ဆောင်းပါး

ဒုစရိုက်မြို့တော် ရွှေကုက္ကိုလ်က နိစ္စဓူဝဘ၀များ

မဲခေါင် 4 Jun - 2023
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အစွန်ဘက်မှာရှိတဲ့ ရွှေကုက္ကိုလ်မြို့သစ်ကြီးဆိုတာ ဒုစရိုက်မြို့တော်ကြီးမှန်း ဒီနေ့ လူတိုင်းလိုလို သိနေကြပါပြီ။

ဒါလည်း မြန်မာ၊ ထိုင်း၊ အာဆီယံ အိမ်နီးချင်းနိုင်ငံသားတွေသာမက အာဖရိကနဲ့ ဥရောပက လူတွေအထိပါ ဒီအန္တရာယ်ဇုန်ကြီးထဲကို ဆက်လက်တိုးဝင်နေကြတဲ့အဖြစ်ကတော့ ဘာပြောလို့ ပြောရ မှန်းမသိ။ မီးထဲ တိုးတဲ့ ပိုးဖလံတွေလိုအဖြစ်။

အသက်ကိုပါ စွန့်စားရင်းနှီးလိုက်ရတာမျိုးမှန်း သိကြလည်း ကျပ်တည်းလာတဲ့စားဝတ်နေရေးနဲ့မိသားစုဘဝတွေမှာ တခြားရွေးစရာမရှိကြတော့ ပိုးဖလံဘဝတွေ ရောက်ကြရ တာပေါ့။ ဒီမြို့တော်ကြီးထဲ အွန်လိုင်းလောင်းကစားကွန်ရက်မှာ အလုပ်လုပ်သူနဲ့ အွန်လိုင်းကနေ ကမ္ဘာပတ်ငွေလိမ်ရတဲ့ Scammer လုပ်သူ မြန်မာလူငယ်နှစ်ယောက်ရဲ့ ဖွင့်ဟမှုကို တင်ဆက်ပေးပါမယ်။

ပထမတစ်ယောက်နာမည်က ကိုထက် (အမည်လွှဲ)။ နေ့တိုင်း အခန်းထဲမနက် ၇ နာရီမြည်တဲ့ နှိုးစက်သံနဲ့ စက်ရုပ်တစ်ရုပ်အလား တခြားသူတွေအားလုံးနည်းတူ အိပ်ယာထရတယ်။ အခန်းက ၁၈ ပေကျယ်တယ်။ ကိုထက်အပြင် တခြား ၅ ယောက်နဲ့အတူနေထိုင်ရတယ်။ တစ်ပေါက်တည်းရှိတဲ့ ပြတင်းပေါက်က အပြင်ကနေ တိတ်အနက်တွေနဲ့ ပိတ် ထားလို့ မနက်ခင်းလင်းရောင်ခြည်ဆိုတာ ဝိုးတဝါးပဲ မြင်နိုင်တယ်။

“ကျွန်တော်တို့အခန်းတွေက ထောင်အခန်းတွေလိုပဲ အပြင်က သောခတ်ပိတ်ထားတယ်။ တစ်ခုတည်းသော ခြားနားချက်က အဲယားကွန်းရှိနေတာပဲ”

အိပ်ယာနိုးတာနဲ့ အလုအယက်လုပ်ကြရတာက ရေချိုးခန်းနဲ့ အိမ်သာလုရတာပဲ။ မနက်စာက ၈ နာရီခွဲကနေ ၉ နာရီခွဲအထိပဲ ကျွေးတော့ မမီရင် အလုပ်ကို ဘာမှမစားရဘဲ သွားရတာ။ အခြေခံမနက်စာက ထမင်း၊ ကြက်ဥ၊ ပေါင်မုန့်နဲ့ ကော်ဖီ။ ထမင်းစားခန်းထဲ မနက်ဆို ထောင်လိုအကျဉ်းခန်းတွေထဲက ထွက်လာစားသူပေါင်း ၃၀၀ ကျော်ရှိတယ်။ အာရှက ဘာသာမတူတဲ့စကားပြောသူတွေ တီးတိုးစကားပြောရင်း ခပ်တိုးတိုးတိတ်တိတ် စား သောက်ကြရတယ်။

