ဆောင်းပါး

ငါးနှစ်အကြာ.. တာလီဘန်လက်အောက်မှာ..

မဲခေါင် 17 Aug - 2026
~ CWM ~ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့မှာ ကဘူးမြို့ကို တာလီဘန်တွေက သိမ်းပိုက်ခဲ့ကြတယ်။ အမေရိကန်တပ်တွေ ကသောကမျောနဲ့ ကဘူးမြို့က ထွက်ပြေးရတဲ့ဖြစ်စဉ်ဟာ သမိုင်းမှာတာ့ ဒုတိယအကြိမ်လို့တောင် ဆိုနိုင်တယ်။ ပထမတကြိမ်က တောင်ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမြို့က ထွက်ပြေးခဲ့ရတာပါ။ ၁၉၇၅ ခုနှစ် ဧပြီလ (၃၀)ရက်မှာ ဗီယက်ကောင်းတွေရဲ့ ထိုးစစ်ကို မခံနိုင်တော့အဆုံး အမေရိကန်တွေ ဆိုင်ဂုံမြို့က ထွက်ပြေးခဲ့ရပြီး ၄၆နှစ်အကြာမှာ ကဘူးမြို့တော်က အမေရိကန်တပ်တွေ ကသောကမျော ထွက်ပြေးခဲ့ရတာပါ။ ဖြစ်စဉ်ချင်းက မတူပေမယ့် ထွက်ပြေးရတာချင်းကတော့ အတူတူပါပဲ။ တာလီဘန်တွေ အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ခဲ့တာ (၅)နှစ်ကြာသွားပါပြီ။ ငါးနှစ်ကြာပြီးချိန်မှာတော့ ဒီနေ့ အာဖဂန်နစ္စတန်ဟာ ဘယ်အခြေအနေကို ဆိုက်ရောက်နေပြီလဲ။ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းများစွာ

~ CWM ~

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့မှာ ကဘူးမြို့ကို တာလီဘန်တွေက သိမ်းပိုက်ခဲ့ကြတယ်။ အမေရိကန်တပ်တွေ ကသောကမျောနဲ့ ကဘူးမြို့က ထွက်ပြေးရတဲ့ဖြစ်စဉ်ဟာ သမိုင်းမှာတာ့ ဒုတိယအကြိမ်လို့တောင် ဆိုနိုင်တယ်။ ပထမတကြိမ်က တောင်ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံမြို့က ထွက်ပြေးခဲ့ရတာပါ။ ၁၉၇၅ ခုနှစ် ဧပြီလ (၃၀)ရက်မှာ ဗီယက်ကောင်းတွေရဲ့ ထိုးစစ်ကို မခံနိုင်တော့အဆုံး အမေရိကန်တွေ ဆိုင်ဂုံမြို့က ထွက်ပြေးခဲ့ရပြီး ၄၆နှစ်အကြာမှာ ကဘူးမြို့တော်က အမေရိကန်တပ်တွေ ကသောကမျော ထွက်ပြေးခဲ့ရတာပါ။ ဖြစ်စဉ်ချင်းက မတူပေမယ့် ထွက်ပြေးရတာချင်းကတော့ အတူတူပါပဲ။

တာလီဘန်တွေ အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ခဲ့တာ (၅)နှစ်ကြာသွားပါပြီ။ ငါးနှစ်ကြာပြီးချိန်မှာတော့ ဒီနေ့ အာဖဂန်နစ္စတန်ဟာ ဘယ်အခြေအနေကို ဆိုက်ရောက်နေပြီလဲ။ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်းများစွာ နပမ်းလုံးနေခဲ့ရတဲ့ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနဲ့ အနိမ့်ကျဆုံး၊ လူ့အခွင့်ရေးချိုးဖောက်ခံရမှုအများဆုံးငတ်မွတ်ခေါင်းပါးမှု၊ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်များနဲ့ လူမှုဒုက္ခမျိုးစုံ ရင်ဆိုင်ကြုံတွေ့ရဆဲပါ။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ(၁၅)ရက် အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ကဘူးမြို့က ဆုတ်ခွါသွားပြီး တာလီဘန်တွေက အာဖဂန်နစ္စတန်ကို သိမ်းပိုက်လိုက်ချိန်ကစလို့ တာလီဘန်အစိုးရကို ကမ္ဘာကြီးက အသိအမှတ်မပြုပါဘူး။ ခုချိန်ထိလည်း အာဖဂန် တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုထားတဲ့နိုင်ငံဆိုလို့ ကမ္ဘာပေါ်မှာ” ရုရှား” တနိုင်ငံပဲ ရှိပါသေးတယ်။ တာလီဘန်အစိုးရကို ကုလသမဂ္ဂကလည်း အသိအမှတ်မပြုလို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။

