ဆောင်းပါး

ထရမ့်-ရှီ ထိပ်သီးဆွေးနွေးပွဲက ဘာတွေ အကျိုးထူးနိုင်သလဲ

မဲခေါင် 12 May - 2026
~ CWM ~ မေလ(၁၃)ရက်ကနေ (၁၅)ရက်နေ့အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို သွားရောက်ပါလိမ့်မယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ခုလို ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်ဖြစ်နေချိန်မှာ ခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုက ဘာတွေ အကျိုးထူးနိုင်သလဲ။ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲ။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်က စီစဉ်ထားတာတော့ ကြာပါပြီ။ အီရန်နဲ့ အမေရိကန်၊အစ္စရေး စစ်ပွဲဖြစ်ပွားလာတော့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရတယ်။ မူလအစီအစဉ်က မတ်လ သို့မဟုတ် ဧပြီလအတွင်းပါ။ ထရမ့်နဲ့ ရှီတို့ဟာ မနှစ်က အောက်တိုဘာလမှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ခဏ တွေ့ခဲ့ကြပြီးပါပြီ။ ခု ခရီးစဉ်ကတော့ တရားဝင်အလည်အပတ်ခရီးစဉ်ပါ။ တောင်ကိုးရီးယားမှာ တွေကြတာက အေပက်အစည်းအဝေးလာတက်ကြရင်း တွေ့ကြတာ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး

~ CWM ~

မေလ(၁၃)ရက်ကနေ (၁၅)ရက်နေ့အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကို သွားရောက်ပါလိမ့်မယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ခုလို ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်ဖြစ်နေချိန်မှာ ခေါင်းဆောင်နှစ်ဦးရဲ့တွေ့ဆုံမှုက ဘာတွေ အကျိုးထူးနိုင်သလဲ။ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာနိုင်မလဲ။ တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်က စီစဉ်ထားတာတော့ ကြာပါပြီ။ အီရန်နဲ့ အမေရိကန်၊အစ္စရေး စစ်ပွဲဖြစ်ပွားလာတော့ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရတယ်။ မူလအစီအစဉ်က မတ်လ သို့မဟုတ် ဧပြီလအတွင်းပါ။

ထရမ့်နဲ့ ရှီတို့ဟာ မနှစ်က အောက်တိုဘာလမှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ခဏ တွေ့ခဲ့ကြပြီးပါပြီ။ ခု ခရီးစဉ်ကတော့ တရားဝင်အလည်အပတ်ခရီးစဉ်ပါ။ တောင်ကိုးရီးယားမှာ တွေကြတာက အေပက်အစည်းအဝေးလာတက်ကြရင်း တွေ့ကြတာ။ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံရဲ့ ထိပ်သီးခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုဟာ ကမ္ဘာကြီးအတွက် အင်မတန်အရေးကြီးပါတယ်။

ခု တွေ့ဆုံကြချိန်ဟာ အရှေ့အလယ်ပိုင်း အီရန်စစ်ပွဲကြီး မပြီးဆုံးသေးပါဘူး။ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့် ပစ်ခတ်မှုတွေကတော့ ရှိနေတုန်းပါ။ နောက်ဆုံးသတင်းတွေအရ ဒေါ်နယ်ထရမ့်က အီရန်ဘက်က တင်ပြလာတဲ့ စစ်ပွဲပြီးဆုံးရေးအဆိုပြုချက်တွေဟာ ” လုံးဝ လက်ခံနိုင်စရာမရှိ” ဘူးလို့ ပြတ်ပြတ်သားသားတုန့်ပြန်လိုက်ပါတယ်။

ဒေါ်နယ်ထရမ့်တို့ဘက်က စစ်ပွဲပြီးဆုံးရေး အချက်(၁၄)ချက်အပေါ် အီရန်ဘက်က ပါကစ္စတန်စေ့စပ်ရေးမှူးတွေကတဆင့် အကြောင်းပြန်ခဲ့ရာမှာ အမေရိကန်လိုချင်တဲ့ နျူးကလီးယားသန့်စင်ရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရေးအချက် မပါဝင်ဘဲ အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာအားလုံး ရပ်ဆိုင်းပေးရမယ်။ ဒါမှ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးမယ်၊နောက်ထပ် စစ်မတိုက်ဘူးလို့ ကတိပေးရမယ်။ စစ်လျော်ကြေး ပေးရမယ်။ ဟော်မုဇ်ရေလက်ကြားကို အီရန်ကပိုင်ဆိုင်တာကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အချက်တွေပါဝင်တယ်။ ဒေါ်နယ်ထရမ့်က အီရန်ရဲ့အကြောင်းပြန်မှုဟာ ” လုံးဝ လက်ခံစရာမရှိဘူး” လို့ ငြင်းပယ်လိုက်တဲ့အတွက် ရေနံဈေးနှုန်းကလည်း ချက်ချင်းပဲ ပြန်တက်သွားတယ်။အီရန်စစ်ပွဲက မပြီးသေးဘူးဆိုတဲ့သဘောပေါ့။

ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကို ဒီလိုအချိန်အခါမျိုးမှာ သွားတာဆိုတော့ ဘာထူးမလဲပေါ့။ အားလုံးက သိချင်ကြတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ထရမ့်ရဲ့ ဒီခရီးစဉ်ကနေ ဘာမှ ထူးခြားတဲ့ရလဒ် ထွက်လာစရာမရှိနိုင်ဘူးလို့ သုံးသပ်နေကြတယ်။ အမေရိကန်က အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် လတ်တလောမှာ စစ်နွံထဲ နစ်နေတယ်လို့ ဆိုရမယ်။ ထရမ့်က ဒီ စစ်ကို ဆက်မတိုက်လိုတော့ဘူး။ ဖြစ်နိုင်ရင် စစ်ပွဲ မြန်မြန်ပြီးချင်နေပြီ။ တဖက်ကလည်း စစ်ပွဲက စ ထားပြီဆိုတော့ အဆုံးသတ်ဖို့ လိုနေတယ်။ အီရန်ဘက်ကသာ ထရမ့်တို့ အဆိုပြုတဲ့ စစ်ရပ်စဲရေးအချက်တွေကို လက်ခံခေါင်းညှိတ်ရင် စစ်ပွဲက ပြီးသွားပြီ။ အီရန်ကလည်း နျူးကလီးယားပိတ်ပင်မှုနဲ့ ပတ်သက်ရင် လုံးဝလက်မခံဘူး။ထရမ့်တို့ဘက်ကလည်း အလျော့မပေးဘူး။

ထရမ့်ရဲ့ ခု ခရီးစဉ်မတိုင်မီ ပြီးခဲ့တဲ့မေလ(၆)ရက်ကပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရပ်ချီ ဘေဂျင်းကို ရောက်ရှိသွားပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ တရုတ်က အီရန်ရဲ့ ရေနံဖောက်သည်ဖြစ်သလို မဟာမိတ်လည်း ဖြစ်တယ်။ အီရန်စစ်ပွဲဖြစ်လိုက်တော့ အီရန်အစိုးရ ခေါင်းမထောင်နိုင်တော့ဘူးလို့ထင်ခဲ့ပေမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးရော၊ သမ္မတပါ ပုံမှန်အလုပ်လုပ်နေတာတွေ့ရတယ်။ ဝမ်ရီက အမေရိကန်နဲ့ စစ်ပွဲရပ်ဆိုင်းရေး၊ ဟော်မုဇ်ရေလက်ကြားကို နိုင်ငံတကာသင်္ဘောတွေ ဘေးကင်းစွာနဲ့ ဖြတ်သန်းဖို့ အမြန်ဆုံးပြန်ဖွင့်ရေးကိစ္စတိုက်တွန်းခဲ့ပြီး အီရန်ဘက်ကလည်း သူတို့ရဲ့ ရပ်တည်ချက်ကို ရှင်းပြခဲ့တယ်လို့ဆိုတယ်။ အီရန်စစ်ပွဲမှာ တရုတ်ဟာ ကြားဝင်ခြင်းမရှိဘဲ ဘေးနားကနေသာ ထိုင်ကြည့်ပြီး အပစ်အခတ်ရပ်စဲကြပါလို့ တိုက်တွန်းနေတယ်။ ပြီးခဲ့တဲ့လအတွင်း တရုတ်ဟာ အီရန်စစ်ပွဲပြီးဆုံးရေးမှာ ပါကစ္စတန်နဲ့အတူ နောက်ကွယ်ကနေ မသိမသာ ကြားဝင်လာတယ်လို့ သိရတယ်။

