နေ့စဥ်သတင်း

တရုတ်နံပတ်ပြားကားဖြင့် ဘီယာဖာပေါင်း ၄ ထောင်နီးပါး တင်ဆောင်ကာ လားရှိုးသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

မဲခေါင် 6 Jun - 2026
မဲခေါင်၊ ဇွန် ၆ တရုတ်နံပါတ်ကားဖြင့် တရုတ်ဘီယာဖာပေါင်း ၄ ထောင်နီးပါး သယ်ဆောင်လာကာ လားရှိုးမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီ၏ စုပေါင်းစစ်ဆေးရေးဂိတ်က ယမန်နေ့တွင် ဖမ်းဆီးမိခဲ့သည်။ ယမန်နေ့ နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံသားတစ်ဦးမောင်းနှင်ပြီး တရုတ်နံပါတ်ပြား တပ်ဆင်ထားသည့် ၁၂ ဘီး ကုန်တင်ကားတစ်စီးသည် လားရှိုးမြို့ရှောင်လမ်းမှတဆင့် စစ်ကောင်စီ စုပေါင်းစစ်ဆေးရေးဂိတ် ရှိသည့် လားရှိုးမြို့အဝင်သို့ ရောက်ရှိလာခဲ့ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းဖမ်းဆီးရမိသည့် ကားပေါ်တွင် တရုတ်နိုင်ငံထုတ် Dan Niya တံဆိပ် တစ်ဖာလျှင် ၂၄ လုံးပါ ဘီယာဖာပေါင်း ၃၈၅၀ ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိသည်ဟု လားရှိုးမြို့ခံ သတင်းရင်းမြစ်ထံမှ သိရသည်။

မဲခေါင်၊ ဇွန် ၆

တရုတ်နံပါတ်ကားဖြင့် တရုတ်ဘီယာဖာပေါင်း ၄ ထောင်နီးပါး သယ်ဆောင်လာကာ လားရှိုးမြို့သို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားတစ်ဦးကို စစ်ကောင်စီ၏ စုပေါင်းစစ်ဆေးရေးဂိတ်က ယမန်နေ့တွင် ဖမ်းဆီးမိခဲ့သည်။

ယမန်နေ့ နံနက် ၁၀ နာရီတွင် တရုတ်နိုင်ငံသားတစ်ဦးမောင်းနှင်ပြီး တရုတ်နံပါတ်ပြား တပ်ဆင်ထားသည့် ၁၂ ဘီး ကုန်တင်ကားတစ်စီးသည် လားရှိုးမြို့ရှောင်လမ်းမှတဆင့် စစ်ကောင်စီ စုပေါင်းစစ်ဆေးရေးဂိတ် ရှိသည့် လားရှိုးမြို့အဝင်သို့ ရောက်ရှိလာခဲ့ရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းဖမ်းဆီးရမိသည့် ကားပေါ်တွင် တရုတ်နိုင်ငံထုတ် Dan Niya တံဆိပ် တစ်ဖာလျှင် ၂၄ လုံးပါ ဘီယာဖာပေါင်း ၃၈၅၀ ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိသည်ဟု လားရှိုးမြို့ခံ သတင်းရင်းမြစ်ထံမှ သိရသည်။

“လားရှိုးမြို့အဝင်မှာက တပ်ရော ရဲရော လဝကရောအကုန်ထိုင်တဲ့ စုပေါင်းဂိတ်လေ တရုတ်ကားကလည်း အဲ့ဂိတ်တည့်တည့်ကိုမှ ရောက်လာတော့ အဖမ်းခံလိုက်ရတာပေါ့။ ဂိတ်ရှေ့ ရောက်လာမှတော့ မဖမ်းလို့လည်း မရတော့ဘူးလေ။ သူက မြို့ရှောင်လမ်းဆုံကနေ ကိုးကန့်ထိန်းချုပ်တဲ့ မယ်ဟန်ရွာကို ကုန်ပို့ဖို့ သွားတာ လမ်းမှားပြီး ရောက်လာတော့ အဖမ်းခံလိုက်ရတာ”ဟု လားရှိုးရဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

ယင်းဖမ်းဆီးရမိသည့် တရုတ်ကားပေါ်တွင် ယာဉ်မောင်းတစ်ဦးသာ ပါရှိပြီး ယာဥ်မောင်းမှာ တရုတ်နိုင်ငံသားကတ်၊ တရုတ်နိုင်ငံ ယာဥ်မောင်းလိုင်စင် ကိုင်ဆောင်ထားပြီး ကိုးကန့်တပ်ဖွဲ့ထိန်းချုပ်ထားသည့် ချင်းရွှေဟော်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုးမြို့ရှောင်လမ်းအတိုင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင် ရှမ်းမြောက်တွင်ရှိသည့် တရုတ် – မြန်မာ နယ်စပ်ဂိတ်အများစုကို ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်လျက်ရှိရာ ယင်းဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသားများသည် ၎င်းတို့၏ ကိုယ်ပိုင်ကားများဖြင့် ကွတ်ခိုင်၊ ကွမ်းလုံ၊ သိန္နီ၊ လားရှိုးမြို့နယ်များအတွင်းပိုင်းထိ ဝင်ထွက်သွားလာနေကြသည်။

#MeKongNews
#တရုတ်နံပတ်ပြားကား
#ဘီယာဖာ
#လားရှိုး
#တရုတ်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now