“နေ့လည်စာစားချိန်မှာတော့ စကားပြောနေကြသူတွေရဲ့ အသံနားထောင်မိတော့မှ အားလုံးက မြန်မာတွေ မဟုတ်ဘဲ နိုင်ငံခြားသားတွေအများကြီးပါတာ သတိထားမိသွားတယ်။ ထိုင်း၊ ဖိလစ်ပိုင်၊ လာအိုနဲ့ အိမ်နီးချင်းနိုင် ငံတွေကလူတွေ များတယ်။ အလုပ်ချိန်မှာ စကားမပြောရဘူး။ ကိုယ့်အိပ်ခန်းပြန်ရောက်လည်း အခန်းဖော်တွေနဲ့ စကားလက်ဆုံးကျတာမျိုး မလုပ်ရဲကြဘူး။ အခန်းတိုင်းမှာ ကုမ္ပဏီကထည့်ထားတဲ့ စပိုင်တွေပါတယ်ဆိုတာ သိကြတယ်။ ဓာတ်ပုံမရိုက်ရဲဘူး၊ ဖုန်းအသံကျယ်ကျယ်မပြောရဲဘူး။ အရေးတကြီးလိုအပ်တာကို Text နဲ့ စာရိုက် ပြောရတယ်။ ဒါရွှေကုက္ကိုလ်စရောက်စဉ်က အတွေ့အကြုံပါ။ နေရာတကာ စီစီတီဗီတွေတပ်ထားတော့လည်း အားလုံးက ငြိမ်ဝပ်ပြီးနေရတာပဲ” လို့ ကိုထက်က ဆိုတယ်။

ကိုထက်ဟာ ပြီးခဲ့တဲ့ ၂ လကမှ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေကုက္ကိုလ်က Yatai New City ကို စရောက် လာသူပါ။ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ တရုတ်ပြည်ပြေးပိုင် (ခုထိုင်းမှာ ဖမ်းခံထားရ)ဟောင်ကောင်းမှတ်ပုံ တင် Yatai International တို့ ပူးပေါင်းအကျိုးအမြတ်ရှာဖွေမှုအရ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ဒီဒုစရိုက်မြို့ တော်ဟာ တော်တော် ရုပ်လုံကြွပေါ်လွင်နေပါပြီ။

၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ဘေးဆိုက်ကတည်းက ဒီမြို့တော်မှာ အွန်လိုင်းလောင်းကစားကွန်ရက်ကြီး ထပ်ထွန်းကားရောက်ရှိလာတယ်။ လက်ခွဲလုပ်ငန်းက အွန်လိုင်း လူလိမ် (Online Scammer) အလုပ်အဖြစ် ထပ်ချဲ့ထွင်လာတယ်။

မြန်မာမှာတင်မက ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်း ၊ လာအိုနယ်တွေထဲမှာကို ဒီ Scammer လုပ်ငန်းတွေအများအပြားဖြစ်ထွန်းပေါ်ပေါက်လာတာ။ မြဝတီမှာ ဒီလို အလုပ်တွေကို ရွှေကုက္ကိုလ်တစ်ခုတည်းမှာ မဟုတ်ဘဲ သောင်းရင်းမြစ်ကမ်းဘေး မြန်မာဘက်ခြမ်းတလျှောက် မှာရှိတဲ့ တရုတ်ဆိုက်တွေတော်တော်များများမှာလည်း လုပ်နေတာပဲ။

Scammer တွေဘာလုပ်ရသလဲ။ ကမ္ဘာအရပ်ရပ်က လိမ်လို့ရနိုင်မယ်ထင်တဲ့သူတွေကို မိတ်ဆက်၊ အယုံသွင်း၊ ကုမ္ပဏီရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်အထိ ဆပေါင်းများစွာ မြတ်တယ်။ ရှယ်ယာငွေထည့်ပါလို့ သတင်းမှား တွေပေးပြီး ငွေကို ကုမ္ပဏီ အကောင့်ထဲ လွှဲခိုင်းတာ။ လိမ်နည်းက ပေါင်းစုံ။ ရှယ်ယာထည့်ခိုင်းတာရော၊ ချစ်ဟန် ပြပြီး အသားလွတ်ငွေချေးတာရော၊ အမွေလွှဲပေးဖို့ လေယာဉ်တင်ခတောင်းတာမျိုးက အစ စုံလို့။

