နေ့စဥ်သတင်း

ဆက်ကြေးငွေ အဝေမတည့်သဖြင့် PNO သယ်လာသည့် မှောင်ခိုကုန်ကားများကို PNO နှင့် စစ်တပ်ပေါင်းပြီး ပြန်ဖမ်း

မဲခေါင် 25 May - 2026
မဲခေါင်၊ မေ ၂၅ တရားမဝင် တရုတ်ကုန်စည်မှောင်ခိုင်ပို့ဆောင်မှုမှ ရရှိသည့် ဆက်ကြေးငွေများ အဝေမတည့်သဖြင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် သယ်လာသည့် မှောင်ခိုကုန်ကားများကို PNO နှင့် ရပခတို့ ပေါင်းကာ ပြန်လည်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာရှိ PNO ပြည်သူ့စစ်စခန်းကို ဗဟိုအဖွဲ့က စစ်ကောင်စီနှင့်အတူ ပြန်လည် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မှောင်ခိုပစ္စည်းများ သယ်ဆောင်သည့် ၁၂ ဘီးကာ ၁၂ စီးကို သိမ်းဆည်းသွားခဲ့သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။ ပြီးခဲ့သည့်မေလ ၂၂ နေ့တွင် ရပခ တိုင်းမှူးနှင့် ပီအဲန်အို အသွင်ပြောင်း ပြည်သူ့စစ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်မှူးကြီးမြင့်အောင်၊ ဗိုလ်မှူးကြွယ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယင်းသို့

မဲခေါင်၊ မေ ၂၅

တရားမဝင် တရုတ်ကုန်စည်မှောင်ခိုင်ပို့ဆောင်မှုမှ ရရှိသည့် ဆက်ကြေးငွေများ အဝေမတည့်သဖြင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် သယ်လာသည့် မှောင်ခိုကုန်ကားများကို PNO နှင့် ရပခတို့ ပေါင်းကာ ပြန်လည်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

တောင်ကြီးမြို့နယ်၊ ဘန့်ကွေးကျေးရွာရှိ PNO ပြည်သူ့စစ်စခန်းကို ဗဟိုအဖွဲ့က စစ်ကောင်စီနှင့်အတူ ပြန်လည် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မှောင်ခိုပစ္စည်းများ သယ်ဆောင်သည့် ၁၂ ဘီးကာ ၁၂ စီးကို သိမ်းဆည်းသွားခဲ့သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်မေလ ၂၂ နေ့တွင် ရပခ တိုင်းမှူးနှင့် ပီအဲန်အို အသွင်ပြောင်း ပြည်သူ့စစ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်မှူးကြီးမြင့်အောင်၊ ဗိုလ်မှူးကြွယ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ယင်းသို့ သွားရောက်သိမ်းဆည်းခြင်းဖြစ်ပြီး ၁၂ဘီးကား ၁၂စီး ကနဦးသိမ်းဆည်းခံလိုက်ရကြောင်းကြားသိရကြောင်း သတင်းရင်းမြစ်ကဆိုသည်။

“ဗိုလ်မှူးအဆင့်တွေက မှောင်ခိုပစ္စည်းတွေကို လက်ခံပြီး သယ်ယူပေးနေတာကို အရင်ကတည်းက လုပ်နေကြတာပါ။ အခုက ဆက်ကြေးကိစ္စအဝေမတည့်လို့ ထင်တယ်။ စစ်တပ်နဲ့ ဗဟိုကလူတွေ ပြန်လာဖမ်းတာ ၁၂ဘီးကားတွေ ၁၀ စီးကျော်နဲ့ တရုတ်ကလာတဲ့ မှောင်ခိုပစ္စည်းတွေ အကုန်သိမ်းသွားတယ်”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

ယင်းဖမ်းဆီးမှုအတွင်း ၁၂ဘီး ၁၂ စီး၊ စခန်းအတွင်းသိမ်းထားသည့် မှောင်ခိုပစ္စည်းများနှင့် လူအချို့ အဖမ်းခံရသည်ဟု သတင်းရရှိသော်လည်း အဖမ်းခံရသည့် လူဦးရေအတိအကျကိုမူ မသိရသေးပေ။

“ရှမ်းမြောက်က လာတဲ့ တရုတ်ကုန်စည်တွေကို PNOက ရပ်စောက်၊ ဖာလိုင်ဖက်ကနေ တောင်ကြီး၊ အောင်ပန်းကို ဆက်ကြေးယူပြီး လမ်းကြောင်းရှင်းပေးတယ်။ ကိုယ်တိုင်လည်း ကယ်ရီယူပြီး ပို့ပေးတာမျိုးလုပ်တာ ၂၀၂၃ကတည်းကပဲ။ ၁၂ ဘီးကာတစ်စီးကို သိန်း ၃၀၀ နဲ့အထက် ဆက်ကြေးရတယ်။ ရတဲ့ဆက်ကြေး အဝေမတည့်လို့ အခုက ရက် ၁၀၀ နဲ့ ရောကြိတ်လိုက်ကြတာ”ဟု သတင်းရင်းမြစ်ကပြောသည်။