(၅)နှစ်တာကာလအတွင်း အာဖဂန်နဲ့ တရားဝင်မဟုတ်ပေမယ့် သံတမန်ဆက်ဆံမှုရှိတဲ့ နိုင်ငံအချို့တော့ရှိခဲ့တယ်။အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေးအီး၊ ကာတာ၊ အစရှိတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံများနဲ့ ရုရှား၊ တရုတ် တို့ ပါဝင်တယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုမထားပေမယ့် သံတမန်အဆက်အသွယ်တော့ရှိပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရပြီးကတည်းက စီးပွားရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေတာတွေ့ရတယ်။ ရှင်ကျန်း ဗဟိုအာရှ ရေနံနှင့် သဘာဝဓါတ်ငွေ့ကုမ္ပဏီ(CAPEIC) ဟာ အာဖဂန်မြောက်ပိုင်းမှာ ရေနံတူးဖော်ရှာဖွေရေးလုပ်ကိုင်နေပြီး တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီ( MCC) ကတော့ လိုဂါပြည်နယ်မှာ ကြေးနီသတ္တုတူးဖော်မှု အကြီးအကျယ်ပြုလုပ်နေတယ်။ တရုတ်သတ္တုတူးဖော်ရေးကုမ္ပဏီအများအပြားကလည်း တာခါဒေသမှာ ဒေါ်လာ သန်း ၃၁၀ ရင်းနှီးမြှုပ်နှံပြီး ရွှေတူးဖော်ရေး လုပ်ကိုင်နေတယ်လို့ သိရတယ်။

အာဖဂန်နစ္စတန်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်ပွဲဖြစ်ပွားနေခဲ့ပြီး အခုနောက်ဆုံး အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက် တာလီဘန်လက်အောက်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုများနဲ့အတူ အဆင်းရဲဆုံး ကမ္ဘာ့အထီးကျန်နိုင်ငံဘဝကို ရောက်ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်နိုင်ငံက အာဖဂန်နစ္စတန်မှာ လာရောက်ရင်းနှီးမြှုပ်နှံ စီးပွားရေးလုပ်ကိုင်နေတာဖြစ်တယ်။

အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းစစ် သမိုင်းကြောင်းက ရှည်လျားလွန်းလှတယ်။ ၂၀ ရာစုအကုန်မှာ အာဖဂန်နစ္စတန်ကနေ ဆိုဗီယက်တပ်တွေ ပြန်လည်ဆုတ်ခွါသွားချိန်မှာ တာလီဘန်လက်နက်ကိုင်တွေ ရုတ်တရက် အင်အားကောင်းလာပြီး နောက်ဆုံးမှာ ကဘူးမြို့ကို သိမ်ပိုက်ခဲ့ကြတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်မှာ ဖြစ်တယ်။ တာလီဘန်တော်လှန်ရေးက ပါကစ္စတန်မြောက်

ပိုင်း အာဖဂန်နယ်စပ်ကနေ စတင်ခဲ့တယ်။ ပွတ်ရှ်တွန် ဘာသာစကားနဲ့ ” ကျောင်းသား”လို့ ခေါ်တဲ့ တာလီဘန်တွေဟာ အစ္စလာမ်မစ် အစွန်းရောက် ဘာသာရေးကို အခြေခံတယ်။ ပြင်းထန်တဲ့ ရှားရီးယား ဥပဒေ ပြဌာန်းပြီး အုပ်ချုပ်တယ်။ ဒီ ရှေးဟောင်း အစွန်းရောက်ဥပဒေဟာ အမျိုးသမီးများရဲ့ ဘဝဖြစ်တည်မှုကို လုံးဝကန့်သတ်ထားတယ်။ အမျိုးသမီးတွေဟာအသက်(၁၀)နှစ်ကျော်ရင် ပညာသင်ကြားခွင့် လုံးဝမရှိတော့သလို အိမ်ထဲက အိမ်ပြင်လည်း အလွယ်တကူ ထွက်ခွင့်မရတော့ဘူး။ မျက်နှာနဲ့ ခန္ဓာကိုယ်ကို လုံခြုံအောင် ဖုံးအုပ်ထားရတယ်။ အမျိုးသမီးများ ပညာသင်ကြားခွင့်မရှိသလို အလုပ်လုပ်ခွင့်လည်း မရှိဘူး။ တာလီဘန်တွေဟာ ဘာသာရေးဥပဒေအရ ” ကလေးသူငယ် လက်ထပ်ခွင့်” ကိုလည်း တရားဝင် ခွင့်ပြုထားတယ်။ အမျိုးသားတွေက မုတ်ဆိတ်မွေးရှည်ထားကြရပြီး သီချင်းနားမထောင်ရ၊ တီဗီ၊ရုပ်ရှင်မကြည့်

