ဆောင်းပါး

ဂျန်ဆန်ဟောင်း၊ တရုတ်သူလျှို နဲ့ အချစ်ဇာတ်လမ်း

မဲခေါင် 12 Nov - 2026
~ CWM ~ ပြီးခဲ့တဲ့ မေလက သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ပြည်ကို အလည်သွားတော့ သူနဲ့အတူ ထင်ရှားတဲ့ ထိပ်တန်းအမေရိကန်စီးပွားရေးသမားတချို့ကိုပါ ခေါ်ဆောင်သွားတယ်။ ဒီအထဲမှာ Apple က တင်မ်ကွတ်၊ Tesla က အီလွန်မတ်စ် တို့နဲ့အတူ Nvidia က ဂျန်ဆန်ဟောင်း လည်း ပါဝင်တယ်။ ကွန်ပျူတာ ဂရပ်ဖစ်ကတ်(GPU)တွေ စတင်ထုတ်လုပ်ပြီး နောက်ပိုင်းမှာ အဆင့်မြင့် ကွန်ပျူတာချစ်(ပ်)တွေ ထုတ်လုပ်ခဲ့တဲ့ NVIDIA ဟာ ကမ္ဘာမှာ Apple ပြီးရင် အကြွယ်ဝ အချမ်းသာဆုံး နည်းပညာကုမ္ပဏီလည်းဖြစ်တယ်။ ထရမ့်ရဲ့တရုတ်ခရီးစဉ်မှာ အပေါ်လွင်ဆုံး လူတယောက်က နည်းပညာသူဌေးကြီး “ဂျန်ဆန်ဟောင်း”ပဲဖြစ်တယ်။ သူက တရုတ်လူမျိုးလည်းဖြစ်၊ တရုတ်တွေ စိတ်ဝင်စားနေတဲ့

~ CWM ~

ပြီးခဲ့တဲ့ မေလက သမ္မတ ဒေါ်နယ်ထရမ့် တရုတ်ပြည်ကို အလည်သွားတော့ သူနဲ့အတူ ထင်ရှားတဲ့ ထိပ်တန်းအမေရိကန်စီးပွားရေးသမားတချို့ကိုပါ ခေါ်ဆောင်သွားတယ်။ ဒီအထဲမှာ Apple က တင်မ်ကွတ်၊ Tesla က အီလွန်မတ်စ် တို့နဲ့အတူ Nvidia က ဂျန်ဆန်ဟောင်း လည်း ပါဝင်တယ်။ ကွန်ပျူတာ ဂရပ်ဖစ်ကတ်(GPU)တွေ စတင်ထုတ်လုပ်ပြီး နောက်ပိုင်းမှာ အဆင့်မြင့် ကွန်ပျူတာချစ်(ပ်)တွေ ထုတ်လုပ်ခဲ့တဲ့ NVIDIA ဟာ ကမ္ဘာမှာ Apple ပြီးရင် အကြွယ်ဝ အချမ်းသာဆုံး နည်းပညာကုမ္ပဏီလည်းဖြစ်တယ်။

ထရမ့်ရဲ့တရုတ်ခရီးစဉ်မှာ အပေါ်လွင်ဆုံး လူတယောက်က နည်းပညာသူဌေးကြီး “ဂျန်ဆန်ဟောင်း”ပဲဖြစ်တယ်။ သူက တရုတ်လူမျိုးလည်းဖြစ်၊ တရုတ်တွေ စိတ်ဝင်စားနေတဲ့ နည်းပညာကုမ္ပဏီကြီးရဲ့ စီအီးအိုလည်းဖြစ်တော့ အတော်လေး မျက်နှာပွင့်ပါတယ်။ အမည်းရောင် တီရှပ်ပေါ်မှာ အမည်းရောင် သားရေဂျာကင်င်္ကျီဝတ်ဆင်လေ့ရှိတဲ့ ဂျင်ဆင်ဟောင်းကို ဘေဂျင်းမြို့က street foods ဆိုင်တွေမှာ မုန့်ဝယ်စားနေတာတွေ၊ တရုတ်ပရိသတ်တွေနဲ့ စကားပြောနေတာတွေကို မြင်ရတယ်။ အမေရိကန်နိုင်ငံသား ဘီလျံနာသူဌေးကြီးတဦး ဖြစ်နေပေမယ့် ဂျင်ဆင်ဟောင်း က ထိုင်ဝမ်မှာ မွေးတဲ့ တရုတ်လူမျိုးတဦးပါ။ သူက ငယ်စဉ်ကတည်းက မိဘတွေနဲ့အတူ အမေရိကန်ကို ပြောင်းရွှေ့သွားပြီး အမေရိကန်မှာပဲ ပညာသင်၊ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရပြီး ၁၉၉၃ ခုနှစ်မှာ Nvidia ကွန်ပျူတာကုမ္ပဏီကို အခြားသူနှစ်ဦးနဲ့အတူ ပူးတွဲ တည်ထောင်ရင်း ကြွယ်ဝချမ်းသာလာခဲ့သူဖြစ်တယ်။

