ကမ္ဘာ့သတင်း

သင်္ဘောသား ၃ ဦး သေဆုံးခဲ့ပြီးနောက် သင်္ဘောများကို အမေရိကန် တိုက်ခိုက်မှုများ ရပ်တန့်ရန် အိန္ဒိယ တောင်းဆို

မဲခေါင် 12 Jun - 2026
မဲခေါင်၊ ဇွန် ၁၂ သင်္ဘောသား ၃ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှု အပါအဝင် အိန္ဒိယသင်္ဘောသားများ လုပ်ကိုင်နေသော ရေနံတင်သင်္ဘောများအပေါ် အမေရိကန်၏ တိုက်ခိုက်မှု ၃ ကြိမ် ယခုသီတင်းပတ်အတွင်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရေကြောင်းသွားလာသော သင်္ဘောများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် အိန္ဒိယက အမေရိကန်ကို တိုက်တွန်းပြောကြားလိုက်သည်။ သင်္ဘော ၈ စီးကို ခရီးမဆက်နိုင်အောင် လုပ်ခဲ့ပြီး ၁၀၀ ကျော်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့သည့် ဧပြီ ၁၃ ရက်တွင် စတင်ခဲ့သော အီရန်‌အပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုတွင် အိန္ဒိယသင်္ဘောသားများ သေဆုံးမှုသည် ပထမဆုံး လူသေဆုံးမှု သတင်းဖြစ်သည်။ “အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အဆုံးသတ်ရပါမယ်”

မဲခေါင်၊ ဇွန် ၁၂

သင်္ဘောသား ၃ ဦး သေဆုံးခဲ့သော တိုက်ခိုက်မှု အပါအဝင် အိန္ဒိယသင်္ဘောသားများ လုပ်ကိုင်နေသော ရေနံတင်သင်္ဘောများအပေါ် အမေရိကန်၏ တိုက်ခိုက်မှု ၃ ကြိမ် ယခုသီတင်းပတ်အတွင်း ဖြစ်ပေါ် ခဲ့ပြီးနောက် ရေကြောင်းသွားလာသော သင်္ဘောများအပေါ် တိုက်ခိုက်နေမှုများကို ရပ်တန့်ရန် အိန္ဒိယက အမေရိကန်ကို တိုက်တွန်းပြောကြားလိုက်သည်။

သင်္ဘော ၈ စီးကို ခရီးမဆက်နိုင်အောင် လုပ်ခဲ့ပြီး ၁၀၀ ကျော်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့သည့် ဧပြီ ၁၃ ရက်တွင် စတင်ခဲ့သော အီရန်‌အပေါ် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုတွင် အိန္ဒိယသင်္ဘောသားများ သေဆုံးမှုသည် ပထမဆုံး လူသေဆုံးမှု သတင်းဖြစ်သည်။

“အဲဒီလို တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အဆုံးသတ်ရပါမယ်” ဟု အိန္ဒိယနိုင်ငံခြား‌‌ရေးဝန်ကြီးဌာန ပြောခွင့်ရသူ ရန်ဒါးဂျိုင်စဝယ်လ်က ပြောကြားပြီး ဒေသတွင်း ငြိမ်းချမ်း‌ရေးနှင့် တည်ငြိမ်မှု ပြန်ရရန် ဆွေးနွေးမှုနှင့် သံတမန်ရေးကို တောင်းဆိုကြောင်းလည်း ပြောခွင့်ရသူက ဆက်ပြောသည်။

ယမန်နေ့က လူသေဆုံးသော တိုက်ခိုက်မှု အပါအဝင် ယခုသီတင်းပတ်အတွင်းမှာပင် အိန္ဒိယသင်္ဘောသားများ တာဝန်ထမ်းဆောင်နေသည့် သင်္ဘော ၃ စီးကို အမေရိကန်ရေတပ်က တိုက်ခိုက်ခဲ့ကြောင်း ဂျိုင်စဝယ်လ်က ပြောသည်။

အိုမန်နိုင်ငံကမ်းလွန်တွင် Settebello ရေနံတင်သင်္ဘော တိုက်ခိုက်ခံရပြီး အိန္ဒိယသင်္ဘောသား ၃ ဦး သေဆုံးခဲ့ခြင်းကြောင့် နယူးဒေလီမြို့မှ အမေရိကန်သံရုံး တာဝန်ခံကိုလည်း အိန္ဒိယနိုင်ငံခြားရေးက ဆင့်ခေါ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

Settebello ရေနံတင်သင်္ဘောသည် အမေရိကန်ရေတပ်၏ ညွှန်ကြားချက်များကို လိုက်နာရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်လေယာဉ်တစ်စီးက သင်္ဘော၏ အင်ဂျင်ခန်းကို ပစ်မှတ်ထား၍ တိကျသောတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် – Central Command က ပြောကြားသည်။

အီရန်၏ ရေနံများကို သယ်ယူပို့ဆောင်ရန် ကြိုးစားခြင်းဖြင့် Settebello ရေနံတင်သင်္ဘောက တားဆီးပိတ်ဆို့မှုများကို ချိုးဖောက်ခဲ့ကြောင်း အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောကြားသော်လည်း ၎င်းသင်္ဘောသည် အီရန် သို့မဟုတ် အီရန်ရေနံနှင့် မည်သို့မျှ ပတ်သက်ဆက်စပ်မှု မရှိကြောင်း သင်္ဘောကို စီမံခန့်ခွဲနေသော IOS Marine FZE က အိန္ဒိယသင်္ဘောသားများသမဂ္ဂ၏ X လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားသည်။

အေးကျော်
Ref:Reuters
#MeKongNews
#သင်္ဘောသား
#အမေရိကန်
#တိုက်ခိုက်မှုများ
#အိန္ဒိယ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now