ကမ္ဘာ့သတင်း

ဟူသီအဖွဲ့ထံ ဒုံးကျည်ပစ္စည်းများနှင့် IRGC တပ်မှူးများကို အီရန် ပို့ဆောင်ခဲ့

မဲခေါင် 24 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၄ ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊ ဒုံးကျည်၊ ဒရုန်းဆက်စပ် လက်နက်ကိရိယာများကို ယခုလအတွင်း ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ် ၄ ဦးကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။ IRGC တပ်မှူးများနှင့် စစ်လက်နက်ပစ္စည်းများကို အီရန်က ယီမင်နိုင်ငံသို့ ယခုလ ၁၃ ရက် က လေယာဉ်ဖြင့် ပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသော အီရန်သတင်းရင်းမြစ် ၂ ဦး၊ ယီမင်ပြန်ကြားရေးဝန်ကြီးနှင့် ဒေသတွင်း လုံခြုံရေးဆန်းစစ်လေ့လာသူတစ်ဦးက ပြောကြားခဲ့ကြောင်း

မဲခေါင်၊ ဇူလိုင် ၂၄

ပင်လယ်နီမှ ရေကြောင်းသွားလာမှုကို ခြိမ်းခြောက်နေသော ဟူသီမဟာမိတ်များ၏ စွမ်းရည်များ တောင့်တင်းလာစေရေး အီရန်၏ ကြိုးပမ်းမှုအဖြစ် ယီမင်နိုင်ငံမှ ၎င်းတို့မဟာမိတ် ဟူသီအဖွဲ့ထံသို့ အီရန်တော်လှန်ရေး အစောင့်တပ် – IRGC တပ်မှူးများ၊ စစ်ရေးအကြံပေးများ၊ ဒုံးကျည်၊ ဒရုန်းဆက်စပ် လက်နက်ကိရိယာများကို ယခုလအတွင်း ပေးပို့ခဲ့ကြောင်း သတင်းရင်းမြစ် ၄ ဦးကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။

IRGC တပ်မှူးများနှင့် စစ်လက်နက်ပစ္စည်းများကို အီရန်က ယီမင်နိုင်ငံသို့ ယခုလ ၁၃ ရက် က လေယာဉ်ဖြင့် ပေးပို့ခဲ့သည်ဟု အမည်မဖော်လိုသော အီရန်သတင်းရင်းမြစ် ၂ ဦး၊ ယီမင်ပြန်ကြားရေးဝန်ကြီးနှင့် ဒေသတွင်း လုံခြုံရေးဆန်းစစ်လေ့လာသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

မာဟန်လေကြောင်းလိုင်း ခရီးစဉ်တွင် အကြီးတန်းတပ်မှူးများ အပါအဝင် IRGC အရာရှိကြီး ၁၀ ဦးမှ ၁၂ ဦး အထိ လိုက်ပါခဲ့ကြောင်း အီရန်သတင်းရင်းမြစ် ၂ ဦးက ဆိုသည်။

မူလက ဟူသီတို့ ထိန်းချုပ်ထားသော ယီမင်မြို့တော် ဆာနား လေဆိပ်၌ ဆင်းသက်ရန် ဖြစ်သော်လည်း ဆော်ဒီထောက်ခံသော နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရ၏ ဆာနားလေဆိပ်အပေါ် တိုက်ခိုက်မှုကြောင့် ၎င်းလေယာဉ်သည် ဟူသီတို့၏ အမာခံဒေသရှိ ဟိုဒေးဒါလေဆိပ်တွင် ပြောင်းလဲဆင်းသက်ခဲ့ရသည်။

ဟူသီတို့၏ စစ်ဆင်ရေးများကို ကူညီရန်နှင့် ဒုံးကျည်စနစ်သစ်များအတွက် လေ့ကျင့်ပေးရန် အီရန်တပ်မှူးများကို ယီမင်သို့ စေလွှတ်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။

ယီမင်နိုင်ငံမှ အီရန်မဟာမိတ်ဟူ သီအဖွဲ့သည် ဆော်ဒီထောက်ခံသော နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရ နှင့် ၁၀ နှစ်ကျော်ကြာ ပြည်တွင်းစစ်တွင် ပါဝင်ပတ်သက်နေပြီး ပင်လယ်ကွေ့အိမ်နီးချင်းနိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

အီရန်ကမူ ဟူသီအဖွဲ့အား ဒုံးကျည်များ၊ ဒုံးကျည်နည်းပညာများဖြင့် ထောက်ပံ့ပေးခြင်း မရှိကြောင်း အကြိမ်ကြမ် ငြင်းဆိုခဲ့သည်။

ယင်းအပေါ် မှတ်ချက်ပေးရန် အတွက်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ချက်ချင်းဆက်သွယ်၍ မရခဲ့ကြောင်း သတင်းက ဖော်ပြသည်။

ဟူသီတို့ကလည်း အီရန်၏ လက်ဝေခံဖြစ်သည်ဆိုခြင်းကို ငြင်းဆိုပြီး ဒုံးကျည်များကို ၎င်းတို့ဘာသာ ထုတ်လုပ်ကြောင်း ယခင်က ပြောကြားသည်။

အေးကျော်
Ref:Reuters
#MeKongNews
#ဟူသီအဖွဲ့
#ဒုံးကျည်ပစ္စည်းများ
#IRGC တပ်မှူးများ
#ပို့ဆောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now