လိမ်ဖို့ ထားတဲ့ ဝန်ထမ်းတွေက အဆင့်ဆင့်ရှိတယ်။ ပထမဆုံးအဆင့်က Chatting ပြောလို့ရလောက်အောင် မိတ်ဖွဲ့ပြီး Invite လုပ် ရသူတွေ။ စကားပြောဖို့နဲ့ လိမ်နည်း ဗျူဟာတွေက သင်ရိုးညွှန်းတမ်းအမျိုးမျိုးနဲ့ကို တစ်ဆင့်ချင်း၊ လုပ်ငန်းနယ် ပယ်တစ်မျိုးချင်းစီအလိုက်ကို ပရိုဂရမ်ဆွဲ ချပေးထားပြီးသားဖြစ်လို့ တခြားဘာသာစကား မတတ်လည်း ဖော်မြူ လာတွေအတိုင်းသွားရုံပဲ။ တစ်နည်းမရ နောက်ဖော်မြူလာနဲ့ တစ်မျိုးထပ် စည်းရုံးကြတယ်။

စည်းရုံးတဲ့အဆင့်၊ ယုံကြည်စေဖို့ သိမ်းသွင်းတဲ့အဆင့်၊ နောက်ဆုံးငွေလွှဲလက်ခံရယူမယ့်အဆင့် စသဖြင့်အမျိုးမျိုး ခွဲထားပြီး လစာလည်း အဆင့်အလိုက် အနည်းအများကွာတယ်။

လိမ်တဲ့ ငွေ ကုမ္ပဏီထဲ ဝင်သွားတာနဲ့ ဒီအကောင့်တွေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်တာပဲ။ အွန်လိုင်းလောင်းကစားဆိုရင်လည်း အလုပ်လုပ်ပေး တဲ့ ကိုထက်က Scammer လုပ်ငန်းမှာ စိန်ခေါ်မှုများလို့ အွန်လိုင်းလောင်းကစားဘက်ကို ပြောင်းလိုက်တယ်။

Scammer ဆို ဘတ် ၃၀၀၀၀ ရမယ်။ အွန်လိုင်းလောင်းကစားဘက်ပြောင်းတော့ တစ်လ ဘတ် ၂၅၀၀၀ ပဲ ရတယ်။ လောင်းမယ့်သူတွေကို စည်းရုံးအကြံပေးရတယ်။ ငွေသွင်း၊ ငွေထုတ်အလုပ်တွေကို ကိုထက် လုပ်ပေးရ တယ်။

“သေချာတာကတော့ ဒီငွေတွေအားလုံးလိုလိုဟာ ကုမ္ပဏီအကောင့်ထဲကို နောက်ဆုံး ရောက်သွားနေ ကြပဲ ဆိုတာပါ” လို့ ကိုထက်က ရှင်းပြပါတယ်။

ကိုထက် ရွှေကုက္ကိုလ်ကို ဘယ်လိုရောက်လာခဲ့သလဲ။ မြဝတီမြို့က ပွဲစားတစ်ယောက် ချိတ်ဆက်ပေးမှုနဲ့ ရောက် လာတာ။ ကုမ္ပဏီအင်တာဗျူးဖြေခွင့်ရဖို့ ဘတ် ၈၀၀၀ ပေးရတယ်။ သွားလာ နေထိုင်စားရိတ်က ဘတ် ၁၀၀၀ လောက်ထပ်ကုန်ခဲ့တာပေါ့။