ရ လို့ ကန့်သတ်ထားတယ်။ လူသတ်မှု၊ အိမ်ထောင်ရေးဖောက်ပြန်မှု အစရှိတဲ့ ရာဇဝတ်မှုကျူးလွန်သူကို လူအများရှေ့မှာ သုတ်သင်ပြီး၊ ခိုးမှု ကျူးလွန်သူတွေကို ခြေဖြတ်၊လက်ဖြတ်၊ အပြစ်ပေးတယ်။ ပြစ်မှုကျူးလွန်သူတွေကို အုပ်စုလိုက် ကြိမ်ဒဏ်ရိုက်အပြစ်ပေးတယ်။

တာလီဘန်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုများအနက် အဆိုးရွားဆုံးတခုကတော့ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားက ၂၀၀၁ခုနှစ်မှာ အာဖဂန်အလယ်ပိုင်းမှာရှိတဲ့ ဘာမီယန် ဗုဒ္ဓရုပ်ပွားတော်ကြီး နှစ်ဆူကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်တာ ဖြစ်တယ်။ ဒီ ရှေးဟောင်းရုပ်ပွားတော်ကြီးတွေဟာ ကျောက်တောင်နံရံတွေကို ထွင်းထုထားတာဖြစ်ပြီး ပေ ၁၈၀ အမြင့်ရှိတယ်။ တာလီဘန်တွေရဲ့ ဖျက်ဆီးမှုကြောင့် သမိုင်းအမွေအနှစ် ဘာမီယန်ရုပ်ပွားတော်တွေဟာ ပျောက်ဆုံးခဲ့ရတယ်။

ပထမအကြိမ် တာလီဘန်တွေရဲ့ အာဏာရရှိမှုဟာ သိပ်မကြာလိုက်ဘူး။ ၂၀၀၁ခုနှစ်စက်တင်ဘာ(၁၁)ရက်မှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တော်က မျှော်စင်ညီနောင်ကို အယ်လ်ကိုင်ဒါ မွတ်ဆလင် အကြမ်းဖက်တွေက လေယာဉ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာက စတင်ခဲ့တဲ့ အမေရိကန်ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးစစ်ပွဲ (War on Terrorism) နဲ့အတူ ခေါင်းဆောင် အိုစမာ ဘင်လာဒင် ပုန်းအောင်းနေတယ်လို့ ယူဆတဲ့ အာဖဂန်နစ္စတန်ကို အမေရိကန်နဲ့ မဟာမိတ်တွေက ၂၀၀၁ခုနှစ် အောက်တိုဘာ(၇)ရက်မှာ စတင်တိုက်ခိုက်ခဲ့ကြတယ်။

တာလီဘန်ခေါင်းဆောင် အိုမာ ထွက်ပြေးတိမ်းရှောင်သွားပြီး ဒီဇင်ဘာလမှာ အမေရိကန်နဲ့ မဟာမိတ်တွေက အာဖဂန်နစ္စတန်ကို အလုံးစုံထိန်းချုပ်ခဲ့တယ်။ အမေရိကန် နဲ့ မဟာမိတ်

