နေ့စဥ်သတင်း

မိုင်းရှူးတွင် ၂ နှစ်အရွယ် သမီးကို အရက်ကြောင်သည့် ဖခင်က သတ်ဖြတ်

မဲခေါင် 26 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်လုံကျေးရွာတွင် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို အရက်ကြောင်နေသည့် ဖခင်က ဓားဖြင့် လည်ပင်းလှီးသတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့ကာ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည်။ ထွက်ပြေးသွားသည့် ပစ်မှုကျူးလွန်သူကိုမူ ယနေ့ နိုဝင်ဘာ ၂၆ ရက်မနက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စိုင်းပီးနှင့် ဇနီးဖြစ်သူ နန်းဖိတ်တို့ နိုဝင်ဘာ ၂၄ ရက်က စကားများရန်ဖြစ်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် အဆိုပါဖြစ်စဉ်

မဲခေါင်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်လုံကျေးရွာတွင် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို အရက်ကြောင်နေသည့် ဖခင်က ဓားဖြင့် လည်ပင်းလှီးသတ်ဖြတ်ပြီး နေအိမ်ကို မီးရှို့ကာ ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာ ၂၅ ရက်က ဖြစ်ပွားခဲ့သည်။

ထွက်ပြေးသွားသည့် ပစ်မှုကျူးလွန်သူကိုမူ ယနေ့ နိုဝင်ဘာ ၂၆ ရက်မနက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP တပ်ဖွဲ့က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာနေ အသက် ၃၅ နှစ်အရွယ် စိုင်းပီးနှင့် ဇနီးဖြစ်သူ နန်းဖိတ်တို့ နိုဝင်ဘာ ၂၄ ရက်က စကားများရန်ဖြစ်ခဲ့ပြီးနောက် နောက်တစ်ရက်တွင် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်တွင် နန်းဖိတ်သည် ဟိုက်ပါဈေးသို့ ဈေးသွားရောင်းနေချိန် နေအိမ်၌ ကျန်ရှိနေသည့် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူ အိပ်ပျော်နေစဉ် စိုင်းပီးက ဓားဖြင့် လည်ပင်းကို လှီးဖြတ်ခဲ့ရာ ပြတ်ရှဒဏ်ရာ ၃ ချက်ဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အရက်အလွန်အကျွံသောက်တတ်ပြီး လင်မယားနှစ်ယောက်လည်း မကြာခဏ ရန်ဖြစ်ကြတယ်။ ဒီဖြစ်စဉ်မှာတော့ အရက်မူးပြီး စိတ်မထိန်းနိုင်တာကနေ သမီးကို အခုလိုလုပ်လိုက်တာလို့ ရွာမှာ ပြောဆိုနေကြတယ်” ဟု ဖြစ်စဉ်နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

သမီးဖြစ်သူကို သတ်ဖြတ်ပြီးနောက် စိုင်းပီးသည် ပြစ်မှုအထောက်အထားများကို ဖျောက်ဖျက်ရန်အတွက် နေအိမ်အတွင်းရှိ စောင်များပေါ်သို့ ဒီဇယ်ဆီလောင်းကာ မီးရှို့ခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

သို့သော် နေအိမ်မီးလောင်မှုကို ရွာသားများက အချိန်မီသိရှိခဲ့သဖြင့် ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုမှာ အကြီးအကျယ်ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် စိုင်းပီးကို နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီခန့်တွင် အဆိုပါဒေသအတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တာဝန်ရှိသူများက လိုက်လံရှာဖွေ ဖမ်းဆီးရာ စိုင်းပီးဘက်က ပြန်လည်ခုခံသဖြင့် SSPP/SSA ဘက်က ပစ်ခတ်ရှင်းလင်းခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

#MeKongNews
#မိုင်းရှူး
#သမီး
#သတ်ဖြတ်
#နေအိမ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်ဗိုလ်ကြီးဆိုသူက ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများထံမှ ပိုက်ဆံလိမ်ယူ

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများအား လွိုင်လင်ဗိုလ်ကြီးဟုဆိုကာ ကားသမားများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းတောင်မြို့များတွင် ကျီးမနိုးညအကြောင်းပြ ဆိုင်ဖောက်ထွင်းမှုနှင့် ပစ္စည်းခိုးယူဖျက်ဆီးမှုများ ဖြစ်ပွား

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံ၊ မိုင်းရှူးနှင့် အခြားမြို့များတွင် တန်ဆောင်မုန်းလပြည့်ည၌ ကျီးမနိုးည (သူခိုးည) ဟု အကြောင်းပြကာ ဆိုင်များဖောက်ထွင်းခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ကားမှန်များရိုက်ခွဲခြင်းနှင့် လမ်းဘေးရှိ ပစ္စည်းများကို ရွှေ့ပြောင်းဖျက်ဆီးခြင်းများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်ကုန်တင်ကားများ ဖရဲစိုက်ခင်းအထိ ဝင်သယ်ယူနေသဖြင့် မြန်မာကားသမားများ အလုပ်အကိုင်ဆုံးရှုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးစသည့်ကုန်စည်များကို တရုတ်နံပါတ်အဝါ ကုန်တင်ကားများက စိုက်ခင်းများအထိ တိုက်ရိုက်ဝင်ရောက်သယ်ယူနေသည့်အတွက် ပြည်တွင်းကုန်တင်ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ အလုပ်အကိုင်ဆုံးရှုံးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ ဖရဲသီးပေါ်ချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံ စစ်ကောင်စီဂိတ်တွင် ဆိုင်ကယ်မရပ်သည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ် ၁၀၀ ကို မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀ ကျော်ထိ ပိတ်မိနေပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now