မြဝတီကို ဇနီးနဲ့ သားငယ်လေးလည်း အစမှာ လိုက်ပါခဲ့တယ်။ ဇနီးက CDM လုပ်ခဲ့ တော့ လင်မယား ၂ ယောက်စလုံး အလုပ်မရှိတဲ့ ပြဿနာနဲ့ ဝမ်းရေးခက်လို့ ကိုထက်ဟာ ယောက္ခမဆီက ဒီငွေ တွေကို ချေးငှားပြီး ရွှေကုက္ကိုလ်ကို အန္တရာယ်ရှိမှန်းသိသိနဲ့ မျက်စိမှိတ်လာခဲ့တာ။ (ကိုထက်ရဲ့ အရင်အလုပ်နဲ့ နေရပ်ဇာတိကိုတော့ လုံခြုံရေးအခြေအနေအရ မဖော်ပြပါဘူး) အလုပ်ရပြီဆိုမှ ဇနီးနဲ့သားလေးက မွေးရပ်မြေ ပြန်သွားတာ။

“ဒီမြို့ဒီလုပ်ငန်းဟာ အန္တရာယ်များမှန်း သတင်းတွေမှာ ဖတ်မိလို့ သိပြီးသားပါ။ ဒါပေမဲ့ အင်တာဗျူးဖြေအပြီး မှာ ကျွန်တော့်စိတ်ထဲ အလုပ်မရဘဲ အိမ်ပြန်သွားရမှာကို အကြောက်ဆုံးဖြစ်နေခဲ့တာ။ ကြောက်ပေမယ့် မိသားစု ဝမ်းရေးမဖြေရှင်းနိုင်မှာကို ပိုကြောက်နေမိခဲ့တာမျိုးပေါ့။ အင်တာဗျူးအောင်တော့ နောက်နေ့ ရွှေကုက္ကိုလ်မြို့ထဲ လိုက်သွားရတယ်” လို့ ကိုထက်က ဆက်လက်ပြောကြားပါတယ်။

ကိုထက်ဟာ ကုမ္ပဏီနဲ့ ၆ လ စာချုပ်ခဲ့တယ်။ သူတို့လစာကို မိသားစုထံ ကုမ္ပဏီတာဝန်ရှိသူတွေကပဲ KBZPay နဲ့ ပို့ပေးတယ်။ ငွေသားနဲ့လစာရှင်းပေမယ့် လူပေါင်းစုံအတူနေရတဲ့ အခန်းထဲ ငွေတွေများများထားရင် အန္တရာယ် ရှိတာကြောင့် ဒီလို မိသားစုဆီ ငွေလွှဲပေးရတာမျိုး။

ငွေလဲနှုန်းကတော့ အပြင်က ပေါက်ဈေးထက် ကျပ် ၃၀ ၊ ၄၀ လောက် အနစ်နာခံပြီး လွှဲရတယ်။ ငွေလွှဲတိုင်း ဆုံးရှုံးမှုတွေရှိပေမယ့် မကျေနပ် မြို့ပြင် ရွာသွားလဲဆိုတဲ့ တုံ့ပြန် မှုတွေကို တကယ် ရွာသွားလဲဖို့က ကိုထက်တို့လို အလုပ်သမားတွေမှာ အားလပ်ချိန်ကို မရှိဘူး။

