကပြောပါတယ်။

PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ခွန်တနစ်ကို စစ်ဆေးမေးမြန်းတာ မရှိပဲ တွေ့တာနဲ့ သေနတ်တွေနဲ့ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဒီဘက်က PNO ပြည်သူ့စစ်တွေ အဲ့လိုလုပ်တာ ခဏခဏပဲဗျ။ ဗိုလ်လေးအောင်သိန်းတို့အဖွဲ့တွေလေ။ သူတို့က လကုန်ခါနီးတွေဆို ပိုလုပ်တယ်။ မူးယစ်ဆေးဝါးသမားလို့စွပ်စွဲပြီး ဖမ်းတယ် ပြီးရင် ငွေတောင်းစားတယ်လေ။ လူထုတွေက သူတို့ကို တအားရွံနေကြပြီ။ သေနတ်ကြောက်လို့ ပြန်မပြောရဲတာပဲရှိတယ်”လို့ ရပ်စောက်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး PNO ပြည်သူ့စစ် ကွပ်ကဲရေးမှူး ခွန်မြင့်အောင်ကို ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ဒေသခံတွေဟာ PNO ပြည်သူ့စစ် နှိပ်စက်တဲ့ဒဏ်ကို ကြောက်တဲ့အတွက် အမှုမဖွင့်ရဲတဲ့အပြင် ဘယ်လို ဖြေရှင်းရမယ်ဆိုတာကိုလည်း မသိသေးဘူးလို့ သူကဆက်ပြောပါတယ်။ ကျောက်တန်းကျေးရွာဟာ ရပ်စောက်မြို့နယ် ပင်ဖြစ် နဲ့ ဆတ်သေကျေးရွာကြားမှာ ရှိတဲ့ ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ခန့်ရှိပါတယ်။

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်နဲ့ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ ၊ လူငယ်တွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ် ငွေညှစ်တာတွေ ပြုလုပ်နေတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီဘက်တော်သား ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။

CJ-002

#MeKongNews

#PNO

#စစ်ကောင်စီ

#ရပ်စောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now