မဲခေါင်၊ ဖေဖော်ဝါရီ ၆
တူရကီအရှေ့တောင်ပိုင်း နဲ့ ဆီးရီးယား မြောက်ပိုင်းမှာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းမှာ ထပ်မံလှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူ ထောင်နဲ့ချီ တိုးလာပါတယ်။
ဒီနှစ်ဆင့် ငလျင်ဟာ နှစ်ပေါင်း ၁၀၀ အတွင်းတူရကီမှာ အကြီးမားဆုံးလှုပ်ခတ်တဲ့ ငလျင်ဖြစ်ပြီး လတ်တလော သေဆုံးမှုဘယ်လောက်ရှိတယ်ဆိုတာကို မပြောနိုင်သေးပေမယ့် ပထမ ငလျင်မှာပဲ အနည်းဆုံး ၂၀၀၀ ကျော် သေဆုံးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
ကနဦး ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် အပျက်အစီးတိုက်ပျက်များကြားမှာ ကယ်ဆယ်ရေးလုပ်နေတဲ့ လုပ်သားတွေပေါ် တိုက်တွေ ထပ်ပြိုကျတဲ့ ဗီဒီယိုဖိုင်တွေလည်း လူမှု ကွန်ရက်တွေပေါ် တက်လာပါတယ်။
ငလျင်ဧရိယာဟာ မိုင် ၂၀၀ အထိ ကျယ်ပြန့်ပြီးပြင်းထန်လွန်းလို့ ဆီးရီးယားအပြင် ဆိုက်ပရပ်စ်နဲ့ အီဂျစ်နိုင်ငံတွေအထိပါ တုန်ခါသွားစေခဲ့ပါတယ်။ အမေရိကန် ဘူမိဗေဒစစ်တမ်းအဖွဲ့ USGS က ငလျင်ဗဟိုချက်ဟာ တူရကီနိုင်ငံ နာဒါဂီမြို့မြေအောက် ၁၅ မိုင်လောက်ကနေ လှုပ်တာ လို့ခန့်မှန်းထားသလို နှစ်ဆင့်လှုပ်ခတ်သွားတဲ့အနေအထားအရ လူပေါင်း ၁၀၀၀၀ ကျော်အထိ သေဆုံးဖွယ်ရှိ နိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ပါတယ်။
ပထမဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ငယ်ပေါင်း ၇၈ ခုအထိ ထပ်လှုပ်ခဲ့ပြီး အပြင်းဆုံးက ၆.၆ ရှိခဲ့ပေမယ့် ဒုတိယ ငလျင်လှိုင်းက ၇.၈ အထိ ပြင်းအားရှိခဲ့လို့ တူရကီငလျင်အတွက် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကူညီရမယ့်အခြေအနေမှာ ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ က တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်း ဂါဇီယန်းတက် ရဲတိုက်ကြီးဟာလည်း ငလျင်ဒဏ်ကြောင့် ပြိုလဲသွားခဲ့ပါတယ်။
MKF-001
#Mekongnews