ကမ္ဘာ့သတင်း

ယူကရိန်းအတွက် သံချပ်ကာကား အစင်း ၂၀၀ ကနေဒါပေးလှူ

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

ရုရှားကိုတွန်းလှန်စစ်ဆင်နွှဲမှုမှာ စစ်သုံးယာဉ်လုံလောက်ရေးအတွက် ယူကရိန်းရဲ့ တောင်းဆိုချက်ကို လိုက်လျှောပြီး စစ်သည်တင် သံချပ်ကာကျည်ကာကားအစီး ၂၀၀ ပေးလှူသွားမယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၈ ရက် ကိဗ်မြို့ခရီးစဉ်မှာ အတည်ပြုပြောကြားသွားပါတယ်။

ကနေဒါထုတ် သံချပ်ကာကားတွေဟာ ခေတ်မီ၊ အဆင့်မြင့် အကောင်းဆုံးနည်းပညာတွေနဲ့ ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ်လက်နက်တွေကို အလွယ်တကူတပ်ဆင်အသုံးပြုနိုင်တယ်လို့ ကိဗ်ခရီးစဉ်မှာ ယူကရိန်းကာကွယ် ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ကနေဒါ ကာကွယ်ရေးဝန်ကြီး အနီတာအန်နန့်ဒ်က ပြောကြားသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလက ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒီယိုက ယူကရိန်းကို ကနေဒါဒေါ်လာ သန်း ၅၀၀ (ကန်ဒေါ်လာ ၃၇၃ သန်း)ကို စစ်ရေးအထောက်အကူအတွက် ပံ့ပိုးလှူဒါန်းမယ်လို့ ကြေညာခဲ့တဲ့ အစီအစဉ်ထဲက တစ်ခုအဖြစ် သံချပ်ကာတင့်ကား အစင်း ၂၀၀ ကို လှူဒါန်းသွားဖို့ အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။

ကနေဒါဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ သံချပ်ကာ ကား၊ ဟောင်ဝစ်ဇာ အမြောက်၊ ဆောင်းဝတ်စုံ၊ ဒရုန်းကင်မရာနဲ့ လက်နက်ခဲယမ်းတွေ ပေးလှူခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ ယူကရိန်းအတွက် နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အမေရိကန်ထံက ဝယ်ပြီးလှူမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

အခုပေးလှူမယ့် သံချပ်ကာကျည်ကာကားတွေဟာ ကနေဒါထုတ် ဒီဇယ်သုံးယာဉ်ဖြစ်ပြီး အွန်တာရီယိုအခြေစိုက် Roshel ကုမ္ပဏီက ထုတ်လုပ်ပေးထားတာဖြစ်ပြီး လက်နက်ငယ်ကျဉ်တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင် သလို ပေါ့ပါးလျှင်မြန်စွာ သွားလာနိုင်ပါတယ်။

MKF – 001
Ref: thedefensepost

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ကမ္ဘာ့သတင်း

South China Sea: Is China finding itself in the US and its allies’ crosshairs?

The US and the Philippines will conduct joint naval exercise in the
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

ဥရောပသမဂ္ဂက စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်နှစ်ထပ်တိုး

ဥရောပသမဂ္ဂ (EU) ဟာ ဧပြီ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီနဲ့ပတ်သက်လို့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားမှုတွေ ကို နောက်တစ်နှစ် သက်တမ်းထပ်တိုးလိုက်ကြောင်း အတည်ပြုကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ရုရှား ကာကွယ်ရေးဒုဝန်ကြီး နိုင်ငံတော်ပုန်ကန်မှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးခံရ

ရုရှား ကာကွယ်ရေးဒုဝန်ကြီး တီမာအီဗန်နော့ဗ်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ ရာထူးက ဖြုတ်ချပြီး ဖမ်းဆီးကာ ရမန်ယူစစ်ဆေးနေပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ကင်ဂျုံအန် နေအိမ်ဝင်းထဲကနေ ပထမဆုံးသော နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှုအဖြစ် ဒုံးကျည်တွေ ပစ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ ပြုံယမ်းမြို့အရှေ့ဘက်ခြမ်းက မိသားစု နေအိမ်ဝင်းကြီးထဲကနေ ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားတန်ပြန် စစ်ရေးလေ့ကျင့်မှု ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

မြောက်ကိုရီးယားက အရှေ့ပင်လယ်ဘက်ဆီ ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်

မြောက်ကိုရီးယားဟာ နောက်ဆုံး လက်နက် စမ်းသပ်ပစ်ခတ်မှုအဖြစ် ဧပြီ ၂၂ ရက် မနက်ပိုင်းက အရှေ့ ပင်လယ် ဘက်ဆီ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲ စစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ကြေညာသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဖိလစ်ပိုင်နဲ့ အမေရိကန် အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

ဖိလစ်ပိုင်နဲ့ အမေရိကန်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ နယ်ချဲ့အနိုင်ကျင့်မှုကို ဆန့်ကျင်ခြင်းအဖြစ် အကြီးမားဆုံးသော နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၂၂ ရက်မှာ စတင် လိုက်ပြီဖြစ်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း မြန်မာ့နွေဦး

စစ်ကောင်စီကို လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှုလုံး၀ရပ်တန့်ဖို့ G7 အစည်းအဝေးမှာ တိုက်တွန်း

G7 အစည်းအဝေးအပြီး ပြည်သူကို ဒုက္ခပေးအကြမ်းဖက်နေတဲ့ မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနဲ့ စစ်လက်နက် အသုံးအဆောင်တွေကို နိုင်ငံတကာက ပေးပို့နေမှု ရပ်တန့်သွားရေး တိုက်တွန်းထုတ်ပြန်သွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း

ဂျိန်းဘုန်းကြီး၊ သီလရှင်ဘွဲခံဖို့ အိန္ဒိယအိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံနဲ့မိသားစု ပိုင်ဆိုင်သမျှ ဒေါ်လာ ၂၄ သန်းလုံး စွန့်ကြဲလှူဒါန်း

ဂူဂျာရတ်ပြည်နယ်က မီလျံနာ အိမ်ခြံမြေလုပ်ငန်းရှင် ဇနီးမောင်နှံဟာပိုင်ဆိုင်ကြွယ်၀မှု ဒေါ်လာ ၂၄ သန်း စလုံးကို ပေးကမ်းစွန့်ကြဲပြီး ဂျိန်းဘုန်းကြီး၊ သီလရှင်ဘ၀ကို ပြောင်းလဲခံယူမှု စတင်လိုက်ပြီ ဖြစ်ကြောင်း India Express က ရေးသားဖော်ပြသွားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now