တပ်တွေ ဝင်လာပြီးနောက်မှာ တာလီဘန်တွေ ထွက်ပြေးသွားခဲ့ရပြီး ဆယ်စုနှစ် နှစ်စုကြာ ပြောက်ကျားစနစ်နဲ့ အမေရိကန်ကို ပြန်လည်တိုက်ခိုက်နေခဲ့တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခု( ၂၀၀၁-၂၀၂၁) ကာလဟာ အာဖဂန်နစ္စတန်မှာ ဒီမိုကရေစီပြန်ရတဲ့ကာလလို့ ဆိုနိုင်တယ်။ ဘာသာရေးအစွန်းရောက် တာလီဘန်အုပ်ချုပ်ရေးစနစ် မရှိတော့တဲ့နောက် အာဖဂန်အမျိုးသမီးတွေ လွတ်လပ်ခွင့်ပြန်လည်ရရှိသလို၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆို ရေးသားခွင့်တွေ ပြန်လည်ရရှိခဲ့တယ်။ အာဖဂန်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေကို အယ်လ်ကိုင်ဒါအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်မှုတွေ ရှိမကြာခဏ ရှိနေပေမယ့် တာလီဘန်အုပ်ချုပ်ရေးက လွန်မြောက်လာတဲ့ အာဖဂန်မှာ လူ့အခွင့်ရေးနဲ့ လွတ်လပ်ခွင့်တွေ ပြန်လည်ရရှိခဲ့တယ်။

ဒါပေမယ့် ဆယ်စုနှစ် နှစ်စုအကြာမှာတော့ အာဖဂန်မှာ အခြေစိုက်ထားတဲ့ အမေရိကန်တပ်တွေအပေါ် အသေခံဗုံးခွဲတိုက်ခိုက်မှု တိုးပွားလာတာနဲ့အမျှ ရေရှည်တပ်စွဲထားမှုနဲ့ပတ်သက်ပြီးဝေဖန်ကန့်ကွက်မှုတွေရှိလာရှိတဲ့အတွက် သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၁၊ စက်တင်ဘာ(၁၁)မှာ အမေရိကန်တပ်တွေ အာဖဂန်က ပြန်လည်ရုပ်သိမ်းမယ်လို့ ကတိပေးလိုက်တယ်။

အမေရိကန်တပ်တွေ မရုပ်သိမ်းသေးခင်မှာပဲ တာလီဘန်တပ်တွေဟာ ဩဂုတ်လ(၆)ရက်ကစပြီး အလျင်အမြန် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာ (၁၀)ရက်အတွင်း ကဘူးမြို့ကို ဝိုင်းထားနိုင်တဲ့အခြေအနေထိ ရောက်ရှိသွားတယ်။ တာလီဘန်တွေဟာ တမြို့ပြီးတမြို့ မြန်မြန်ဆန်ဆန် သိမ်းပိုက်လာတဲ့ အတွက် အာဖဂန်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရော၊ အမေရိကန်အရာရှိတွေပါ ကဘူးမြို့က ရရာ လေယာဉ်နဲ့ ကသောကမျော ထွက်ပြေးခဲ့ရတယ်။

ဒီဖြစ်စဉ်ဟာ အခု ဩဂုတ်လ(၁၅)ရက်မှာ (၅)နှစ်တိတိ ပြည့်ပြီဖြစ်သလို အာဖဂန်ကို တာလီဘန်အစွန်းရောက်တွေ ပြန်လည်အုပ်ချုပ်တာလည်း (၅)နှစ်ရှိပြီ ဖြစ်တယ်။

အစွန်းရောက် တာလီဘန်အစိုးရ အုပ်ချုပ်မှု (၅)နှစ်ပြည့်တဲ့အချိန်မှာ အာဖဂန်နစ္စတန်ဟာ ကမ္ဘာမှာ လူ့အခွင့်ရေး ချိုးဖောက်ခံရမှုအများဆုံး၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အလုပ်ကိုင်ရှားပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးရွားဆုံးနိုင်ငံတခု ဖြစ်နေတာတွေ့ရတယ်။ အမေရိကန်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲနဲ့အတူ ယခင်က ရရှိနေတဲ့ ကူညီထောက်ပံ့မှုတွေ အားလုံးရပ်ဆိုင်းသွားသလို နိုင်ငံတကာအကူအညီလည်း လျော့နည်းသွားတယ်။

အာဖဂန်နစ္စတန်မှာ အမျိုးသမီး (၂၂)သန်းဟာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်။ တင်းကြပ်တဲ့ ဘာသာရေးစည်းမျဉ်းကြောင့် အမျိုးသမီးတွေဟာ ဦးခေါင်းကအစ ခန္ဓာကိုယ်တခုလုံးကို လုံခြုံအောင် ဖုံးအုပ်ဝတ်ဆင်ရပြီး ပန်းခြံတွေ၊ ဈေးတွေကို အုပ်ထိန်းသူ ယောကျားအဖော်မပါဘဲ သွားလာခွင့်မရှိဘူး။ အသက်(၁၂)နှစ်ကျော်ရင် ဆက်လက်ပညာသင်ကြားခွင့်မရှိတော့တဲ့အတွက် အာဖဂန်အမျိုးသမီး ၂.၆ သန်းဟာ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်ပညာရေးကို ဆက်တက်ခွင့်မရဘဲ ဆုံးရှုံးနေတယ်။

