နေ့စဥ်သတင်း

တရုတ် မြေရှားသတ္တုတွင်းများတွင် မြန်မာလုပ်သားများကို ကျွန်ပြုစေခိုင်းနေဟု SHRF ထုတ်ပြန်မှု အခြေအမြစ် မရှိကြောင်း UWSA တုံ့ပြန်

မဲခေါင် 22 May - 2026
မဲခေါင်၊ မေ ၂၂ ရှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသော အွန်လိုင်းငွေလိမ်ဂိုဏ်း မှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က ထုတ်ပြန်မှုမှာ အခြေအမြစ် မရှိကြောင်း’ “ဝ”တပ်ဖွဲ့ – UWSA တုံ့ပြန်သည်။ မိုင်းယွန်းရှိ သတ္တုတွင်းသည် “ဝ”တပ်ဖွဲ့ – UWSA ထိန်းချုပ်နယ်မြေတွင် တည်ရှိသဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး “ဝ”တပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည့် “ဝ”ပြင်ပ ဆက်ဆံရေးရုံးအရာရှိ ဦးညီရန်းကို ဆက်သွယ်မေးမြန်းရာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။ “အခြေမြစ်မရှိတဲ့ သတင်းပဲ”ဟု ဦးညီရန်းက ဆိုသည်။ လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူဖြစ်သည့် ကိုသက်(အမည်လွှဲ) ၏ ပြောကြားချက်အရ

မဲခေါင်၊ မေ ၂၂

ရှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံရသော အွန်လိုင်းငွေလိမ်ဂိုဏ်း မှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRF က ထုတ်ပြန်မှုမှာ အခြေအမြစ် မရှိကြောင်း’ “ဝ”တပ်ဖွဲ့ – UWSA တုံ့ပြန်သည်။

မိုင်းယွန်းရှိ သတ္တုတွင်းသည် “ဝ”တပ်ဖွဲ့ – UWSA ထိန်းချုပ်နယ်မြေတွင် တည်ရှိသဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး “ဝ”တပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ဖြစ်သည့် “ဝ”ပြင်ပ ဆက်ဆံရေးရုံးအရာရှိ ဦးညီရန်းကို ဆက်သွယ်မေးမြန်းရာ အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

“အခြေမြစ်မရှိတဲ့ သတင်းပဲ”ဟု ဦးညီရန်းက ဆိုသည်။

လူကုန်ကူးခံရမှုမှ လွတ်မြောက်လာသူဖြစ်သည့် ကိုသက်(အမည်လွှဲ) ၏ ပြောကြားချက်အရ ရှမ်းပြည်အရှေ့ပိုင်း၊ ထိုင်းနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်း မိုင်းယွန်းဒေသရှိ တရုတ်ကုမ္ပဏီတစ်ခုမှ လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများတွင် တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းမှ မြန်မာအလုပ်သမားများကို ကျွန်ပြုခိုင်းစေနေခြင်းဖြစ်သည်ဟု SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျားဖြန့်ဂိုဏ်းမှ သတ္တုမိုင်းသို့ ကိုယ်တိုင်လူကုန်ကူးခံရပြီး မိုင်းတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ “ကိုသက်” (အမည်လွှဲ) သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် တာချီလိတ်မြို့ ‘ရောင်နီဦး’ ဝင်းအတွင်းရှိ တရုတ်အွန်လိုင်းငွေလိမ် ကျားဖြန့်ကုမ္ပဏီတစ်ခု မှတစ်ဆင့် လူကုန်ကူးခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူသည် ထိုကုမ္ပဏီ၏ စာရင်းကိုင်ဌာနတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းအထိ လုပ်ကိုင်ခဲ့သော်လည်း၊ သူနှင့် လုပ်ဖော်ကိုင်ဖက် ၂ ဦးသည် တရုတ်စာရင်းကိုင် ကြီးကြပ်သူ၏ မတရား ငွေအလွဲသုံးစားလုပ်မှုဖြင့် စွပ်စွဲခြင်းကို ခံခဲ့ရသည်။

