မြန်မာ့နွေဦး

ခမရ ၃၆၄ နဲ့ ခလရ ၇၀၁ ရွှေဘိုက ကျေးရွာ ၄ ရွာကို အကြောင်းမဲ့ မီးရှို့ပြန်

မဲခေါင် 31 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၁ ဒီပဲယင်း၊ ရုံးသာရွာမှာတပ်စွဲထားတဲ့ မော်လိုက်အခြေစိုက် ခမရ ၃၆၄ တပ်နဲ့ မှော်ဘီ အခြေစိုက် ခလရ ၇၀၁ စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၃ ခုကို ဇန်နဝါရီလ ၃၀ နဲ့ ဒီကနေ့ ၃၁ ရက်နေ့တို့မှာ မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၁

ဒီပဲယင်း၊ ရုံးသာရွာမှာတပ်စွဲထားတဲ့ မော်လိုက်အခြေစိုက် ခမရ ၃၆၄ တပ်နဲ့ မှော်ဘီ အခြေစိုက် ခလရ ၇၀၁ စစ်ကောင်စီစစ်ကြောင်းတွေဟာ ရွှေဘိုမြို့နယ်ထဲက ကျေးရွာ ၃ ခုကို ဇန်နဝါရီလ ၃၀ နဲ့ ဒီကနေ့ ၃၁ ရက်နေ့တို့မှာ မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ စိုင်ဒိုးရွာထဲက အင်အား ၂၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ သရက်ပင်ဝန်းကျေးရွာကို ရောက်ရှိပြီးမီးရှို့ နေတယ်လို့ သိရပါတယ်။

မနေ့က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ရွှေဘိုနယ် မအူပင်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး အဲ့ဒီကတဆင့် အင်ကြင်းရွာနဲ့ စိုင်ဒိုးရွာကို မီးရှို့ခဲ့ကာ စိုင်ဒိုးရွာထဲက နွားတွေကိုဆွဲပြီး ပစ္စည်းတွေကိုလည်း သယ်ယူသွားတယ်လို့ သိရပါတယ်။

“အိမ်တွေကို အကြောင်းမဲ့မီးရှို့သွားတယ်။ ခွေးအင်အားအများအပြားနဲ့ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲလည်းမရှိ၊ မိုင်းဆွဲခြင်းမရှိဘဲ ဝင်ရောက်ခြင်းဖြစ်တယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရွှေဘိုနယ်အတွင်းမှာ မနေ့ကနဲ့ ဒီနေ့ ၂ရက်အတွင်း ကျေးရွာ ၃ရွာမီးရှို့ခံထားရပြီး ဒေသခံပြည်သူ ၃,၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စားနပ်ရိက္ခာနဲ့ နေစရာအခက်တွေ့နေကြရတယ်လို့ ရွှေဘိုအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံရမှုကြောင့် မအူပင်ရွာထဲက အိမ်ခြေ ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး စိုင်ဒိုးနဲ့ ဒီနေ့မီးရှို့ခံရတဲ့ သရက်ပင်ဝန်း ကျေးရွာ မီးလောင်အိမ်ခြေတွေကိုတော့ စစ်ကြောင်းရှိနေဆဲဖြစ်တာကြောင့် မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေကို လှည့်ပတ်မီးရှို့နေတဲ့ အဲဒီစစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါတဲ့ စစ်ကြောင်းဟာ ရွှေဘိုနယ်ထဲကို ဆက်လက်ဝင်ရောက်ပြီး ကျေးရွာတွေကို လှည့်လည်မီးရှို့နေတာလို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးလက်အောက်ခံတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံမှာ အရပ်သားပြည်သူနေအိမ် ၄၈,၄၆၃ လုံး မီးရှို့ဖျက်ဆီးခံထားရပြီး စစ်ကိုင်းတိုင်းထဲက နေအိမ် ၃၆,၆၆၇ လုံး ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံထဲက နေအိမ်မီးရှို့ခံရမှုအချက်အလက်တွေကို စာရင်းကောက်ယူနေတဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

MK – 009
ဓာတ်ပုံ – Shwe Bo Local People Defense Force

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်၊ ဖက်နမ်ရွာတိုက်ပွဲမှာ PNO ၂ ဦးသေ ၂ ဦးပြင်းထန်ဒဏ်ရာရ

ဆီဆိုင်မြို့နယ်အတွင်း မေ ၇ ရက်နေ့က PNLO နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ PNO ဘက်က ၂ ဦးသေ
မြန်မာ့နွေဦး

စစ်ကောင်စီက ဆီဆိုင်မြို့ပေါ်က ကျောင်းတွေ ကို မဖြစ်မနေဖွင့်ရမယ်လို့ဆို

လာမယ့် ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ဆီဆိုင်မြို့နယ်အတွင်းက ကျောင်းတွေကို မဖြစ်မနေဖွင့်လှစ်ရမယ်လို့ ပြည်နယ်ပညာရေးမှူးရုံးကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်ထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဘောလခဲမှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကား မိုင်းနင်းမိပြီးပျက်စီး

ကရင်နီပြည်၊ ဘောလခဲမြို့ နယ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ တယ်လို့ ကရင်နီတော်လှန်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KNLA နဲ့ PDF ဝင်တိုက်တဲ့ ပဲဒက်စစ်ကောင်စီစခန်းမှ ၂၆ ယောက်ဖမ်းမိ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ ပဲဒက်ရွာမှ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တို့ မေ ၅ ရက်က ဝင်တိုက်ခိုက်မှုမှာ စစ်ကောင်စီအဖွဲ့ ၂၆ ယောက်ကို အရှင်ဖမ်းမိပြီး လက်နက်တွေလည်း သိမ်မိတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

မြစ်ကြီးနား ဗလမင်းထင်တံတားထိပ်မှာ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနား အဝင်က ဗလမင်းထင်တံတားထိပ်မှာ ဒီနေ့ မေ ၉ ရက် မွန်းလွဲ ၂ နာရီခန့်ကစပြီး လက်ရှိ သတင်းရေးသား နေချိန်ထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ရှေ့တန်း စစ်မြေပြင်မှာ မြေမြုပ်မိုင်း ထိသွားတဲ့ ရှမ်းတောင် PDF တပ်ဖွဲ့ဝင် တစ်ဦး အကူအညီလိုအပ်နေ

ရှမ်းတောင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် ၁၀၀၅ တပ်ရင်း(SSPDF)က တပ်ဖွဲ့ဝင်တစ်ဦးဟာ မြေမြုပ်မိုင်းကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ တော်လှန်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA နဲ့ ပူးပေါင်းအဖွဲ့ မလိုက်နိုင်အောင် တံတားကို မိုင်းခွဲပြီး စစ်ကောင်စီတပ် ထွက်ပြေး

ဗန်းမော် - မြစ်ကြီးနား လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ ကဇူးရွာ အနီးက ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ ည ၈ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့က ကား ၂ စီးနဲ့ လာရောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖယ်ခုံ PDF တည်ထောင်ခြင်း ၃ နှစ်ပြည့် ရဲဘော်အသစ်၊ ဟောင်းတွေ တက်ရောက်

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် (ဖယ်ခုံ PDF) တပ်ရင်း ၂၊ တပ်ခွဲ ၁ရဲ့ ၃ နှစ်ပြည့် မျက်နှာစုံညီပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now