ဒီအခြေအနေမှာ ဒေါ်နယ်ထရမ့်ရဲ့ ဘေဂျင်းခရီးစဉ်ဟာ စိတ်ဝင်စားစရာဖြစ်လာတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုက အီရန်စစ်ပွဲအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိချင်မှ ရှိပါလိမ့်မယ်။ အမေရိကန်အနေနဲ့ တရုတ်ကတဆင့် အီရန်ကို ညှိနှိုင်းရေးစားပွဲဝိုင်းပေါ် ခေါ်ဆောင်လာဖို့ တိုက်တွန်းပါလိမ့်မယ်။ တကယ်တန်း တရုတ် နဲ့ အမေရိကန်ကြား ထိပ်သီးတွေ့ဆုံမှုမှာ အီရန်စစ်ပွဲအရေးထက် နှစ်နိုင်ငံကြား ဖြစ်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲ ရပ်စဲရေးက ပိုအရေးကြီးနေတယ်။

ခု ခရီးစဉ်မှာ ထရမ့်နဲ့အတူ ဘိုးအင်းကုမ္ပဏီ၊ ကွန်ပျူတာချစ်ပ်ကုမ္ပဏီ Nvidia၊ Apple အစရှိတဲ့ ကုမ္ပဏီတွေက စီအီးအိုတွေ လိုက်ပါသွားမယ်လို့ သိရတယ်။ တရုတ်က အမေရိကန် ဘိုးအင်းကုမ္ပဏီက လေယာဉ်တွေ ဝယ်ယူလိုပြီး အမေရိကန်ရဲ့ နည်းပညာမြင့် ကွန်ပျူတာ chips တွေ ရယူလိုတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ တွေ့ကြစဉ်တုန်းကတော့ ထရမ့် နဲ့ ရှီကြား ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံတဲ့ကိစ္စ ရပ်ဆိုင်းထားဖို့ သဘောတူထားခဲ့ကြတယ်။ အပြန်အလှန်အားဖြင့် တရုတ်ကလည်း အီးဗီကားကအစ၊ စမတ်ဖုန်းနဲ့ စစ်လက်နက်ပစ္စည်းတွေအထိ ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ rare earth (မြေရှားသတ္တု) တင်ပို့ရောင်းချမှု ပိတ်ပင်ကန့်သတ်လိုက်တာကို ပြန်ဖြေလျှော့ပေးလိုက်တယ်။

ထရမ့်က ၂၀၁၆ ခုနှစ်မှာ Make American great again ကြွေးကြော်သံနဲ့ သမ္မတဖြစ်လာပြီးကတည်းက တရုတ်ကို ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တယ်။ တရုတ်နဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ ကုန်သွယ်ရေးမညီမျှမှုကို ကာကွယ်ဖို့ ၂၀၁၈ ခုနှစ်မှာ ဒေါ်လာ ၂၅၀ ဘီလျံတန်ဖိုးရှိ တရုတ်သွင်းကုန်တွေကို အခွန်တိုးကောက်ခဲ့တယ်။ အဲဒီအချိန်ကစလို့ တရုတ် နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားခဲ့တယ်။

ထရမ့်ရဲ့ သွင်းကုန်ခွန်း တိုးမြှင့်မှုကြောင့် တရုတ်အစိုးရ အတော်အထိနာသွားပြီး အဲဒီအချိန်ကစလို့ တရုတ်က အမေရိကန်ရဲ့ ကုန်သွယ်ရေးစစ်ကို တန်ပြန်ဖို့ နည်းလမ်းရှာခဲ့တယ်။ ထရမ့်အလွန် ဂျိုးဘိုင်ဒင် လက်ထက်ရောက်တော့လည်း တရုတ်အပေါ်ချမှတ်ထားတဲ့ သွင်းကုန်ခွန်ကို ဂျိုးဘိုင်ဒင်က ပြန်ရုပ်သိမ်းမပေးတဲ့အပြင် အမျိုးသားလုံခြုံရေးထိပါးမှုနဲ့ တရုတ်”ဟွာဝေး”ကုမ္ပဏီကိုပါ အမေရိကန်က မောင်းထုတ်ခဲ့တယ်။

ခုတကြိမ် ထရမ့် အာဏာပြန်ရလာတော့ သွင်းကုန်ခွန်ကိစ္စက လက်နက်တခုဖြစ်လာပြီး တကမ္ဘာလုံးကို သွင်းကုန်ခွန်အမျိုးမျိုးသတ်မှတ်ခဲ့တယ်။ ဒီအထဲမှာ အဆိုးဆုံးက တရုတ်ပေါ့။ တရုတ်ကို မူးယစ်ဆေး ဖန်တနိုင်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုဆေးတင်သွင်းတာကို အကြောင်းပြုပြီး မူလထက် အခွန်၃၄% တိုးကောက်တယ်။ တရုတ်အပေါ် ချမှတ်တဲ့ သွင်းကုန်ခွန် Tariff အားလုံးက ၁၀၀% အထက်မှာ ရှိတယ်။