ထို့နောက် ပြစ်ဒဏ်အဖြစ် အခကြေးငွေမရဘဲ အွန်လိုင်းမှ ဖုန်းခေါ်ဆို၍ ငွေလိမ်ရသည့်အလုပ်ကို အဓမ္မခိုင်းစေခြင်း ခံခဲ့ရသည်။

၃ လအကြာတွင် ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ၎င်းတို့ ၃ ဦးကို မြန်မာရဲအရာရှိ တစ်ဦးက ကားဖြင့် မိုင်းဆတ်တောင်ပိုင်းရှိ မိုင်းယွန်းသို့ ပို့ဆောင်ခဲ့ပြီး UWSA စစ်သားများထံ လွှဲပြောင်းပေးခဲ့သည်။

ထို့နောက် ထိုင်းနယ်စပ်နှင့် ၈ ကီလိုမီတာခန့်အကွာ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ တရုတ်ကုမ္ပဏီတစ်ခုက လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။”ဟု SHRF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကိုသက်အပါအဝင် ၃ ဦးသည် မိုင်းယွန်းဒေသရှိ တရုတ်ပိုင် သတ္တုမိုင်းတွင် UWSA အကျဉ်းသား ၃၀ ခန့်နှင့်အတူ သတ္တုတွင်း၌ မြေတူးခြင်းနှင့် ပစ္စည်းသယ်ယူခြင်းကဲ့သို့သော ပင်ပန်းကြီးလှသည့် လုပ်အားပေး ခိုင်းစေမှုများကို လုပ်ဆောင်ခဲ့ရပြီး ၎င်းတို့ကို မြန်မာနိုင်ငံ အနှံ့အပြားမှလာသည့် ပုံမှန်သတ္တုတွင်းအလုပ်သမား ၁၀၀ ခန့်နှင့် သီးခြားခွဲထားသည်ဟု SHRF က ဆိုသည်။

“မိုင်းယွန်းကနေ နယ်စပ်နား တစ်နာရီလောက် မောင်းရတဲ့ သတ္တုတွင်းကို ခေါ်သွားကြတယ်။ အဲ့ဒီတော့မှ ကျနော်တို့ကို သတ္တုတွင်းမှာ အလုပ်လုပ်ဖို့ ရောင်းလိုက်မှန်း သိရတာ။ ကျနော်တို့ နေရတဲ့နေရာက လျိုထဲမှာ၊ တခြားအလုပ်သမားတန်းလျားတွေနဲ့ ဝေးတယ်။ တောင်ပေါ်တက်မယ်ဆို ကား လာကြိုတယ်။ တခြားအလုပ်လာလုပ်တဲ့ သူတွေနဲ့ ပေးမရောဘူး။ မြန်မာစကားပြန်ရှိတယ်။ ဒါပေမဲ့ အလုပ်ကြပ်ကအစ မန်နေဂျာအဆုံး တရုတ်စကားပဲ ပြောတာ။ အဲ့ဒီမှာ ကျနော်တို့ကို အလုပ်ကြမ်းတွေ ခိုင်းတယ်။ ကျနော်ကလည်း ကျနော့်နည်း ကျနော်ဟန်နဲ့ အဲကနေ ဇွန်လ ၁၈ ရက်နေ့မှာ ထွက်လာလို့ရခဲ့တယ်။ မိုင်းယွန်းကနေ အိမ်ပြန်ဖို့ ကားခတော့ အိမ်ကိုတောင်း ရတာပေါ့”ဟု မိုင်းတွင်းမှ ထွက်ပြေးလွတ်မြောက်လာသူ ကိုသက်က ပြောသည်။

ကိုသက်သည် မိုင်းယွန်းသတ္တုတွင်းတွင် ၂ လကြာ နေခဲ့ရပြီးနောက် နောက်ဆုံးတွင် ထွက်ပြေး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း SHRF က ဆိုသည်။

ယင်းမိုင်းယွန်းရှိ မြေရှားသတ္တုတွင်းများ၏ နောက်ကွယ်၌ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် Chinese Investment Mining Company (CIMC) ရှိနေသည်ဟု SHRF က ထုတ်ဖော်ထားသည်။

#MeKongNews
#တရုတ်
#မြေရှားသတ္တုတွင်း
#မြန်မာလုပ်သား
#SHRF
#UWSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now