မြန်မာ့နွေဦး

စက်တော်ရာတောင်က စစ်ကောင်စီတပ် ရိက္ခာပြတ်လို့ PDF တွေကို ဆုတ်ခွာဖို့တောင်းဆို၊ မဆုတ်ပေးလို့ စစ်ကြောင်း ၃ဆက်တိုက်ထိုးနေ

မဲခေါင် 9 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းမှာ ရိက္ခာနဲ့ သောက်သုံးရေပြတ်လပ်နေတဲ့အတွက် ရိက္ခာဖြည့်ဖို့အတွက် တောင်တစ်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ PDF တပ်တွေကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ PDF တပ်ဖွဲ့တွေက ဆုတ်ခွာမပေးတာကြောင့် စစ်ကောင်စီတပ်နဲ့ မိုးဗြဲPDF၊ ဖယ်ခုံPDF၊ လွိုင်ကော်PDF၊ KNDFတပ်ရင်း-၃တို့ပါဝင်တဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ဖေဖော်ဝါရီလ ၇ရက်ကနေ ဒီကနေ့အထိ ၃ရက်ဆက် တိုက်ပွဲပြင်း ထန်နေတာဖြစ်တယ်လို့ Frog Drum Revolution-Pekhon Zoneရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “PDFတွေကို ဆုတ်ခိုင်းတာ မဆုတ်လို့ စက်တော်ရာတောင်မှာ ၃ရက်ဆက်တိုက်ပွဲဖြစ်နေပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ စက်တော်ရာတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းမှာ ရိက္ခာနဲ့ သောက်သုံးရေပြတ်လပ်နေတဲ့အတွက် ရိက္ခာဖြည့်ဖို့အတွက် တောင်တစ်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ PDF တပ်တွေကို ဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

PDF တပ်ဖွဲ့တွေက ဆုတ်ခွာမပေးတာကြောင့် စစ်ကောင်စီတပ်နဲ့ မိုးဗြဲPDF၊ ဖယ်ခုံPDF၊ လွိုင်ကော်PDF၊ KNDFတပ်ရင်း-၃တို့ပါဝင်တဲ့ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့  ဖေဖော်ဝါရီလ ၇ရက်ကနေ ဒီကနေ့အထိ ၃ရက်ဆက် တိုက်ပွဲပြင်း ထန်နေတာဖြစ်တယ်လို့ Frog Drum Revolution-Pekhon Zoneရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“PDFတွေကို ဆုတ်ခိုင်းတာ မဆုတ်လို့ စက်တော်ရာတောင်မှာ ၃ရက်ဆက်တိုက်ပွဲဖြစ်နေပါတယ်။ ဆုတ်ခွာ ဖို့လည်း အစီအစဉ်မရှိပါဘူး။ သူတို့က ရိက္ခာပြတ်လို့ စစ်ကြောင်းထိုးလာတော့ ထိတွေ့တိုက်ပွဲ ဖြစ်နေတာပါ”လို့ သူကပြောပါတယ်။

ရိက္ခာပြတ်လို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ PDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ၃ရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးထားတယ်လို့ Frog Drum Revolution-Pekhon Zone ကနေ သိရပါတယ်။ 

ဒါ့အပြင် ဖယ်ခုံမြို့စွန်၊ မိုးဗြဲနယ်စပ်ရှိ ခမရ-၄၂၁တပ်စခန်းတောင်တန်းပေါ်က ဆက်သွယ်ရေးတာဝါတိုင် ၉တိုင်ကို KNDF တပ်ရင်း-၁၁ ဖယ်ခုံအဖွဲ့က ဖြိုလဲခဲ့ခြင်းကြောင့်လည်း အဆိုပါ တပ်ရင်းက လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြုပြီး လူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လည်း သိရပါတယ်။

“ခမရ-၄၂၁က လက်နက်ကြီးနဲ့ လျှောက်ထုတာတွေရှိနေတယ်။ ဒီရက်ပိုင်းဖယ်ခုံဇုန်မှာ တိုက်ပွဲပြင်းထန်လာဖို့ ရှိပါတယ်”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာရှင်ကိုမောင်းထုတ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်စာအတိုင်း လိုက်နာဆောင်ရွက်ပေးဖို့၊အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ဘေးကင်းရာနေရာတွေကို အချိန်မှီရှောင်ရှားနိုင်ဖို့ အသင့်ပြင်ဆင်ထားကြဖို့ Frog Drum Revolution-Pekhon Zoneက မေတ္တာရပ်ခံထားပါတယ်။

မိုးဗြဲမြို့မှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF၊ (၁၀၀၁) တပ်ရင်းကလည်း မနေ့က ထုတ်ပြန်ထားပါတယ်။

မနေ့ မနက် ၉ နာရီခန့်က တင့်ကားတစ်စီး အပါအဝင် စစ်အင်အား အမြောက်အများနဲ့ မိုးဗြဲမြို့သို့ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်တပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ KNDF B (03) နဲ့ လွိုင်ကော် PDF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒါကို  ဖယ်ခုံမြို့ အခြေစိုက် စစ်တပ်၊ မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်နဲ့ ဝါရီဆူးပလိုင်မှာ တပ်စွဲထားတဲ့ စစ်တပ်တို့က တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ရာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားရာ စက်တော်ရာတောင်ကို ကျလို့ အနည်းဆုံး ၅ ဦးသေဆုံးသွားခဲ့တယ်လို့ မိုးဗြဲ PDF က ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

MK-008

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now