ထရမ့်က တရုတ်သွင်းကုန်တွေကို မတန်တဆ အခွန်းတိုးကောက်တော့ တရုတ်ကလည်း လက်တုန့်ပြန်တဲ့အနေနဲ့ မြေရှားသတ္တု တင်ပို့မှုကို ရပ်ဆိုင်းလိုက်တယ်။ တရုတ်က ကမ္ဘာပေါ်မှာ မြေရှားသတ္တုအရင်းအမြစ် အများဆုံး ပိုင်ဆိုင်ထားတယ်။

ခု တွေ့ဆုံမှုမှာ တနှစ် ရပ်ဆိုင်းပေးထားတဲ့ သွင်းကုန်ခွန်ကိစ္စ ပြေလည်သွားနိုင်မလား။ မသိနိုင်သေးဘူး။ ထရမ့်ရဲ့ သွင်းကုန်ခွန်မူဝါဒဟာ ဥပဒေနဲ့ မညီဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမေရိကန်ဗဟိုတရားရုံးက အမိန့်ချခဲ့တယ်။ တရုတ်ဘက်က အမေရိကန်ကို မြေရှားသတ္တု ဆက်ရောင်းပေးမှာဖြစ်သလို အမေရိကန်ရဲ့ ဘိုးအင်းလေယာဉ်နဲ့ လယ်ယာထွက်ကုန်တွေကို တရုတ်က ဝယ်ယူဖို့ နှစ်ဖက်သဘောတူထားကြတယ်လို့ သိရတယ်။

ထရမ့် နဲ့ ရှီ တွေ့ဆုံမှုက နှစ်နိုင်ငံအကျိုးစီးပွားကိစ္စ အဓိကကျပြီး အီရန်အရေး၊ ထိုင်ဝမ်အရေးနဲ့ အေအိုင်နည်းပညာဆိုင်ရာ ကိစ္စရပ်တွေ ပါဝင်မယ်လို့ သိရတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်လို့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ တရုတ်ရဲ့သဘောထားကို ထရမ့်က သဘောပေါက်တယ်။ တရုတ်က ထိုင်ဝမ်အရေးမှာ အမေရိကန် ဝင်ရောက်မစွက်ဖက်ဖို့နဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို အမေရိကန်က ထောက်ခံအားပေးခြင်းမပြုဖို့ လိုလားတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတတဦးရဲ့ ပထမဆုံးခရီးစဉ်လည်းဖြစ်တယ်။ ခုလို အမေရိကန်နဲ့ အီရန်ကြား စစ်ပွဲဖြစ်ပွားနေချိန်၊ ဒီစစ်ပွဲကြောင့် ကမ္ဘာ့ရေနံစိမ်း ငါးပုံတပုံဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ထားရပြီး အာရှနိုင်ငံတွေအပေါ် စီးပွားရေးအရ ရိုက်ခတ်မှုတွေဖြစ်ပေါ်နေချိန်မှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုက ထိပ်သီးခေါင်းဆောင်နှစ်ဦးရဲ့ တွေ့ဆုံမှုဟာ တကမ္ဘာလုံးရဲ့ စောင့်ကြည့်ခြင်း ခံနေရတယ်။ ဒီတွေ့ဆုံမှုကတဆင့် စစ်ပွဲတွေ ပြီးဆုံးပြီး တည်ငြိမ်မှု ရရှိသွားမလား။ နှစ်နိုင်ငံကြား သဘောထားကွဲပြားမှုတွေ နဂိုအတိုင်း ဆက်ရှိနေပြီး မတည်ငြိမ်မှုတွေပဲ ဆက်ပြီးတိုးပွားလာဦးမှာလား။ စောင့်ကြည့်ကြရပါဦးမယ်..။

# CWM ref: Trump’s China visit set to test fragile truce.BBC. Reuters/ CNA
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

Binance ကို ဒူးထောက်သွားစေခဲ့တဲ့ ကမ္ဘာ့အဆင့် ဟက်ကာတွေကို မြောက်ကိုရီးယား ဘယ်လို မွေးထုတ်သလဲ

