မဲခေါင်၊ စက်တင်ဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။
လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။
“လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ် အဲတာလည်း တစ်ဖွဲ့၊ ဘုရားလာသူတွေ လန့်ကုန်ကြတာ၊ ရဲလာတော့ပြေးကြတာ၊ တချို့လည်း မိသွားတယ်” ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါလူငယ်အချို့မှာ မူးယစ်ဆေးဝါးသုံးစွဲ ထားပုံရကြပြီး မိန်းကလေးကိစ္စ ဖြင့် ရန်ဖြစ်ကြခြင်းဟု ၎င်းက ပြောသည်။
ရှမ်းပြည်တွင် လူငယ်များ အုပ်စုလိုက် ဂိုဏ်းဂ ဏပုံစံမျိုး ဖွဲ့စည်း၍ ရန်ဖြစ်မှုများ ဖြစ်ပွားနေရာ တောင်ကြီး၊ အေးသာယာမြို့များတွင်လည်း မကြာခဏ အုပ်စုလိုက် ချိန်း၍ ရိုက်ပွဲများဖြစ်ပွားနေသည်ဟု သတင်းများက ဖော်ပြသည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#မန်ဆူ
#လူငယ်
#ရန်ဖြစ်








