မဲခေါင်၊ ဇန်နဝါရီလ ၂၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ရွာ လမ်းပိုင်းမှာ ဆိုင်ကယ်နဲ့ သွားလာနေတဲ့ အမတ (၃၁၇) တပ်ရင်းမှ စစ်သားတွေကို ပစ်ခတ်ရာ ၅ ဦးသေဆုံးကာ လက်နက်တွေ သိမ်းဆည်း ရမိခဲ့တယ်လို့ ရေးပြောက်ကျားအဖွဲ့မှ ဗိုလ်ကျန်ရစ်က ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ရေးပြောက်ကျားအဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး သေနတ် ၃ လက်ကို ရေးပြောက်ကျားတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့တာလို့ ဗိုလ်ကျန်ရစ် က သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲ ဖြစ်စဉ် အသေးစိတ် အချက်အလက်တွေကိုတော့ မဲခေါင်သတင်း အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
MK-003