~ ဒင်းဒင်း ~ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၃ ဘီလီယံ ကောက်စားသွားခဲ့တဲ့ Binance ခရစ်ပ်တို ဖောက်ထွင်းမှုတွေလို
ဆောင်းပါး

China’s BRI crisis in South Asia

~ Sumit Kumar ~ China Merchants Port Holdings, a state-owned Chinese port

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကြွေးမြီထောင်ချောက်ဖြင့် တည်ဆောက်နေသော တရုတ်၏ အလယ်အာရှဩဇာ

~ လင်းမောင် ~ အလယ်အာရှဒေသတွင် သိသာထင်ရှားသည့် အပြောင်းအလဲတစ်ခု အသံတိတ် ဖြစ်ပေါ်နေပြီး၊ ၎င်းမှာ စစ်အင်အားဖြန့်ကြက်မှု သို့မဟုတ် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများကြောင့် မဟုတ်ဘဲ ငွေကြေးအရင်းအနှီးဖြင့် မောင်းနှင်နေခြင်း ဖြစ်သည်။ ယွမ်ငွေအခြေပြု ဘဏ္ဍာငွေရှာဖွေမှုအပေါ် ကာဇက်စတန်၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ကမ္ဘောဒီးယားက တရုတ်ကျားဖြန့်တွေ ဘယ်ကိုစားကျက်ပြောင်းသွားသလဲ

~ ဒင်းဒင်း ~ မဒါဂါစကာနိုင်ငံက အွန်လိုင်းလိမ်လည်ရေးစင်တာတွေကို စီးနင်းမှုတွေ လုပ်ဆောင်ရာကနေပြီး အဲဒီစင်တာ​တွေဟာ အာဖရိကတိုက်သားတွေကိုလူကုန်ကူးပြီး  ကမ္ဘောဒီးယားနိုင်ငံမှာ အလားတူလုပ်ငန်းတွေ လုပ်ကိုင်တဲ့ ရာဇဝတ်မှုအုပ်စုနဲ့ ဆက်စပ်နေတယ်ဆိုတာ ပေါ်ထွက်လာခဲ့တယ်လို့ အာဏာပိုင်‌တွေက ပြောကြပါတယ်။ အချစ်ရေး၊ အွန်လိုင်းငွေကြေး (cryptocurrency)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မြန်မာ့အရေးမှာ အာဆီယံ နောက်ကောက်ကျခဲ့ပြီ

~ ထက်ခိုင် ~ အမှတတမဲ့ဆိုရင်တော့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်အတွက် နိုင်ငံတကာသံတမန်ရေးရာမှာ တော်တော်လေး အောင်မြင်တဲ့နှစ်တစ်နှစ် ဖြစ်နေပုံပါပဲ။ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေဆီကို အဆင့်မြင့်ခရီးစဉ်တွေ ဆက်တိုက်သွားရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Yuan, Loans and Leverage: How China Is Expanding Its Reach Across Central Asia

~ Linn Maung ~ A quiet but significant shift is taking place in Central Asia, and it is being driven

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စီအိုင်အေ၊ ကူမင်တန် လျှို့ဝှက်တပ်မတော်နဲ့ တချိန်တုန်းက ရှမ်းပြည်နယ်အရှေ့ပိုင်း “ရွှေတြိဂံ”

~ CWM ~ ၁၉၄၉ခုနှစ်၊ တရုတ်ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ဦးဆောင်တဲ့ ကူမင်တန် တရုတ်မျိုးချစ်တပ်တွေက မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်တော်လှန်ရေးတပ်တွေကို ရှုံးနိမ့်ပြီး အတော်များများ ထိုင်ဝမ်ကျွန်းကို ထွက်ပြေးသွားကြပေမယ့် တချို့တဝက်က ယူနန်ပြည်နယ် အနောက်ဘက်၊ ရှမ်းပြည်နယ်အရှေ့ဘက်ကို ဝင်ရောက်ခြေကုပ်ယူပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

တရုတ်ဒေသန္တရအစိုးရများ၏ ဒဏ်ကြေးများဖြင့် ကျားကန်ထားသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ

~ လင်းမောင် ~ တရုတ်နိုင်ငံ၏ ခမ်းနားထည်ဝါသော အစိုးရအဆောက်အအုံများနှင့် ကြီးမားလှသော စီးပွားရေးပစ်မှတ်များ၏ နောက်ကွယ်တွင် ကြီးထွားလာနေသော ဘဏ္ဍာရေးဆိုင်ရာဖိအားများ သည် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သာမန်နိုင်ငံသားများအကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်နေသည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now