ကမ္ဘာ့သတင်း

၃ နှစ်သားအရွယ် အင်္ဂလိပ်ခွေးလေး ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်တင်

မဲခေါင် 23 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၃ အင်္ဂလိပ် ဆက်တာမျိုးနွယ်ခွေးကလေး ဘစ္စဘီဟာ ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၃

အင်္ဂလိပ် ဆက်တာမျိုးနွယ်ခွေးကလေး ဘစ္စဘီဟာ ကမ္ဘာ့သက်ရှိထင်ရှား လျှာအရှည်ဆုံးခွေးအဖြစ် ဂင်းနစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

၃နှစ်သားအရွယ် ခွေးကလေး ဘစ္စဘီရဲ့ လျှာဟာ ပါးစပ်အပြင်ဘက်ကို ရေခဲချောင်း တစ်ချောင်းထက်ပိုရှည်အောင်ထွက်နေပြီး ၃ ဒဿမ ၇၄ လက်မ (၉ ဒဿမ ၄၉ စင်တီမီတာ) အထိရှည်ထွက်နေပါတယ်။

ခွေးပိုင်ရှင်တွေဖြစ်တဲ့ ဂျေနဲ့အီရီကာဂျွန်ဆင်တို့က “ ပထမ ခွေးလေး လေ့ကျင့်ခန်းလုပ်အပြီး မောနေချိန် ရှည်ထွက်လာတဲ့ လျှာကိုကြည့်ပြီး မိသားစုဝင်တွေက တော်တော်ရှည်တဲ့ လျှာလို့ သတိပြုမိကြတယ်။ တချို့က စံချိန်တင်လောက်မယ်လို့ အကြံပေးတာနဲ့ ရယ်မောကြရသေးတယ်။ နောက်မှ လျှာရှည်ထွက်နေတဲ့ ဓာတ်ပုံနဲ့ အတိုင်းအတာတွေကို ဓာတ်ပုံရိုက်ပို့ပေးလိုက်တာ’ လို့ ပြောပြသွားပါတယ်။

ခွေးလေး ဘစ္စဘီယာ တင်ပါးဆုံရိုးပုံမှန်မဟုတ်တဲ့အနေအထားရှိပေမယ့် နေ့စဉ် ရေကူး၊ လမ်းလျှောက်လေ့ကျင့် ခန်းတွေ မပျက်တမ်းလုပ်ပြီး ကလေးထိန်းတတ်သလို အဝါရောင်ဂျာကင်ဝတ်သူနောက် လိုက်ရှာတတ်တဲ့ ဉာဏ်ကောင်းပြီးချစ်စရာကောင်းတဲ့ ခွေးလေးဖြစ်တယ်လို့လည်း ပိုင်ရှင် အီရီကာက ညွှန်းဆိုပါတယ်။

မကြာသေးခင်က ဘော်ဘီဆိုတဲ့ခွေးလေးတစ်ကောင်ဟာ အသက် ၃၀ နဲ့ ၂၆၆ ရက်သားရှိတဲ့အတွက် ခွေးသမိုင်း မှာ အသက်အရှည်ဆုံးခွေးအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါသေးတယ်။

အရင်က အသက်အကြီးဆုံးခွေးအဖြစ် ၁၉၁၀ ပြည့်နှစ်ကနေ ၁၉၃၉ ခုနှစ်အထိ သက်တမ်း ၂၉ နှစ် ၅ လကြာ ရှင်သန်နေထိုင်သွားတဲ့ ဩစတြေးလျ ခွေးလေး ဘလူးရေးက စံချိန်တင်ထားတာဖြစ်ပြီး ဒါကို ဘော်ဘီက စံချိန်ချိုးဖျက်ခဲ့တာလည်းဖြစ်ပါတယ်။

MKF – 001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now