ဂျင်ဆင်ဟောင်း ရဲ့ Nvidia ကုမ္ပဏီဟာ အမေရိကန်ရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတခုဖြစ်လာသလို ဒီနေ့ AI နည်းပညာအတွက် အဓိကအရေးကြီးတဲ့ ကွန်ပျူတာအစိပ်အပိုင်း Chips တွေ ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီလည်းဖြစ်တယ်။ ခုချိန်ဟာ အမေရိကန် နဲ့ တရုတ် နည်းပညာအားပြိုင်နေချိန်ဖြစ်လို့ AI နည်းပညာအတွက် အရေးကြီးဆုံးနဲ့ အဆင့်မြင့်ဆုံး Chips တွေ တရုတ်လက်ထဲ ရောက်မသွားဖို့ အမေရိကန်အစိုးရက စိုးရိမ်နေပြီး အရေးတကြီး ပိတ်ပင်တားမြစ်ထားချိန်လည်း ဖြစ်တယ်။ အမေရိကန်အစိုးရဟာ NVidia ရဲ့ နည်းပညာမြင့် ချစ်(ပ်) ပြားတွေကို တရုတ်နိုင်ငံကို မရောင်းချဖို့ ပိတ်ပင်ထားတယ်။

Nvidia ရဲ့ နည်းပညာမြင့် ချစ်ပ်ပြားတွေကိုသာ တရုတ်က ရရှိသွားရင် တရုတ်ဟာ စစ်ရေး နဲ့ နည်းပညာနယ်ပယ်မှာ အမေရိကန်ကို ကျော်တက်သွားနိုင်တယ်။ ဒါကြောင့် Nvidia ရဲ့ကွန်ပျူတာ ချစ်ပ် တွေကို အမေရိကန်ရဲ့ တားမြစ်ထုတ်ကုန်အဖြစ် ကန့်သတ်ထားတယ်။

ဒီအချိန်မှာ ဂျန်ဆန်ဟောင်း နဲ့ တရုတ်သူလျှိုအမျိုးသမီးလို့ ဆိုတဲ့ အလိုက်စ်ဟောင်း တို့ရဲ့ ဇာတ်လမ်း ပေါ်ပေါက်လာတာဖြစ်တယ်။ ဒီဇာတ်လမ်းကို စပြီး ဖော်ထုတ်လိုက်တာ New York Times သတင်းစာပါ။ အန်ဗီးဒီးယား စီအီးအို ဂျင်ဆင်ဟောင်း နဲ့ တွဲနေတဲ့ တရုတ်အမျိုးသမီး Alice Huang က တရုတ်သူလျှိုဖြစ်ပြီး အန်ဗီးဒီးယားက နည်းပညာတွေကို ခိုးယူဖို့ကြိုးစားနေတယ်လို့ နယူးယောက်တိုင်းမ်က ရေးသားလိုက်တယ်။ အလားတူ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ပြီးခဲ့တဲ့ မတ်လက ဂျင်ဆင်ဟောင်း ဟာ တရုတ်သူလျှိုလို့ ယူဆရတဲ့ အမျိုးသမီးတဦးနဲ့ နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိနေတယ်လို့ ဝါရှင်တန်က လူတွေကို သတိပေးခဲ့တယ်။ ဝါရှင်တန်ပို့စ်ကလည်း ဂျန်ဆင်ဟောင်းနဲ့ ဆက်ဆံမှုရှိနေတဲ့ တရုတ်အမျိုးသမီးဟာ ဘေဂျင်းက လေ့ကျင့်ပေးထားတဲ့ တရုတ်သူလျှိုတဦးဖြစ်တယ်လို့ ရေးသားခဲ့တယ်။

ဒီသတင်းတွေ ထွက်လာတော့ Nvidia ကုမ္ပဏီဘက်က သူတို့ စီအီးအိုဟာ တကမ္ဘာလုံးမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဖောက်သည်တွေနဲ့ ပုံမှန်တွေ့ဆုံမှုသာဖြစ်ကြောင်း၊ အာရှက cloud ဖောက်သည်တွေက သာမန်စီးပွားရေးသတင်းအချက်အလက်လောက်သာ လက်ခံရရှိကြောင်းနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေ မပါဘူးလို့ ငြင်းဆိုတယ်။