” လူတွေဟာ အလုံးစုံဆင်းရဲခြင်းနဲ့ နေ့စဉ်ဘဝရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရပြီး သူတို့ရဲ့ ပညာရေး၊ အိပ်မက်နဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဘေးဖယ်ထားရတယ်”

“ဒီနေ့အချိန်မှာ အသက်ရှင်ရပ်တည်ရေးထက် ဘာမှ အရေးမကြီးတော့ဘူး။ လူတော်တော်များများလည်း အနာဂတ်အကြောင်းတွေးဖို့ အားအင်နဲ့ အချိန်မရှိတော့ဘူး” လို့ အာဖဂန်အမျိုးသမီးတဦးက ဆိုတယ်။

အာဖဂန်နစ္စတန်ဟာ မိန်းကလေးအားလုံး အလယ်တန်းနဲ့ အထက်တန်းပညာ ဆက်လက်သင်ကြားခွင့်မရရှိတဲ့ ကမ္ဘာပေါ်က တခုတည်းသောနိုင်ငံလည်း ဖြစ်တယ်။

တာလီဘန်တွေ အာဏာပြန်ရလာချိန်က စလို့ အာဖဂန်မှာ စံချိန်တင် လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေခဲ့တယ်။

လွတ်လပ်တဲ့သတင်းမီဒီယာ လုံးဝပျောက်ကွယ်သွားပြီး တင်းကြပ်တဲ့ ဘာသာရေးစည်းမျဉ်းများနဲ့အတူ ရုပ်မြင်သံကြားလိုင်းတွေပျောက်ကွယ်သွားတယ်။ ရုပ်ရှင်ရုံတွေ ပိတ်သွားသလို တေးဂီတနားထောင်ခွင့်လည်း ပိတ်ပင်လိုက်တယ်။ တာလီဘန်အစိုးရကို ဆန့်ကျင်လှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ရုပ်သံတင်ဆက်သူတွေကို ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်းပြီး ထောင်သွင်းအကျဉ်းချတယ်။ အင်တာနက် သုံးစွဲခွင့် ပိတ်ပင်ထားပြီး အင်တာနက်လိုင်းတွေကို မကြာခဏဖြတ်တောက်လေ့ရှိတယ်။

တာလီဘန်တွေရဲ့ ဘာသာရေးစည်းမျဉ်းကြောင့် ရုပ်သံလိုင်းပေါ်မှာ လူပုံတွေ၊ တိရိစ္ဆာန်ပုံတွေကို ဖော်ပြခွင့်မပြုဘဲ သစ်ပင်တွေ၊ မြက်ခင်းတွေ၊ ဗလီအဆောက်အဦးတွေ၊ စာသားတွေကိုပဲ ဖော်ပြခွင့်ရတယ်။ လက်ရှိအချိန်မှာ တာလီဘန်အစိုးရပိုင် ရုပ်သံလိုင်းတခုပဲ ထုတ်လွှင့်နေပြီး အဲဒီရုပ်သံလိုင်းမှာ သတင်းကြေညာသူတွေ၊ လူပုံပါတဲ့ တွေ့ဆုံမေးမြန်းခန်းတွေ လုံးဝပါဝင်ခြင်းမရှိဘူး။

အာဖဂန်ပြည်သူတွေဟာ တာလီဘန်အစိုးရက ပိတ်ပင်တားဆီးထားတဲ့ကြားက မိုဘိုင်းဖုန်းတွေကို VPN ခံပြီး ကြည့်ကြသလို ပြည်ပက ထုတ်လွှင့်တဲ့ အတိုက်အခံတွေရဲ့ ရုပ်သံတွေကိုလည်း ဂြိုလ်တုစလောင်းကတဆင့် ကြည့်ကြတယ်။ သက်ဆိုင်ရာ တာလီဘန် အာဏာပိုင်တွေ တွေ့ရင်တော့ ပြင်းထန်တဲ့ ဥပဒေနဲ့ အရေးယူခံကြရတယ်။