“ကျွန်တော်တို့ကို လုံခြုံရေးတင်းကျပ်စွာချထားပြီး မလွတ်တမ်းစောင့်ကြည့်နေကြတာ။ နေတဲ့ ဝန်းထဲလည်း ဓာတ်ပုံရိုက်ခွင့်မပြုဘူး။ အပြင်ကလူတွေနဲ့ ဒီမှာလုပ်နေတဲ့ စီးပွားရေးအကြောင်းလည်း တစ်လုံးမှ မဟဖို့ သတိ ပေးထားတယ်။ မိသားစုကိုတောင် ပြောခွင့်မရှိဘူးလို့ စာချုပ် လက်မှတ်ထိုးခဲ့ရတာ။ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ဖို့ ဖုန်းပေးမသုံးဘူး။ တစ်နေ့လုံး အလုပ်သွားချိန် ဖုန်းတွေကို အိပ်ခန်းထဲ ထားခဲ့ကြရတာပေါ့။ အမှားလုပ်တာနဲ့ စာချုပ်ဖောက်ဖျက်တယ်ဆိုပြီး ထုတ်ခံရမယ်။ ရိုးရိုးထုတ်ခံရတာမဟုတ်ဘူး။ စာချုပ်လက်ကျန်သက်တမ်းမှာ သူတို့ ပေးထားတဲ့ လစာနှုန်းလက်ကျန်ကို ကိုယ့်ဘက်က လျော်နိုင်မှ ထွက်သွားခွင့်ပေးတာမျိုး။ အလုပ်ထွက် ချင်ရင်လည်း ဒီအတိုင်းလျော်ကြေးပေးရတယ်။ ဥပမာ ကျွန်တော့စာချုပ်က ၆ လ။ ၂ လလုပ်ပြီး ထွက်မယ်ဆို လက်ကျန် ၄ လအတွက် ဘတ် ၁၀၀၀၀၀ လျော်ပေးနိုင်မှ ဖြစ်တာ။ ပြီးတော့ သူတို့လိုချင်တဲ့ ပစ်မှတ် ပမာဏ ကို ကိုယ့်ဘက်က လုပ်ပေးနိုင်မှ စာချုပ်အရ တာဝန်ကျေတာမျိုး။ နေ့တိုင်း မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ နေ့လည်စာစားချိန် ၄၅နဲ့ ညနေစာ စားချိန် ၄၅ မိနစ်နှစ်ခါပဲ နားပြီး လုပ်ရတယ်။ တနင်္ဂနွေ နေ့ဝက်ပဲ နားခွင့်ပေးတယ်။ ဘာ အချိန်ပို ကြေးမှ မရှိဘူး။ အလုပ်ပြီးတော့ အားလုံး အိပ်ရုံကတပါး တခြားမရှိတော့ဘူး။ ဒီမြို့ပြင်ကိုလည်း မရောက်ဖူးဘူး” လို့ ကိုထက်က ရှင်းပြသွားခဲ့ပါတယ်။

ကိုထက် ဒီအလုပ်ကို သွားလုပ်ဖြစ်ဖို့ ပထမဆုံး သတင်းသိရတာက သူ့မွေးရပ်ဇာတိတူ မိတ်ဆွေဟောင်း ကိုထူး ဆိုသူဆီကပါ။ ကိုထူးက တရုတ်လိုပြောနိုင်တော့ သူ့သဌေးတရုတ်က ကြိုက်ပြီး Supervisory ရာထူး တိုးပေးတာ ခံရတယ်။ Scammer လုပ်ငန်းမှာ ဒီအဆင့်ဆိုတော့ တစ်လ ဘတ် ၄၀၀၀၀ အထိ ရတယ်။

“လိမ်ဖို့ သားကောင် ပစ်မှတ်ရှာရတဲ့ အဖွဲ့ရှိမယ်။ ပြီးရင် သူတို့နဲ့ Chatting ပြောဖို့လုပ်ရသူတွေက အနိမ့်ဆုံးအလုပ်သမားအဆင့်ပေါ့။ ရာထူးမြင့်လို့ လစာပိုများလည်း ကျွန်တော့်အလုပ်က ကိုထက်တို့အတိုင်းပါပဲ။ ရွှေကုက္ကိုလ်အပြင်ဘက်ကို မနှစ်က မှ တစ်ခါတည်း ထွက်ခဲ့ဖူးတယ်။ အခုလည်း သူဌေးက နောက်တစ်လုပ်မှာ ပြောင်းတာဝန်ပေးထားတယ်။ ကုမ္ပဏီ က ရွှေကုက္ကိုလ်အပြင်ဘက်နားလေးမှာ ဆေးခြောက်စိုက်ခင်း စိုက်ဖို့ စလုပ်နေပြီ။ အပင် ၁၀၀ ကျော် စိုက်ထားပြီး အောင်မြင်ရင် ဧက ၁၀၀ အထိ စိုက်ဖို့ စီမံကိန်းချထားတယ်။ အပြင်သွားရတာရှိပေမယ့် သူဌေးကားနဲ့ပဲ လိုက်ရ လို့ ကိုယ့်ဘာသာ လွတ်လပ်စွာ ဘယ်မှမသွားနိုင်ပါဘူး။ မနှစ်က အလုပ်ထွက်ချင်လို့ မလျော်ဘဲ ထွက်ပြေးတဲ့ အခန်းဖော် မိသွားတော့ ရိုက်နှက်နှိပ်စက်ခံရတယ်။ တခြားနိုင်ငံကပါ။ ကံကောင်းတော့ သူ့အိမ်ကလူတွေနဲ့ ဆက် သွယ်ခွင့်ရပြီး လျော်ကြေးပေးနိုင်လို့ လွှတ်ပေးလိုက်ကြတယ်” လို့ ကိုထိုက်က ဆိုတယ်။

