နေ့စဥ်သတင်း

ပင်လောင်းမြို့နယ် တင်းထက်ကျေးရွာတွင် မီးကြိုးလဲခအဖြစ် တစ်အိမ်လျှင် ကျပ် ၂ သိန်းကျော် EPC ရုံးစောင့်က ကောက်ခံနေ

မဲခေါင် 26 May - 2026
မဲခေါင်၊ မေ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တင်းထက်ကျေးရွာတွင် EPC ရုံးစောင့်နေသူ ခွန်ထွန်းဟန်က မီးကြိုးအသစ် လဲလှယ်ရန်ဆိုပြီး ရွာသားများထံမှ တစ်အိမ်လျှင် ကျပ် ၂ သိန်းခွဲကျော်အထိ ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ တင်းထက်ကျေးရွာသည် လျှပ်စစ်မီး အသုံးပြုလာသည်မှာ ၁၀ နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး လက်ရှိ အသုံးပြုနေသည့် မီးကြိုးများမှာ သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် တစ်ရွာလုံး မီးကြိုးအသစ်များ ပြန်လည် လဲလှယ်ရမည်ဟု EPC ရုံးစောင့်သူ ခွန်ထွန်းဟန်က ရွာသားများကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ “တခြားရွာတွေလည်း မီးယူတာ ၁၀ နှစ်ကျော်နေပြီ။ ဒါပေမယ့် အခုလို ငွေအများကြီး ကောက်ပြီး

မဲခေါင်၊ မေ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တင်းထက်ကျေးရွာတွင် EPC ရုံးစောင့်နေသူ ခွန်ထွန်းဟန်က မီးကြိုးအသစ် လဲလှယ်ရန်ဆိုပြီး ရွာသားများထံမှ တစ်အိမ်လျှင် ကျပ် ၂ သိန်းခွဲကျော်အထိ ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ တင်းထက်ကျေးရွာသည် လျှပ်စစ်မီး အသုံးပြုလာသည်မှာ ၁၀ နှစ်ကျော်ခန့် ရှိပြီဖြစ်ပြီး လက်ရှိ အသုံးပြုနေသည့် မီးကြိုးများမှာ သက်တမ်းလွန်နေပြီ ဖြစ်သဖြင့် တစ်ရွာလုံး မီးကြိုးအသစ်များ ပြန်လည် လဲလှယ်ရမည်ဟု EPC ရုံးစောင့်သူ ခွန်ထွန်းဟန်က ရွာသားများကို အကြောင်းကြားခဲ့ကြောင်း သိရသည်။

“တခြားရွာတွေလည်း မီးယူတာ ၁၀ နှစ်ကျော်နေပြီ။ ဒါပေမယ့် အခုလို ငွေအများကြီး ကောက်ပြီး မီးကြိုးလဲခိုင်းတာ မကြားဖူးဘူး။ ခုက တင်းထက်တစ်ရွာတည်း ဖြစ်နေတာ။ ခုလဲခိုင်းတာကလည်း မြို့နယ်ကနေ လဲခိုင်းတာမဟုတ်ဘူး၊ ရွာမှာ မီးစောင့်နေတဲ့ ခွန်ထွန်းဟန်က လဲခိုင်းတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် မီးကြိုးမလဲပါက လက်ရှိ အသုံးပြုနေသည့် မီးလိုင်းများနှင့် လျှပ်စစ်မီတာဘောက်များကို ပြန်လည် ဖြုတ်သိမ်းသွားမည်ဟုလည်း ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

“ရွာသားတွေက အခုလို တစ်အိမ်ကို နှစ်သိန်းကျော်ပေးရတာ အခက်အခဲများတယ်။ မပေးနိုင်တဲ့ အိမ်တွေလည်းရှိတယ်။ မီးဖြုတ်မယ်ဆိုပြီး ပြောတော့ လူတွေက စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာလည်း လျှပ်စစ်မီးအသုံးပြုလာသည်မှာ ၁၀ နှစ်ကျော် ရှိနေပြီဖြစ်သော်လည်း ယခုကဲ့သို့ တစ်ရွာလုံး မီးကြိုးလဲခအဖြစ် ငွေကောက်ခံနေခြင်းမှာ တင်းထက် တစ်ရွာတည်းသာ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံများ၏ အဆိုအရ မီးကြိုးလဲလှယ်ရန် ငွေကောက်ခံနေသူ ခွန်ထွန်းဟန်မှာ PNO တပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်နေသဖြင့် ရွာသားများအနေဖြင့် ကြောက်ရွံ့စိုးရိမ်မှုများ ရှိနေပြီး တိုက်ရိုက် မေးမြန်းပြောဆိုရန်ပင် ခက်ခဲနေကြောင်း သိရသည်။

“PNO တပ်ဖွဲ့ဝင်လည်း ဖြစ်နေတော့ ရွာသားတွေက ကြောက်ပြီး မပြောရဲကြဘူး။ အထက်က တာဝန်ရှိသူတွေက ဒီကိစ္စကို စိစစ်ပေးစေချင်တယ်” ဟုလည်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

လက်ရှိတွင် ရွာသားများအနေဖြင့် မီးကြိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ကုန်ကျစရိတ်များ၊ လုပ်ငန်းဆောင်ရွက်ပုံများကို ပွင့်လင်းမြင်သာစွာ သိရှိလိုနေကြပြီး ယင်းကိစ္စအား သက်ဆိုင်ရာ အထက်တာဝန်ရှိသူများမှ စိစစ်ဖြေရှင်းပေးရန် တောင်းဆိုနေကြသည်။

တင်းထက်ကျေးရွာသည် ပင်လောင်းမြို့၏ အရှေ့တောင်ဘက် တောင်အမြင့်ပိုင်းတွင် တည်ရှိနေသော ကျေးရွာကြီး တစ်ရွာဖြစ်ပြီး အိမ်ခြေ ၂ ထောင်နီးပါးရှိကာ ပအိုဝ်းတိုင်းရင်းသားများ အများစု နေထိုင်ကြကြောင်း သိရသည်။

#MeKongNews
#ပင်လောင်းမြို့နယ်
#တင်းထက်ကျေးရွာ
#မီးကြိုးလဲခ
#EPC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now