နိုဝင်ဘာ(၄)ရက်မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဌ ဘရိင်ယန်မတ်စ်၊တရုတ်ရေးရာကော်မတီဥက္ကဌ ဂျွန်မူလီနာ နဲ့ ထောက်လှမ်းရေးကော်မတီဥက္ကဌ ကရော့ဖို့တို့က ဂျန်ဆန်ဟောင်းကို လာမယ့် နိုဝင်ဘာ(၁၈)ရက်မှာ လွှတ်တော်မှာ လာရောက်အစစ်ဆေးခံဖို့ ဆင့်ခေါ်ခဲ့တယ်။

ဂျန်ဆန်ဟောင်း နဲ့ တရုတ်အမျိုးသမီး ပတ်သက်မှုသတင်းဟာ လူသိရှင်ကြားဖြစ်လာပြီးတဲ့နောက် နိုဝင်ဘာ(၈)ရက်မှာ ဒီဇာတ်လမ်းဟာ အထွတ်အထိပ်ကို ရောက်လာတယ်။ အန်ဗီးဒီးယား စီအီးအို ဂျန်ဆင်ဟောင်း ကိုယ်တိုင်က သူဟာ “သူ့ရဲ့ ဇနီးအပေါ် သစ္စာဖောက်မိခဲ့တယ်” လို့ သူ့ရဲ့ဝန်ထမ်းတွေကို တရားဝင် ထုတ်ဖော်ဝန်ခံလိုက်လို့ပါပဲ။

“ကျနော့် လုပ်ဆောင်ချက်တွေဟာ သူမနဲ့ ကလေးတွေကို ထိခိုက်စေခဲ့ပါတယ်။ ဒီအတွက် ဆင်ခြေပေးစရာလည်း ဘာမှ မရှိပါဘူး။ အင်မတန် စိတ်ထိခိုက်ရပါတယ်။ ပြုလုပ်ခဲ့သမျှ ကျနော့်မှာ အပြည့်အဝ တာဝန်ရှိပြီး ဝေဖန်တာအားလုံး ခံယူပါတယ်” လို့ ဂျန်ဆင်ဟောင်း က ဝန်ခံခဲ့တယ်။

ဒီဝန်ခံမှုဟာ တရုတ်အမျိုးသမီး အလိုက်စ် ဟောင်း နဲ့ သူ အနီးကပ်ဆက်ဆံရေးသတင်းတွေ ထွက်ပေါ်လာပြီးချိန်မှာ ထုတ်ဖော်ခဲ့တာဖြစ်ပေမယ့် အဲဒီအမျိုးသမီး ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ ဂျန်ဆန်က ထုတ်ဖော်ပြောဆိုသွားခြင်း မရှိခဲ့ဘူး။ တဆက်တည်းမှာပဲ ဂျန်ဆင်ဟောင်းက သူဟာ Nvidia နဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ်မှာ လုံးဝသစ္စာရှိကြောင်းနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုကို လက်ခံကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့တယ်။

ဂျန်ဆင်ဟောင်းရဲ့ ထုတ်ဖော်ဝန်ခံမှုအပြီးမှာပဲ Nvidia ဘုတ်အဖွဲ့ဟာ စီအီးအိုနဲ့ ပတ်သက်ပြီး နိုင်ငံခြားထောက်လှမ်းရေးများ နဲ့ပတ်သက်ဆက်နွှယ်မှု ရှိမရှိ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေုပြုလုပ်မယ်လို့ ကြေညာခဲ့တယ်။

အလိုက်စ် ဟောင်း (Alice Huang) ဘယ်သူလဲ

ဂျန်ဆန်ဟောင်းရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့သတင်းထွက်လာတော့ သူနဲ့ တွဲခဲ့တဲ့ တရုတ်အမျိုးသမီး အလိုက်စ်ဟောင်း က ဘယ်သူလဲဆိုတာ စိတ်ဝင်စားလာကြတယ်။ သူတို့နှစ်ယောက် ဘယ်လိုတွေ့ဆုံခဲ့ကြသလဲ။ ဘယ်အထိ ရင်းနှီးပတ်သက်ခဲ့ကြသလဲ။ တကယ်တော့ အသက်(၆၃)နှစ်အရွယ်ရှိ ဂျန်ဆန်ဟောင်းမှာ ဇနီးနဲ့ သားတဦး၊ သမီးတဦး ရှိတယ်။ ဇနီးသည် လိုရီဟောင်းက အော်ရီဂွန် အင်ဂျင်နီယာတက္ကသိုလ်မှာ အတူတက်ကြစဉ်ကတည်းက ဆုံပြီး လက်ထပ်ခဲ့တာဖြစ်တယ်။

