မြန်မာ့နွေဦး

ရန်ကုန်မှာ လူငယ်တွေထဲကနေ စစ်ကောင်စီဖုန်းတွေလိုက်စစ်

မဲခေါင် 5 Mar - 2023
မဲခေါင်၊ မတ် ၅ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ၂ ရှေ့မှာ ဒီနေ့ မတ်လ ၅ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာလူအချို့ထံကနေ ဖုန်းစစ်ဆေးကာ လူငယ် ၃ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ မတ် ၅

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဒဂုံစင်တာ၂ ရှေ့မှာ ဒီနေ့ မတ်လ ၅ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာလူအချို့ထံကနေ ဖုန်းစစ်ဆေးကာ လူငယ် ၃ဦးကို ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

“ မနက်၁၀ နာရီလောက်မှာ ဒဂုံစင်တာရှေ့က လူနားတဲ့နေရာကို စစ်သားတွေရောက်လာတယ်။ ပြီးတော့သူတို့တွေ ဖုန်းတောင်းပြီး လိုက်စစ်နေတာ။ ပြည်သူ ၃ယောက်ကိုတော့ ဖုန်းစစ်ပြီး သူတို့ကားပေါ်တင်ပြီးဖမ်းသွားတယ်။ အချိန်၁၀မိနစ်ကျော်လောက် စစ်ဆေးပြီးတော့သူတို့တွေလဲ ပြန်ထွက်သွားတာတွေ့တယ်။ ဘာလို့ဖမ်းတာလဲတော့မသိဘူး။ အနားလည်းသွားပြီးမကြည့်ရဲလို့ပါ” လို့ သူကပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာ စမ်းချောင်းမြို့နယ် စမ်းချောင်းလမ်းမပေါ်ရှိ ဝင်းစတားစားသောက်ဆိုက်ရှေ့မှာလည်း စစ်ကားတစ်စီးအင်အားအပြည့်နဲ့ လက်နက်တွေကိုင်ဆောင်ပြီး စောင့်ကြည့်မှုတွေရှိနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အလားတူ လှိုင်မြို့နယ် အင်းစိန်လမ်းမ သံလမ်းမှတ်တိုင်အနီးမှာလည်း ဒီနေ့ညနေ၄ နာရီကျော်က လူငယ်တစ်ဦးမောင်းနှင်လာတဲ့ကားကို စစ်ကောင်စီတပ်တွေ ၁၅ ယောက်လောက်က ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကမာရွတ်မြို့နယ်မှာလည်း စစ်ကောင်စီတပ်သားတွေ ဒီနေ့ညနေ၄နာရီကျော်က ဦးထွန်းလင်းခြံလမ်အတွင်း အနက်ရောင်ဝတ်ထားတဲ့ လူငယ်များတွေထံကနေ ဖုန်းနဲ့အိတ်တွေက စစ်သား၅ယောက်က လိုက်လံတောင်းယူစစ်ဆေးနေတယ်လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်အားထပ်ဖြည့်ထားတဲ့ ကဇူး စစ်ကောင်စီတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အင်အား ၂၀၀ ခန့် ထပ်ဖြည့်ထားတဲ့ ကဇူးရွာအခြေစိုက် စစ်ကောင်စီစခန်းကို မေလ ၁၉ ရက်ည
ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်အကျဉ်းထောင်အတွင်း အကျဉ်းသားတွေ အဟာရချို့တဲ့ရောဂါ ခံစားနေရ

တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေ စစ်ရှောင်ကြရလို့ ထောင်ဝင်စာ မပို့နိုင်တော့တာကြောင့် ဆန် ၊ ငါးပိနဲ့ ဆားကြမ်းကိုသာ ကျွေးမွေးစားနေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ထပ်မံသိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်း နဲ့ ‌နီးစပ်သူတွေ ဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now