ဘန့်ကွေးစခန်းသည် ကုန်သည်များ၏ တရားမဝင်ကုန်သွယ်မှုမှ ကုန်စည်များကို ခေတ္တ သိုလှောင်သိမ်းဆည်းရာ နေရာဖြစ်ပြီးကုန်သည် များမှ အခွန်အခများကို ပေးဆောင်ရာနေရာလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကားဆရာတွေထံက သိရသမျှ တရားမဝင်ကုန်သွယ်ရေးလမ်းကြောင်းကနေမှ ရတဲ့ ဆက်ကြေးတွေ၊ ခရီးတစ်ခေါက်၊ ကားတစ်စီးကနေ ပေးရတဲ့ အခွန်တွေကလည်း တစ်ရက်၊ တစ်ရက် နည်းတာမှမဟုတ်ပဲကိုး” ဟု နောက်ထပ် ဒေသခံသတင်းရင်းမြစ်က ဆိုသည်။

လားရှိုး မှ တောင်ကြီးမြောက်ဘက် ဖာလိုင်ကျေးရွာ စခန်းအထိ ဆက်ကြေးငွေ ကျပ်သိန်း ၃၀၀ ကျပ်၊ ဖာလိုင် မှ အောင်ပန်း လမ်းကြောင်းသို့ ဆတ်ကြေး ၁၂ ဘီးကားတစ်စီးလျှင် ကျပ် သန်း ၂၈၀ မှ ၃၀၀ ကြား၊ ဖာလိုင် မှ တောင်ကြီးမြို့သို့ (လမ်းကြောင်း) ဆက်ကြေး ၁၂ ဘီးကားတစ်စီးလျှင် ကျပ် သန်း ၁၄၀ မှ ၁၆၀ ကြား၊ ဖာလိုင်ရွာ မှ တောင်ကြီး အေးသာယာအထိ ဆက်ကြေး ၁၂ ဘီးကားတစ်စီးလျှင် ကျပ် သန်း ၁၉၀ မှ ၂၀၀ ကြားပေးရသည့်အတွက် လားရှိုးမှ အောင်ပန်း အထိ လမ်းကြေး/ဆက်ကြေး ၁၂ ဘီးကားတစ်စီးလျှင် ကျပ် သန်း ၈၀၀ မှ ၁၀၀၀ ကြား ကုန်ကျကြောင်း သိရသည်။

စားသောက်ကုန်၊ လူသုံးကုန်၊ အာလူး၊ ဟင်းချိုမှု့ သယ်ပါက သိန်း ၇၀၀ နှင့် ၈၀၀ လောက်ထိ ပေးရပြီး အခြားကုန်စည်များ (လျှပ်စစ်
ပစ္စည်း)ဖြစ်ပါက သိန်း ၁၀၀၀ အခွန် ဆက်ကြေးပေးရကြောင်း၊ ယင်းဒေသတွင် ကြီးစိုးသည့် လက်နက်ကိုင်အဖွဲ့အစည်းထံ ပေးဆောင်ရကြောင်း ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရှမ်းမြောက်မှ တဆင့်ဝင်လာသည့် တရုတ်ကုန်စည်များကို ရပ်စောက်၊ ဟိုပုံး၊ တောင်ကြီး မြို့နယ်အဝင်များတွင် စစ်ဆေးဖမ်းဆီးလျက်ရှိရာ ကုန်သည်အချို့က စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်အပါအဝင် လက်နက်ကိုင်အဖွဲ့များအား ဆက်ကြေးပေးကာ တောလမ်းနှင့်ကွင်းလမ်းမှ တဆင့် သယ်ယူကြသည်။

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်သည် ယခင်က တော်လှန်ရေးတပ်ဖွဲ့ဖြစ်ဖူးသော်လည်း ၂၀၀၉ ခုနှစ်မှ စတင်ကာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ပြည်သူ့စစ်အသွင်ပြောင်း PNO သည် စစ်ကောင်စီလက်အောက်ခံဖြင့် ယင်းကဲ့သို့ တရားမဝင်အခွန်ငွေကြေးများ ရရှိနေသော် လည်း ပအိုဝ်းလူထုအတွက် ထိရောက်သည့် ကျန်းမာရေး၊ လူမှုရေးစသည့် အကူအညီများ ကူညီထောက်ပံမှုမရှိသည့်အပြင် အခွန်အခအမျိုးမျိုးကောက်ခံ၍ ဖိနှိပ်နေသဖြင့် ပအိုဝ်းလူထုက အကြောက်တရားအောက်၌ ဒုက္ခဆင်းရဲကြီးစွာခံနေရသည်ဟု ပအိုဝ်းလူငယ်အများစုပါသည့် လူထုကဝေဖန်ကြသည်။

#MeKongNews
#PNO
#ပြည်သူ့စစ်
#ရှမ်းတောင်
#မှောင်ခို
#ရပခ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now