၂၀၂၁ ခုနှစ်၊ အမေရိကန်တွေ ကဘူးမြို့တော်က ဆုတ်ခွါထွက်ပြေးခြင်းမပြုမီအချိန်အထိ အာဖဂန်နစ္စတန်မှာ လွတ်လပ်တဲ့ ရုပ်သံနဲ့ အွန်လိုင်းမီဒီယာအများအပြား ရှိခဲ့ပြီး တာလီဘန်တွေ ထိန်းချုပ်ပြီးနောက်မှာတော့ လုံးဝပျောက်ကွယ်သွားခဲ့တယ်။ အရင်က အမျိုးသမီးများအတွက် ရှိခဲ့တဲ့ အလှပြင်ဆိုင်တွေလည်း ပျောက်ကွယ်သွားတယ်။ တာလီဘန်အစိုးရဟာ တနိုင်ငံလုံးမှာရှိတဲ့ ဗြူတီစလွန်း ၁၂၀၀၀ ကို ပိတ်ပင်ပစ်လိုက်လို့ အမျိုးသမီးအလှပြုပြင်ရေးအလုပ်သမ ၅၀၀၀၀ ကနေ ၆၀၀၀၀ ကြား အလုပ်လက်မဲ့ဖြစ်သွားခဲ့တယ်။

လက်ရှိ တာလီဘန်ဘာသာရေးခေါင်းဆောင် မော်လဝီ ဟိုက်ဘာတူလာ အခွန်ဇာဒါ ဟာ ဘာသာရေးစည်းကမ်းချက် နှုတ်မိန့်တွေကို တခုပြီးတခု ထုတ်ပြန်တယ်။ သူရဲ့ နှုတ်မိန့်တွေဟာ ဥပဒေဖြစ်ပြီး အားလုံးက လိုက်နာကြရတယ်။ မျက်ခုံးတက်တူးထိုးတာ၊ ဆံပင်ဆက်တာ၊ မိတ်ကပ်ပြင်တာတွေဟာ အစ္စလာမ်ဘာသာရေးစည်းကမ်းတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဆိုတယ်။

ဒါ့ကြောင့် ကဘူးမြို့တော်နဲ့ တခြားမြို့ကြီးတွေမှာ မှောင်ခို ဗြူတီးစလွန်းတွေ အများအပြားပေါ်ထွက်လာတယ်။ ဒီဗြူတီစလွန်းတွေဟာ မြေအောက်တိုက်ခန်းများနဲ့ လျှို့ဝှက်အခန်းတွေမှာ ခိုးကြောင်ခိုးဝှက် ဖွင့်လှစ်ရပြီး အာဖဂန်ဘာသာရေးရဲတွေက ဝင်ရောက်စစ်ဆေးလို့ တွေ့ရှိရင် ပြင်းပြင်းထန်တန် အပြစ်ပေးခံကြရတယ်။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာပြန်ရပြီး (၅)နှစ်အကြာမှာ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ ဆိုးရွားမြဲ ဆက်လက်ဆိုးရွားနေတယ်။ ကမ္ဘာကြီးဟာ ယူကရိန်းစစ်ပွဲနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေအပေါ်သာ အာရုံစူးစိုက်နေပြီး ကမ္ဘာကြီးရဲ့တထောင့်တနေရာက လူတွေရဲ့ ဒုက္ခဆင်းရဲတွေကိုမေ့လျော့နေခဲ့ကြတယ်။

အစွန်းရောက် တာလီဘန်အစိုးရရဲ့ ဖိနှိပ်ရက်စက်မှု၊ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကမ္ဘာကြီးက မသိကျိုးကျွံပြုနေတယ်။ အစွန်းရောက် တာလီဘန်အစိုးရကို ကမ္ဘာကြီးက အသိအမှတ် မပြုပေမယ့် ရုရှား တနိုင်ငံတည်းကတော့ သူတို့ကို တရားဝင်အသိအမှတ်ပြုထားတယ်။

စစ်ဘေးသင့် ဒီနိုင်ငံဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရှိပေမယ့် ဒီနိုင်ငံမှာ တရုတ်နိုင်ငံဟာ ဓါတ်သတ္တုရှာဖွေရေး၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး၊ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေကို ၂၀၂၁ခုနှစ် အမေရိကန်နဲ့ မဟာမိတ်တပ်တွေ ကဘူးမြို့က ဆုတ်ခွါသွားပြီးကတည်းက လုပ်ကိုင်နေတာ တွေ့ရတယ်။

#CWM ref: Afghan women tell the BBC their lives are unrecognisable after five years of Taliban rule. Who are the Taliban? and Googl AI.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now