ဒီအစီအမံတွေအားလုံးကို Myanmar Yatai International စီမံခန့်ခွဲမှုအတိုင်းသွားတယ်။ သူတို့နဲ့ BGF တပ်က ဖက်စပ်အကျိုးစီးပွားသဘောတူစာချုပ်ထားတယ်။ မေလအတွင်းကပဲ သူတို့နှစ်ဖွဲ့ပေါင်းပြီး ရွှေကုက္ကိုလ် မှာ သတင်းတွေထွက်ပေါ်သလို ဘာရာဇဝတ်လုပ်ငန်းမှ မရှိကြောင်း၊ လုပ်ကြံဖန်တီးသတင်းမှားတွေပဲဖြစ် ကြောင်း၊ ဒီမြို့ကို ရောက်လာသူတိုင်း တစ်ကိုယ်ရေလွတ်လပ်ခွင့်အပြည့်ရှိတယ်။

လူ့အခွင့်အရေးအပြည့်ရှိတယ်။ အကျပ်ကိုင်ငွေညှစ်တာ၊ ပြန်ပေးဆွဲတာ၊ လူကုန်ကူးတာသူတို့မှာ လုံးဝမရှိဘူးလို့ ပူးတွဲကြေညာချက် ထုတ်ပြန် ခဲ့ပါသေးတယ်။

“ကုမ္ပဏီက အလုပ်သမားတိုင်း လစာဖြတ်ခံရတာ၊ ချုပ်နှောင်ခံရခြင်း၊ ကိုယ်ထိလက်ရောက်စော်ကားခံရခြင်း တွေရှိရင် အမှုဖွင့်တိုင်ကြားနိုင်ကြောင်း နိုင်ငံတကာကိုပါ ထုတ်ပြန်ကြေညာခဲ့တယ်။ ဘယ်သူက စောဒကတက်ရဲ မှာလဲဗျာ” လို့ တရုတ်လူရုံ ကိုထိုက်ကိုယ်တိုင်က ညည်းတွားပြောဆိုသွားပါတယ်။

ည ၁၀ နာရီမှာ အခန်းထဲ နောက်ထပ် အချက်ပေးသံထွက်လာပြန်တယ်။ နေ့တစ်နေ့ရဲ့ အလုပ်ချိန်ပြီးပြီဆိုတဲ့ အချက်ပေးသံ။ ကိုထက်၊ ကိုထိုက်အပါအဝင် တခြားအလုပ်သမားအားလုံး ဒုစရိုက်အလုပ်တွေကို တစ်နေ့လုံး လုပ်အပြီး စိတ်ဆင်းရဲကြီးစွာနဲ့ နွမ်းလျလို့ ကိုယ့်အိပ်ခန်းကိုယ်ပြန်။

တစ်ရက်တာ ဒုတိယမ္ပိ ရေချိုးခြင်းအမှု ပြုသူပြု၊ ဖုန်းကနေ Text မက်ဆေ့ချ်လိုတိုရှင်း ခိုးပို့သူပို့၊ တချို့က အိပ်မောကျနှင့်ပြီးသူတွေဖြစ်နဲ့ . . . နောက် ၉ နာရီအကြာမှာတော့ နောက်နေ့အလုပ်အတွက် အချက်ပေးနှိုးစက်သံကြီး မြည်ဟီးလာပြန်ပေါ့ . . .