ဟောင်းလီ လို့လည်း လူသိများတဲ့ အလိုက်စ်ဟောင်းက ၂၀၂၃ခုနှစ်၊ မတ်လကတည်းက စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီ Megaspeed ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တယ်။ ဒီကုမ္ပဏီက ၂၀၁၅ ခုနှစ်ကတည်းက စင်ကာပူမှာ စပြီး ထူထောင်တယ်။ ဒီကုမ္ပဏီဟာ Nvidia ရဲ့အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကွန်ပျူတာ power cloud စီးပွားရေးလုပ်ငန်း အဓိကမိတ်ဖက်ကုမ္ပဏီလည်း ဖြစ်တယ်။ ဒီကုမ္ပဏီက အမေရိကန်ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိတဲ့ Nvidia ချစ်ပ်တွေ ဝယ်ယူခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အသေအချာ စောင့်ကြည့်ခံရတဲ့ ကုမ္ပဏီလည်းဖြစ်တယ်။

တရုတ်နည်းပညာကုမ္ပဏီတွေဟာ ဒီကုမ္ပဏီကတဆင့် အမေရိကန်က တားဆီးပိတ်ပင်ထားတဲ့ အဆင့်မြင့် အေအိုင်ချစ်ပ်တွေကို ဝယ်ယူခဲ့တယ်လို့ ဆိုတယ်။

အလိုက်စ် ဟောင်း နဲ့ ဂျန်ဆန်ဟောင်းတို့နှစ်ဦးကို ပထမဆုံးအတူတူတွေ့ရတဲ့ ဓါတ်ပုံက ၂၀၂၄ ခုနှစ်က တိုင်ပေမှာ ကျင်းပခဲ့တဲ့ ကွန်ပျူတာနည်းပညာပြပွဲ ဧည့်ခံပွဲတခုမှာပါ။ သားရေဂျာကင်အနက်ရောင် ဝတ်ဆင်ထားတဲ့ ဂျန်ဆင်ဟောင်းရဲ့ အနီးမှာ အလိုက်စ်ဟောင်းလို့ ယူဆရဲ့ လက်ဝတ်ရတနာတွေ ဝတ်ဆင်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့ အမျိုးသမီးတဦးကို တွေ့ခဲ့ရတယ်။ ဂျန်ဆန်ဟောင်း ဟာ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့တယ်။ အဲဒါဟာ သူတို့နှစ်ယောက်ရဲ့ ပထမဆုံးတွေ့ဆုံမှုလားဆိုတာတော့ အသေအချာ မသိခဲ့ဘူး။

နောက်နှစ် (၂၀၂၅၊မေလ) ထိုင်ပေမှာ ကျင်းပတဲ့ ကွန်ပျူတာနည်းပညာပြပွဲကာလအတွင်း တရုတ်စားသောက်ဆိုင်တခုမှာ Nvidia က ဧည့်ခံတဲ့ ညစာစားပွဲမှာ အလိုက်စ်ဟောင်းကို တွေ့မြင်ခဲ့ရတယ်။ ဟောင်းဟာ ပန်းရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး အခြားတက်ရောက်လာသူတွေနဲ့အတူ တွေ့ရတယ်။ တချိန်မှာ ဂျန်ဆန်ဟောင်းရဲ့လက်တဖက်က အလိုက်စ်ဟောင်းကို ဖက်ထားပြီး အလိုက်စ်ဟောင်းက သူ့ရဲ့ ပါးကို နမ်းနေတာ တွေ့ရတယ်။ သတင်းထောက်တွေနဲ့ စားသောက်ဆိုင်အပြင်ဘက်မှာ တွေ့ဆုံစကားပြောပြီး ဆိုင်ထဲပြန်ဝင်လာတဲ့ ဂျန်ဆန်ဟောင်းရဲ့ ကျောပြင်ကို အလိုက်စ်ဟောင်းက ပွတ်သပ်သွားတာလည်း တွေ့ရတယ်။ သူတို့နှစ်ဦးဟာ စားသောက်ဆိုင်ထဲကနေ ကားတစီးထဲ အတူ ထွက်လာခဲ့ကြတယ်လို့ ဆိုတယ်။

