မဲခေါင်၊ ဧပြီ ၁၅
ကရင်အမျိုးသား အစည်းအရုံး-KNU ရဲ့တပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တွေကြား မတ်လ တစ်လအတွင်း တိုက်ပွဲပေါင်း ၃၇၃ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၄၂၂ ဦးသေဆုံးသလို ၂၅၈ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်ဟာ KNU နယ်မြေတွေ အတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်တွေ မတ်လ တစ်လ အတွင်း တိုက်ပွဲတွေကို စုပေါင်း ထုတ်ပြန်တာ ဖြစ်တယ်လို့ KNU ဗဟိုက အသိပေးပါတယ်။
အဆိုပါ တိုက်ပွဲတွေ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၇ ဦး ကျဆုံးခဲ့ရပြီး ၃၁ ဦး ဒဏ်ရာရခဲ့ကာ ကျဆုံး ရဲဘော်တွေထဲမှာ KNLA အဖွဲ့ဝင်တွေသာ မက PDF တပ်သားတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ KNU နယ်မြေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး မြဝတီမြို့ အနီးနဲ့ BGF နယ်မြေ ရွှေကုက္ကိုလ်မြို့သစ် အနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
MK-007
#MeKongNews