နေ့စဥ်သတင်း

ဦးခွန်ဥက္ကာ၏ PNLO NCA-S အမည်ဖြင့် ထုတ်ပြန်ချက်များအားလုံး အဖွဲ့အစည်း၏ တရားဝင်ကိုယ်စားပြုမှု မဟုတ်ဟု PNLO ရှင်းလင်း

မဲခေါင် 30 Jun - 2026
မဲခေါင်၊ ဇွန် ၃၀ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ တရားဝင်တည်ရှိမှုနှင့် စပ်လျဉ်း၍ ဇွန်၂၄ ရက်တွင် ဦးခွန်ဥက္ကာ “PNLO” အမည်ဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ညီလာခံ၏ အမြင့်ဆုံးအာဏာ၊ အဖွဲ့အစည်း၏ တရားဝင်ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့်အပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် PNLO အနေဖြင့် ယနေ့ ဇွန် ၃၀ ရက်တွင် ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လာသည်။ ယင်းထုတ်ပြန်ချက်တွင် ဦးခွန်ဥက္ကာသည် PNLO ၏ တတိယအကြိမ်ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်အရွေးခံခြင်း မရှိသကဲ့သို့၊ ဗဟိုကော်မတီဝင်အဖြစ် ညီလာခံက ရွေးကောက်တင်မြှောက်ခဲ့ခြင်းလည်း မရှိဘဲ PNLO ၏

မဲခေါင်၊ ဇွန် ၃၀

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ တရားဝင်တည်ရှိမှုနှင့် စပ်လျဉ်း၍ ဇွန်၂၄ ရက်တွင် ဦးခွန်ဥက္ကာ “PNLO” အမည်ဖြင့် ထုတ်ပြန်ခဲ့သော ကြေညာချက်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ညီလာခံ၏ အမြင့်ဆုံးအာဏာ၊ အဖွဲ့အစည်း၏ တရားဝင်ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့်အပြင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင်သဖြင့် PNLO အနေဖြင့် ယနေ့ ဇွန် ၃၀ ရက်တွင် ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်လာသည်။

ယင်းထုတ်ပြန်ချက်တွင် ဦးခွန်ဥက္ကာသည် PNLO ၏ တတိယအကြိမ်ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ဝင်ရောက်အရွေးခံခြင်း မရှိသကဲ့သို့၊ ဗဟိုကော်မတီဝင်အဖြစ် ညီလာခံက ရွေးကောက်တင်မြှောက်ခဲ့ခြင်းလည်း မရှိဘဲ PNLO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဗဟိုကော်မတီက ၎င်းအား နာယကအဖြစ်သာ တာဝန်ပေးခန့်အပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နာယက ဦးခွန်ဥက္ကာသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်တွင် အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သူဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်သော နန်းယဉ်ယဉ်စိုးလည်း ဗဟိုကော်မတီအစည်းအဝေးတွင် အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း နှုတ်ဖြင့်တင်ပြခဲ့သည်ဟု ပါရှိသည်။

အဆိုပါနုတ်ထွက်မှုများကို PNLO ဗဟိုကော်မ တီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လက်ခံခွင့်ပြုရန် ဆွေးနွေးဆုံးဖြတ်ခြင်း မပြုရသေးမီတွင် ၎င်းတို့သည် PNLO ၏ အမည်ကို အခြေခံ၍ “PNLO NCA-S” ဟူသော အမည်ဖြင့် အဖွဲ့အစည်းအသစ်တစ်ခုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်ဟု ဆိုသည်။

ဗဟိုကော်မတီက ယင်းဆောင်ရွက်ချက်သည် PNLO ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် သည့် လုပ်ရပ်ဖြစ်ကြောင်း သုံးသပ်ဆုံးဖြတ်ခဲ့ပြီး၊ ၎င်းတို့အား အဖွဲ့ချုပ်မှ စည်းကမ်းအရ ထုတ်ပယ်ကြောင်းနှင့် လာမည့်စတုတ္ထအကြိမ်ညီလာခံတွင် အယူခံပိုင်ခွင့်ရှိကြောင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

သို့ဖြစ်၍ PNLO မှ မိမိတို့၏ ဆန္ဒအလျောက် နုတ်ထွက်ပြီးသူများ၊ ထုတ်ပယ်ခံရသူများသည် PNLO ၏ အမည်ကိုအသုံးပြု၍ အဖွဲ့အစည်း၊ တပ်ဖွဲ့စည်းခွင့် မရှိပါ။ နိုင်ငံရေးသဘောတူညီချက်များ ပြုလုပ်ခြင်းအပါအဝင် ပြည်တွင်း၊ ပြည်ပ၌ PNLO ကို ကိုယ်စားပြု၍ တရားဝင်ဆောင်ရွက်ပိုင်ခွင့်လည်း မရှိပါ။

ထို့ကြောင့် PNLO NCA-S သည် PNLO ကို တရားဝင်ကိုယ် စားပြုသော အဖွဲ့အစည်းမဟုတ်ကြောင်း ထပ် လောင်းရှင်းလင်းအပ်ပါသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“PNLO NCA-S အမည်ဖြင့် ထုတ်ပြန်သော စာတမ်းများ၊ ခန့်အပ်စာများ၊ ကိုယ်စားပြုစာများနှင့် အခြားဆက်သွယ်ဆောင်ရွက်မှုများကို PNLO ၏ တရားဝင်သဘောထား သို့မဟုတ် တရားဝင်ကိုယ်စားပြုမှုအဖြစ် မမှတ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု ယခုထုတ်ပြန်ချက်အပေါ် PNLO ၏ စစ်ရေးဆိုင်ရာပြောခွင့်ရှိသူ ခွန်ရိန်းယံက မဲခေါင်သို့ အတည်ပြု ပြောဆိုသည်။

သို့ပါ၍ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs)၊ နိုင်ငံရေးအင်အားစုများ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ သံတမန်အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် သတင်းမီဒီယာများအနေဖြင့် PNLO နှင့်သက်ဆိုင်သော တရားဝင်သတင်းအချက်အလက်များကို PNLO ညီလာခံမှ ရွေးကောက် တင်မြှောက်ထားသော ဗဟိုကော်မတီ၏ တရားဝင်ထုတ်ပြန်ချက်များအပေါ်တွင်သာ အခြေခံဆောင်ရွက်ကြပါရန် လေးစားစွာ အသိပေးထားသည်။

#MeKongNews
#ဦးခွန်ဥက္ကာ
#PNLO
#ထုတ်ပြန်ချက်များ
#အဖွဲ့အစည်း
#တရားဝင်ကိုယ်စားပြုမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now