မဲခေါင်၊ သြဂုတ် ၁၈
ကိုးကန့်တပ် MNDAA ထိန်းချုပ်လောက်ကိုင်မှာ ကျားဖြန့် တရားမဝင်အွန်လိုင်းလောင်းကစားများကို အင်အားသုံးဖမ်းဆီးနေရာ ယနေ့ သြဂုတ်လ ၁၈ ရက်နံနက်ပိုင်းတွင် တယ်လီကွန်ပညာရှင်များအပါအဝင် အမျိုးသမီးများပါ ဖမ်းဆီးရမိကြောင်း သတင်းရင်းမြစ်ထံမှ ကနဦး သိရသည်။
ဖမ်းဆီးရအရေအတွက်ကို သေချာမသိရသော်လည်း ညပိုင်းများတွင်ပါ ဖမ်းဆီးနေကြောင်း သိရသည်။
“ရှေ့ရက်တွေမှာလည်း ဖမ်းနေတာရှိတယ်၊ ဖမ်းမိတဲ့ ခေါင်းဆောင်တွေကိုတော့ ခေါင်းတွေအဝတ်အုပ်ခေါ်သွားတာ ရှိတယ်၊ သူတို့ကို တရုတ်ဖက် ချက်ချင်းပို့တယ်လို့ သိရတယ်၊အသေးစိတ်ထပ်သိရင်ပြောမယ်” ဟု သတင်းရင်းမြစ်က မဲခေါင်ကို ပြောသည်။
အဆိုပါ ဖမ်းဆီးမှုများနှင့်စပ်လျဥ်း၍ MNDAA က သတင်းထုတ်ပြန်မှု ယခုထိ မရှိသေးပေ။ အဆိုပါဖမ်းဆီးမှုများတွင် တရုတ်ရဲများပါဝင်နေကြောင်းပြောသော်လည်း မဲခေါင်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ဩဂုတ် ၁၅ ရက်၊ နံနက် အစောပိုင်းက မူဆယ်မြို့နယ် ၁၀၅ မိုင် အနီး မော်တောင်း ကျေးရွာအုပ်စု ခိုတိန်ရွာမှာ အခြေပြု လှုပ်ရှားနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများ ၏ ဆောက်လက်စ အဆောက်အဦး ဆိုဒ် တခုကို ဝင်ရောက် စီးနင်းမှုတွင် စစ်ကောင်စီနှင့်အတူ တရုတ်ရဲများပါဝင်ခဲ့သည်။
#MeKongNews
#ကိုးကန့်
#MNDAA
#ကျားဖြန့်
#လောက်ကိုင်








