မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင် 20 Mar - 2023
မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၂၀

ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မနေ့ မတ်လ ၁၉ ရက်၊ ည ၇ နာရီ ဝန်းကျင်က ဧရာဝဏ်လမ်းနဲ့ နဝရတ်လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့ အအေးဆိုင်ကို မဘသနဲ့ ပျူစောထီး ခေါင်းဆောင် တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ အဖွဲ့တွေက လာရောက် ပစ်ခတ်သွားတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။

“အအေးရောင်းတဲ့ အကိုနဲ့ လင်းလင်း တပည့် ရဲစိန်နဲ့ ရန်ဖြစ်ဖူးတယ်။ နောက်ပြီး မနှစ်က ရဲစိန် ပစ်သတ်ခံရပြီး သေတာကို လင်းလင်း တို့က မကြေနပ်ဘူး။ ရပ်ကွက်ထဲမှာ အအေးဆိုင်ပိုင်ရှင် ကိုညိုကြီး တို့ကြောင့် သေရတာ ဆိုပြီး ရပ်ကွက်ထဲမှာ သတင်းလွှင့်နေတာ။ အခု လာပစ်တာလည်း လင်းလင်း တို့အဖွဲ့က ကောင်တွေဆိုတာ မြင်တဲ့သူတွေ ရှိတယ်။ အရင်နေ့က ရဲ ၃ ယောက် အသတ်ခံရလို့ ဒီကောင်တွေ အဖွဲ့ကို စစ်တပ်က သေနတ်တွေ ပေးထားတာ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ လာရောက် ပစ်ခတ်လို့ အအေးဆိုင်ပိုင်ရှင် ကိုမောင်ဇော ်(ခ) ကိုညိုကြီး နဲ့ သူငယ်ချင်းဖြစ်သူ သင်္ဘောသား ကိုဝေဖြိုးအောင် တို့နေရာမှာ သေဆုံးခဲ့ပြီး ကျည်ခွံ ၆ ခု ကျန်ခဲ့တယ်လို့ သူကပြောပါတယ်။

“သာကေတ (၆) နဲ့ (၇) ရပ်ကွက်မှာ နေတဲ့ ဘောမ တစ်သိုက် ပျော်နေတာ ရှိတယ်။ သူတို့လူတွေ အသတ်ခံရတာကို သူတို့နဲ့ မတည့်တဲ့ သူတွေတိုင်လို့ အသတ်ခံရတာ ဆိုပြီး ပြန်လုပ်တာ။ ကိုဝေဖြိုးအောင် ဆို သင်္ဘောက ပြန်ဆင်းလာတာ မကြာသေးဘူး။ သူ့သူငယ်ချင်းဆိုင် လာပြီး စကားပြောနေတုန်း အသတ်ခံရတာ။ စစ်တပ်က သူ့တို့ကောင်တွေ သတ်တော့ ဖြစ်သလိုလေးစစ်ပြီး ပြန်တာ။ သူတို့လူတွေ အသတ်ခံရတုန်းက မီးဖြတ်ပြီး တစ်ရပ်ကွက်လုံး အိမ်ပေါက်စေ့ ဝင်စစ်တယ်။ လမ်းတွေ ပိတ်ပြီး စစ်တယ်။ ခုအဲဒါမျိုး လုပ်တာ တစ်ခုမှ မရှိပါဘူး” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။

စစ်တပ် ဝါဒဖြန့် မီဒီယာတွေမှာတော့ ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားသူတွေဟာ PDF အမျိုးသား ၂ ဦးဖြစ်ပြီး ဆိုင်ကယ်နဲ့ လာရောက် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြနေပေမယ့် ရပ်ကွက်နေ ပြည်သူတွေကတော့ ပစ်သတ်သူတွေဟာ မဘသနဲ့ ပျူစောထီး ခေါင်းဆောင် တင်လင်းထိုက် (ခေါ်) လင်းလင်း ရဲ့ တပည့်တွေ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက သာကေတမြို့နယ် (၉) ရပ်ကွက်မှာ ရဲ ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် မဘသနဲ့ ပျူစောထီး တွေကို စစ်ကောင်စီတပ်တွေက သေနတ်တွေ ထုတ်ပေးထားတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#သာကေတ

#မ.ဘ.သ

#တင်လင်းထိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now