Frontier ရဲ့ အင်္ဂလိပ်ပိုင်းသတင်းအစီအစဉ်မှာ ဇွန် ၁ ရက်နေ့က A day in the life of a Shwe Kokko scammer ခေါင်းစဉ်နဲ့ ဖော်ပြခဲ့မှုကို ဘာသာပြန်ဆိုဖော်ပြလိုက်ခြင်းဖြစ်ပါတယ်)

MKF-001

#MeKongNews

#ရွှေကုက္ကိုလ်

#နေ့စဉ်ဘဝ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တောင်တရုတ်ပင်လယ် – အမေရိကန်နဲ့မဟာမိတ်တွေ ကျစ်ဆံမြှီးလိုစည်းလုံးခြင်းမှာ ကိုယ့်ကိုယ်ကိုယ် တရုတ်ပြန်ရှာတွေ့နိုင်ပါပြီလား

ဝါရှင်တန်ဒီစီမှာ နိုင်ငံခေါင်းဆောင်တွေ အစည်းအဝေးသဘောတူချက်ကြောင့် နောက်တစ်ပတ် ကစလို့ တောင်တရုတ်ပင်လယ်နဲ့ထိုင်ဝမ်ကျွန်းနား အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့ လေကြောင်း၊ ရေကြောင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှု
ဆောင်းပါး

ရှန်ဟိုင်း ဟိုက်ပါမားကတ်ကြီးများ ပြိုလဲခြင်း

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ လက်ရှိမှာ ဆုတ်ယုတ်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရပြီး အလုပ်လက်မဲများစွာကို ဖြစ်တည်စေသလို စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒေဝါလီခံနေကြရပြီဖြစ်ပါတယ်။ တစ်ချိန်က ပျားပန်းခတ် တမျှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Collapse of Hypermarket in Shanghai

China's economy is currently experiencing a severe recession widespread unemployment and numerous business bankruptcies. Many stores now sit deserted with

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်မှာ လူလုပ်တဲ့ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှုနောက်ဆက်တွဲ ကပ်ဘေးများ

တရုတ်ကွန်မြူနစ်ပါတီ CPC ရဲ့ မဆုတ်မနစ်ဇွဲနဲ့ နိုင်ငံကို ကမ္ဘာ့ထုတ်လုပ်မှုအများဆုံး၊ ပို့ကုန်လုပ်ငန်း ဗဟိုချက်ဖြစ် ရေး တွန်းအားပေးလုပ်ဆောင်နေခြင်းဟာ နယ်စပ်ဒေသတစ်လျှောက်လုံးရဲ့ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေကို ဖြစ်တည်လာစေခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တောင်တရုတ်ပင်လယ်အားလုံး ပိုင်တယ်ဆိုတဲ့ တရုတ် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတော့မယ်

နေ့စဉ် ရေးကြောင်းခရီးစဉ်ပေါင်းများစွာ သွားလာနေတဲ့ စတုရန်းကီလိုမီတာ ၃ . ၅ သန်းကျယ် ပစ္စိဖိတ်သမုဒ္ဒရာ အနောက်ဘက် ရေပိုင်နက်ဟာ တရုတ်ရဲ့ ရင့်သီးတဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် အငြင်းပွားစရာတွေနဲ့ တင်မား မှုတွေဟာလည်း မြင့်သထက်မြင့်လာနေပါပြီ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဦးအောင်အောင်ဇော် (သို့မဟုတ်) စစ်ကောင်စီသက်ဆိုးရှည်အောင် ထောက်ကန်ပေးနေတဲ့ မင်္ဂလာလေကြောင်း ပဲ့ကိုင်ရှင်

ဒီလို စစ်ကောင်စီကို ထောက်ကန်ပေးနေတဲ့ မင်္ဂလာ - Mingalar လေကြောင်းသယ်ယူပို့ဆောင်ရေးဆိုတာ ဘာလဲ၊ သူ့ပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်ဆိုတာ ဘယ်လိုလူလဲဆိုတာ ဒီနေရာမှာ ဆန်းစစ်ကြည့်ရအောင်ပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Manmade Environmental Hazards causing heavy rains, hail storms in China

The Communist Party of China (CPC), in its relentless pursuit of transforming the nation into the global epicentre of production

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Assertive China confronts challenges over claims on entire South China Sea

As China continues to increase its aggressive military activity in the South China Sea, tension over the disputed 3.5 million

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now