မြန်မာ့နွေဦး

ရွှေရှားပါးလို့ မဟုတ်ဘဲ ဈေးကစားသူတွေကြောင့် ရွှေဈေးတက်လာတာလို့ ရွှေအသင်း စွပ်စွဲ

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ ၂၀ ရွှေစျေးကွက်မှာ ရွှေရှားပါးလို့ ဈေးတက်တာမဟုတ်ဘဲ​ ဈေးကစားသူတချို့ရဲ့ ရွှေဈေးဆွဲတင်မှုကြောင့် စံချိန်တင်မြင့်တက်နေရတာလို့ ရွှေအသင်းဥက္ကဌ ဦးမျိူးမြင့် က စွပ်စွဲ ပြောဆိုထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ ၂၀

ရွှေစျေးကွက်မှာ ရွှေရှားပါးလို့ ဈေးတက်တာမဟုတ်ဘဲ​ ဈေးကစားသူတချို့ရဲ့ ရွှေဈေးဆွဲတင်မှုကြောင့် စံချိန်တင်မြင့်တက်နေရတာလို့ ရွှေအသင်းဥက္ကဌ ဦးမျိူးမြင့် က စွပ်စွဲ ပြောဆိုထားပါတယ်။

ရွှေအသင်းဟာ စစ်ကောင်စီအလိုကျ ရွှေစျေးကွက်ကို စီမံနေတာဖြစ်ပြီး ရွှေလောကသားတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

“ဈေးကွက်မှာ ရွှေရှားလို့​ ဈေးတက်နေတာမဟုတ်ဘူး၊ ပြည်နယ်နဲ့တိုင်းတွေက နေ့စဥ်ပိဿာချိန် ၅၀ လောက် အဝင်ရှိတယ်။ ကောလဟာလနဲ့ ဈေးဆွဲတင်တဲ့သူတွေရှိနေလို့ ဈေးတွေတက်နေတာလည်း ပါတယ်။ ဈေးတက်နေပေမယ့် အရောင်းအဝယ်က မရှိပါဘူး။ ဈေးတွေမြင့်နေတဲ့အတွက် ဘယ်သူကမှလည်း ဝယ်ပြီး သိမ်းမထားနိုင်ဘူးလို့” ဦးမျိုးမြင့်က ပြောပါတယ်။

လက်တွေ့မှာ ကမ္ဘာရွှေဈေး ၁ အောင်စ ကို ၁၉၀၀ ကျော် အထိမြင့်တက်နေတာကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်နေတာဖြစ်ပြီး ဒီကနေ့ ပြင်ပရွှေဈေးဟာ အခေါက်ရွှေတစ်ကျပ်သား ကို ၂၈ သိန်းကျော် အထိ စံချိန်မြင့်တက်နေတာဖြစ်ပါတယ်။

“ရွေဈေးတက်ရတဲ့ အဓိကအကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးတက်လို့ တက်တာပါ။ ဒီနေ့ဆို စံချိန်တင်ပဲ ၂၈ သိန်းကျော် ဖြစ်သွားပြီ၊ ထပ်တက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်။ အသင်းကလူတွေက ဝိနည်းလွတ်ပြောရတော့ သူတို့အန္တရာယ်ကင်းအောင် ဈေးနှုန်းနဲ့ ဈေးကွက်အခြေနေကို ဘောင်လွတ်အောင် ပြောကြတာ။ တကယ်က ကောလဟာလကြောင့် ရွှေဈေးကိုဆွဲတင်လို့ မရပါဘူး” လို့ ရန်ကုန်မြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်နှုန်းထားအတိုင်းသာ ရောင်းချခိုင်းတာဖြစ်တဲ့အတွက် ရွှေဈေးကွက်မှာ ပြင်ပပေါက်ဈေးအတိုင်း နားလည်မှုနဲ့ရောင်းချနေရပြီး မှောင်ခိုစျေးကွက်က ပိုမိုကြီးထွားလာနေပြီလို့လည်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေဈေးနှုန်း သိန်း ၃၀ နီးပါးစျေးမြင့်တက်လာတဲ့အတွက် လုပ်ငန်းရှင်တွေအပေါ် စစ်ကောင်စီက ထပ်မံ တင်းကြပ်မှာကိုလည်း စိုးရိမ်မှုရှိတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီက ရွှေဆိုင်တွေကို သတ်မှတ်နှုန်းထားနဲ့သာ အရောင်း​အဝယ်ပြုလုပ်စေတာ၊ ရွှေအသင်းက ပြုလုပ်တဲ့ငွေကြေးခဝါချမှု တိုက်ဖျက်ရေးသင်တန်းတက်ရောက်မှသာ ရွှေဆိုင်လိုင်စင်ထုတ်ပေးတာနဲ့ သက်တမ်းတိုးတာကိုလုပ်ဆောင်စေတဲ့အပြင် ပြင်ပရွှေဈေးကွက်မှာ အရောင်းအဝယ်လုပ်သူတွေကို ငွေအသွင်းအထုတ်အပေါ် အခြေခံပြီး ခေါ်ယူစစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now