နေ့စဥ်သတင်း

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင် 26 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၉၀၀၀ ကျပ်အထိ နှင့် ယ‌နေ့တွင် မူဆယ်၊ မိုင်းပေါက်၊ ဝိန်းကောင် စသည့်မြိုးများတွင် ယွမ် ၁၀၀ကို ကျပ်ငွေ ၈၀၀၀၀ ထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ “ဒီနေ့ မူဆယ်မှာက မနက်ဈေးကို ၈၀၀၀၀ ကျပ်ထိထပ်တက်သွားတယ်။ ယွမ် ၁၀၀ကို မြန်မာငွေလဲရင် ၈၀၀၀၀ ရပြီ။ မနေ့က ၇၉၀၀၀ ရတယ်။ ၁၀၀၀ တက်သွားတယ်။ ကျပ်ကနေ ယွမ်ယူရင်တော့ ယွမ်

မဲခေါင်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင် ၇၉၀၀၀ ကျပ်အထိ နှင့် ယ‌နေ့တွင် မူဆယ်၊ မိုင်းပေါက်၊ ဝိန်းကောင် စသည့်မြိုးများတွင် ယွမ် ၁၀၀ကို ကျပ်ငွေ ၈၀၀၀၀ ထိ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ မူဆယ်မှာက မနက်ဈေးကို ၈၀၀၀၀ ကျပ်ထိထပ်တက်သွားတယ်။ ယွမ် ၁၀၀ကို မြန်မာငွေလဲရင် ၈၀၀၀၀ ရပြီ။ မနေ့က ၇၉၀၀၀ ရတယ်။ ၁၀၀၀ တက်သွားတယ်။ ကျပ်ကနေ ယွမ်ယူရင်တော့ ယွမ် ၁၀၀ကို ၈သောင်း၂ထောင်ပေးရတယ်။ မိုင်းလား လောက်ကိုင်မှာတော့ ယွမ်၁၀၀ကို ၈၀၃၀၀ကျပ်ဖြစ်သွားပြီ။”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ လလယ် ၁၅ ရက်အထိ ယွမ် ၁၀၀ ကို မြန်မာငွေကျပ် ၆၅၀၀၀ ခန့်သာ ဈေးရှိသော်လည်း စစ်ကောင်စီက ဗဟိုဘဏ်ဆီမှ ကျပ်ဘီလျံ ၂၁၀၀ ချေးယူမည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးပြီးသည့်နောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းသွားခဲ့ကာ တလ‌ကျော်အကြာ လက်ရှိတွင် ယွမ် ၁၀၀ ကို ၈၀၀၀၀ ကျပ်ထိ ဖြစ်လာခြင်းဖြစ်သည်။

နယ်စပ်မြို့မဟုတ်သည့် ရှမ်းပြည်မြောက်ပိုင်းရှိ တန့်ယန်း၊ မိုင်းရယ် စသည့်မြို့များတွင်မူ တရုတ်ယွမ်ငွေ ၁၀၀ ကို မြန်မာငွေ ၇၈၅၀၀ ရှိနေသည်ဟုဆိုသည်။

နိုင်ငံခြားငွေကြေးများနှင့် နှိုင်းယှဉ်ပါက မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ငွေလဲလှယ်မှုများအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်။

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းသည် ပြည်ပမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကိုလည်း မြင့်တက်စေနိုင်ပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအပေါ် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာနိုင်သည်။

လက်ရှိတွင် နိုင်ငံခြားငွေလဲနှုန်းများ မတည်ငြိမ်သေးသဖြင့် ရှမ်းပြည်အတွင်း ကုန်ဈေးနှုန်းများအပေါ် မည်သို့သက်ရောက်လာမည်ကို စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

#MeKongNews
#ရှမ်းပြည်
#တရုတ်ယွမ်
#မြန်မာကျပ်
#ဈေးတက်
#ငွေဈေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရှူးတွင် ၂ နှစ်အရွယ် သမီးကို အရက်ကြောင်သည့် ဖခင်က သတ်ဖြတ်

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်လုံကျေးရွာတွင် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို အရက်ကြောင်နေသည့် ဖခင်က
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်ဗိုလ်ကြီးဆိုသူက ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများထံမှ ပိုက်ဆံလိမ်ယူ

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများအား လွိုင်လင်ဗိုလ်ကြီးဟုဆိုကာ ကားသမားများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းတောင်မြို့များတွင် ကျီးမနိုးညအကြောင်းပြ ဆိုင်ဖောက်ထွင်းမှုနှင့် ပစ္စည်းခိုးယူဖျက်ဆီးမှုများ ဖြစ်ပွား

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံ၊ မိုင်းရှူးနှင့် အခြားမြို့များတွင် တန်ဆောင်မုန်းလပြည့်ည၌ ကျီးမနိုးည (သူခိုးည) ဟု အကြောင်းပြကာ ဆိုင်များဖောက်ထွင်းခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ကားမှန်များရိုက်ခွဲခြင်းနှင့် လမ်းဘေးရှိ ပစ္စည်းများကို ရွှေ့ပြောင်းဖျက်ဆီးခြင်းများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်ကုန်တင်ကားများ ဖရဲစိုက်ခင်းအထိ ဝင်သယ်ယူနေသဖြင့် မြန်မာကားသမားများ အလုပ်အကိုင်ဆုံးရှုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးစသည့်ကုန်စည်များကို တရုတ်နံပါတ်အဝါ ကုန်တင်ကားများက စိုက်ခင်းများအထိ တိုက်ရိုက်ဝင်ရောက်သယ်ယူနေသည့်အတွက် ပြည်တွင်းကုန်တင်ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ အလုပ်အကိုင်ဆုံးရှုံးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ ဖရဲသီးပေါ်ချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံ စစ်ကောင်စီဂိတ်တွင် ဆိုင်ကယ်မရပ်သည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ် ၁၀၀ ကို မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀ ကျော်ထိ ပိတ်မိနေပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now