ဒါတွေက အေအက်ဖ်ပီသတင်းမှာ ဖော်ပြခဲ့တဲ့ ဂျန်ဆန်ဟောင်း နဲ့ အလိုက်စ်ဟောင်းတို့ရဲ့ လူမသိသူမသိ တွေ့ဆုံမှု အပိုင်းအစတွေ ဖြစ်တယ်။

သတင်းအဖြစ်က အောက်တိုဘာ(၂၉)ရက်မှာ နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြပါရှိလာတာဖြစ်တယ်။ ဝါရှင်တန်ပို့စ်ကတော့ Nvidia စီအီးအို ဂျန်ဆန်ဟောင်း နဲ့ တွဲနေတဲ့ တရုတ်အမျိုးသမီးဟာ ဘေဂျင်းက စေလွှတ်ထားတဲ့ ထောက်လှမ်းရေး(သူလျှို)တဦးဖြစ်တယ်လို့ ရေးသားတယ်။

ဒီသတင်းထွက်လာပြီး နောက်တနေ့မှာပဲ တရုတ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဒါဟာ “အခြေအမြစ်မရှိတဲ့၊ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲချက်တွေသာ ဖြစ်ပြီး တရုတ်နိုင်ငံကို အပုပ်ချဖို့ တမင်သက်သက်လုပ်ကြံတာ” ဖြစ်တယ်လို့ ပြောဆိုလိုက်တယ်။

Nvidia စီအီးအို ဂျန်ဆန်ဟောင်း နဲ့ သူလျှိုလို့ယူဆရတဲ့ တရုတ်အမျိုးသမီးတို့ရဲ့ ချစ်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဆိုတယ်။

ထရမ့်က တနင်္လာနေ့က သူ ဂျန်ဆင်ဟောင်းနဲ့ စကားပြောခဲ့ကြောင်း၊ တရုတ်သူလျှိုကိစ္စနဲ့ပတ်သက်ပြီး ” အဲဒီ အမျိုးသမီးမှာ သူလျှိုလို့ ယူဆရတဲ့အချက်တွေ တွေ့ခဲ့သလား” လို့ မေးကြည့်တော့ ဂျန်ဆန်က ” သူမကို သူလျှိုလို့ မထင်ခဲ့ဘူး။ သူမကို ကျနော်တကယ်ပဲ ယုံကြည်ခဲ့တယ်” လို့ ဖြေကြောင်း ပြောခဲ့တယ်။

“ဂျန်ဆန်ဟောင်းက ဂုဏ်သိက္ခာရှိသူတဦးပါ။ သူ့ကို ကျုပ်ယုံတယ်” လို့ ထရမ့်က ဂျန်ဆန်ဘက်ကနေ ကာကွယ်ပြောကြားသွားတယ်။

လတ်တလောမှာတော့ အဆင့်မြင့် AI ချစ်ပ်ပြားတွေ ထုတ်လုပ်နေတဲ့ Nvidia စီအီးအို ဂျန်ဆန်ဟောင်း နဲ့ သူလျှိုလို့ ယူဆရတဲ့ တရုတ်အမျိုးသမီး အလိုက်စ်ဟောင်းတို့ရဲ့ လူမသိသူမသိ ဇာတ်လမ်းက အွန်လိုင်းစာမျက်နှာပေါ်မှာ ဟိုးလေးတကြော်ဖြစ်နေသလို အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေး ကျိုးပေါက်မှု ဖြစ်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ လျှို့ဝှက်ထောက်လှမ်းရေးလုပ်ကြံမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေကြပြီဖြစ်တယ်။

ဂျန်ဆန်ဟောင်းကတော့ သူနဲ့ တရုတ်အမျိုးသမီး အလိုက်စ်ဟောင်းတို့ ပတ်သက်ခဲ့တာကို လူသိရှင်ကြားဝန်ခံလိုက်ပေမယ့် သူ့ကုမ္ပဏီ Nvidia နဲ့ အမေရိကန် အမျိုးသားလုံခြုံရေးကိုတော့ သစ္စာမဖောက်ဘူးလို့ ပြောဆိုလိုက်တယ်။ Nvidia၊ ဂျန်ဆန်ဟောင်းနဲ့ တရုတ်သူလျှိုဇာတ်လမ်းနောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြရုံသာ ..။

ref: From affair allegations to Nvidia probe: How the Jensen Huang controversy unfold. CNA
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now