မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင် 2 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂

၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့ ပါဝင်နေတယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ (PRIO) ဒါရိုက်တာ Henrik Urdal က မနေ့က လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုတွေ အတွက် ဆန်ခါတင် ၅ ဦး စာရင်း ထုတ်ပြန်ရာမှာ ပါဝင်တာပါ။

“လူ့အခွင့်အရေး လေးစားမှုဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ပင်ကိုယ်အားဖြင့် ဆက်စပ်နေတယ်ဆိုတာ သမိုင်းက ပြသခဲ့ပြီးပါပြီ။ ဒါ့ကြောင့် လူ့အခွင့်အရေး အတွက် အကြမ်းမဖက် တိုက်ပွဲဝင်ခြင်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် အဖိုးတန်တဲ့ ပံ့ပိုးကူညီမှု တစ်ခုဖြစ်ပြီး အဲလ်ဖရက် နိုဘယ်ကိုယ်တိုင် သတ်မှတ်တဲ့ ‘လူမျိုးအချင်းချင်း မိတ်သဟာယ’ တိုးတက်မှု တစ်ရပ် ဖြစ်ပါတယ်။ ဒီနှစ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ (၇၅) နှစ်မြောက် ဖြစ်တာကြောင့် ကျွန်ုပ်ရဲ့ နိုဘယ် ဆန်ခါတင်စာရင်းဟာ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တက်ကြွလှုပ်ရှားသူများအပေါ် အချိန်နှင့်တစ်ပြေးညီ အာရုံစိုက် လုပ်ဆောင်နေခြင်းကို ထင်ဟပ်စေပါတယ်” လို့ Urdal က ပြောပါတယ်။

PRIO ဒါရိုက်တာရဲ့ ဆန်ခါတင် ၅ ဦးစာရင်း ပါဝင်သူ‌တွေမှာ အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ သတင်းထောက် Narges Mohammadi နဲ့ ထင်ရှားတဲ့ အာဖဂန် သတင်းထောက် Mahbouba Seraj ၊ ဦးကျော်မိုးထွန်းနဲ့ NUCC ၊ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၊ ဖိလစ်ပိုင်နွယ်ဖွား ဒေသခံပြည်တွေရဲ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူ Victoria Tauli-Corpuz နဲ့ အီကွေဒေါ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူ Juan Carlos Jintiach ၊ လူ့အခွင့်အရေး အချက်အလက် ဆန်းစစ်ရေးအဖွဲ့ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဆန်ခါတင် ၅ ဦးစာရင်း ထုတ်ပြန်ချိန်မှာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နဲ့ တိုက်ဆိုင်နေပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှာ မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု‌တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို နိုင်ငံတကာ သိရှိစေဖို့ အချိန်နဲ့ တစ်ပြေးညီ ကုလသမဂ္ဂကို အစီရင်ခံ တင်ပြနေသူ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ဟာ မြန်မာ့ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးနေရာမှ ဦးဆောင်နေပြီး ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေး ပါတီတွေ၊ သပိတ်ကော်မတီ အင်အားစုတွေ၊ တတ်သိပညာရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ စတဲ့ အဖွဲ့အစည်း၊ အင်အားစုတွေကို ဖွဲ့စည်းစုဖွဲ့ထားတဲ့ စစ်အာဏာရှင် အမြစ်ပြတ်ရေး နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်ပါတယ်။

နိုဘယ်ဆု ၅ ဆု အနက် ငြိမ်းချမ်းရေး နိုဘယ်ဆုပေးပွဲကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ နှစ်စဉ် ဒီဇင်ဘာလမှာ ကျင်းပလေ့ရှိပြီး အမည်စာရင်းကို ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ သတ်မှတ်ထားကြပြီး မတ်လ အတွင်း ဆန်ခါတင် စာရင်း ပြုစု ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

၁၉၉၁ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကရရှိခဲ့ပြီး အဆိုပါ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကိုလည်း မြန်မာပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး အတွက် ရံပုံငွေ မတည် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

MK-003
#MeKongNews
#နိုဘဲဆု
#ဦးကျော်မိုးထွန်း
#NUCC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now