နေ့စဥ်သတင်း

ပြန်ပေးဆွဲ ငွေညှစ်မှု ကျူးလွန်သူ ၅ ဦးကို ထောင်ဒဏ်တစ်သက် အပါအဝင် ပြစ်ဒဏ်အသီးသီး UWSA ချမှတ်

မဲခေါင် 20 May - 2026
မဲခေါင်၊ မေ ၂၀ ပြန်ပေးဆွဲငွေညှစ်မှု အပါအဝင် ပြစ်မှုများကျူးလွန်သူ ၅ ဦးကို ကိုယ်ပိုင်ဥပဒေဖြင့် တစ်သက်တစ်ကျွန်း အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ကြေညာသည်။ ယင်းပြစ်ဒဏ်ချမှတ်ခံရသူ ၅ ဦးသည် ပြန်ပေးဆွဲငွေညှစ်မှု၊ လုယက်မှု၊ အာဏာအလွဲသုံးစားမှုနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုခံရကာ အပြစ်ပေးခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြစ်ဒဏ် ချမှတ်ခံရသူများအနက် ချန်ဆိုင်းနာဆိုသူသည် စစ်ပြေးအဖြစ် ပုန်းအောင်းနေစဉ် ကာလအတွင်း အာဏာအလွဲသုံးစားလုပ်၍ ပြန်ပေးဆွဲငွေညှစ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး၊ မော်တော်ယာဉ်များ လုယက်ရောင်းချကာ ငွေအမြောက်အများ ရယူခဲ့သဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်ခဲ့သည်။ စန်းရှုဆိုသူသည် ရဲအဖြစ် အယောင်ဆောင်၍ ပြန်ပေးဆွဲ

မဲခေါင်၊ မေ ၂၀

ပြန်ပေးဆွဲငွေညှစ်မှု အပါအဝင် ပြစ်မှုများကျူးလွန်သူ ၅ ဦးကို ကိုယ်ပိုင်ဥပဒေဖြင့် တစ်သက်တစ်ကျွန်း အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု “ဝ”တပ်ဖွဲ့- UWSA က ကြေညာသည်။

ယင်းပြစ်ဒဏ်ချမှတ်ခံရသူ ၅ ဦးသည် ပြန်ပေးဆွဲငွေညှစ်မှု၊ လုယက်မှု၊ အာဏာအလွဲသုံးစားမှုနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုတို့ဖြင့် တရားစွဲဆိုခံရကာ အပြစ်ပေးခံရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြစ်ဒဏ် ချမှတ်ခံရသူများအနက် ချန်ဆိုင်းနာဆိုသူသည် စစ်ပြေးအဖြစ် ပုန်းအောင်းနေစဉ် ကာလအတွင်း အာဏာအလွဲသုံးစားလုပ်၍ ပြန်ပေးဆွဲငွေညှစ်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး၊ မော်တော်ယာဉ်များ လုယက်ရောင်းချကာ ငွေအမြောက်အများ ရယူခဲ့သဖြင့် ထောင်ဒဏ်တသက်တစ်ကျွန်း ချမှတ်ခဲ့သည်။

စန်းရှုဆိုသူသည် ရဲအဖြစ် အယောင်ဆောင်၍ ပြန်ပေးဆွဲ ငွေညှစ်မှုများ နှင့် အာဏာအလွဲသုံးစားအကြိမ်ကြိမ် ပြုလုပ်ခဲ့သဖြင့် ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့သည်။

ထိုပြင် လျိုရှမ်ယွမ် ဆိုသူသည် တရားမဝင် သေနတ်ကိုင်ဆောင်မှုနှင့် ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပြီး လီဟောက်နှင့် ယန်ကျွင်းဆိုသူတို့သည် ပြန်ပေးဆွဲမှု ကျူးလွန်သဖြင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့သည်ဟု UWSA က ထုတ်ပြန်သည်။

၎င်းတို့ ၅ ဦးကို UWSA ၏ ကိုယ်ပိုင်ဥပဒေဖြစ်သည့် “ဝ” ပြည် အခြေခံဥပဒေ နှင့် ရာဇဝတ်ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ ၅ ဦးကို “ဝ”ပြည်နယ် တရားရေးကော်မတီ၊ ပြည်သူ့အစိုးရရှေ့နေဌာနမှ တရားစွဲဆိုခဲ့ပြီး တရားသူကြီးအဖွဲ့ ဖွဲ့စည်းကာ အများပြည်သူရှေ့တွင် စစ်ဆေးကြားနာခဲ့ရာ အမှုအခြေအနေများမှာ ခိုင်လုံသဖြင့် တရားခံ ၅ ဦးလုံးကို သက်ဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု UWSA က ထုတ်ပြန်ချက်တွင် ပြောသည်။

UWSA အနေဖြင့် ရဲအယောင်ဆောင်ကာ ပြစ်မှုကျူးလွန်ခြင်း၊ အာဏာအလွဲသုံးစားမှု၊ ပြန်ပေးဆွဲငွေညှစ်မှုနှင့် တရားမဝင် လက်နက်ကိုင်ဆောင်မှုကဲ့သို့ လူမှုလုံခြုံရေးနှင့် တရားရေးယုံကြည်မှုကို ထိခိုက်စေသော အပြစ်များအား ဆက်လက် နှိမ်နင်းအရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

#MeKongNews
#ပြန်ပေးဆွဲ
#ငွေညှစ်မှု
#ထောင်ဒဏ်တစ်သက်
#UWSA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now