ဆောင်းပါး

အာဆီယံထိပ်သီးအစည်းအဝေးများနဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်များ

မဲခေါင် 10 May - 2026
  ~ CWM ~ အာဆီယံထိပ်သီးအစည်းအဝေးက ပုံမှန်အားဖြင့် (၁၀)နိုင်ငံက ခေါင်းဆောင်တွေပဲ တက်ကြတာပါ။ ဒီနှစ်မှာတော့ (၁၁)နိုင်ငံ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက တီမောနိုင်ငံက အဖွဲ့ဝင်သစ် ဖြစ်လာလို့ အာဆီယံဆမ်းမစ်က (၁၁)နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးဖြစ်လာတယ်။ ဒီနှစ် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံခေါင်းဆောင် ပါဝင်ခွင့်မရပါဘူး။ မြန်မာခေါင်းဆောင်အစား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦး ဟောက်ခန်ဆမ်းပဲ တက်ရောက်လာတာ တွေ့ရပါတယ်။ အာဆီယံက မြန်မာခေါင်းဆောင် တက်ရောက်ခွင့်ကို ၂၀၂၁ခုနှစ်ကတည်းက အများဆုံးဖြတ်ချက်နဲ့ ဖယ်ရှားထားခဲ့တာပါ။ မေလ(၈)ရက်နေ့ကတော့ စီဘူးမြို့တော်ကို ရောက်ရှိလာတဲ့ အာဆီယံခေါင်းဆောင်များကို ကြိုဆိုပွဲ ကျင်းပပါတယ်။

 

~ CWM ~

အာဆီယံထိပ်သီးအစည်းအဝေးက ပုံမှန်အားဖြင့် (၁၀)နိုင်ငံက ခေါင်းဆောင်တွေပဲ တက်ကြတာပါ။ ဒီနှစ်မှာတော့ (၁၁)နိုင်ငံ ဖြစ်လာတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလက တီမောနိုင်ငံက အဖွဲ့ဝင်သစ် ဖြစ်လာလို့ အာဆီယံဆမ်းမစ်က (၁၁)နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးဖြစ်လာတယ်။ ဒီနှစ် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း မြန်မာနိုင်ငံခေါင်းဆောင် ပါဝင်ခွင့်မရပါဘူး။ မြန်မာခေါင်းဆောင်အစား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦး ဟောက်ခန်ဆမ်းပဲ တက်ရောက်လာတာ တွေ့ရပါတယ်။ အာဆီယံက မြန်မာခေါင်းဆောင် တက်ရောက်ခွင့်ကို ၂၀၂၁ခုနှစ်ကတည်းက အများဆုံးဖြတ်ချက်နဲ့ ဖယ်ရှားထားခဲ့တာပါ။

မေလ(၈)ရက်နေ့ကတော့ စီဘူးမြို့တော်ကို ရောက်ရှိလာတဲ့ အာဆီယံခေါင်းဆောင်များကို ကြိုဆိုပွဲ ကျင်းပပါတယ်။ ဒါက အာဆီယံထိပ်သီးအစည်းအဝေးများရဲ့ အစဉ်အလာပါ။ အိမ်ရှင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ သမ္မတကတော်တို့က ကြိုဆိုပါတယ်။

စီဘူးမြို့က ဖိလစ်ပိုင်အလယ်ပိုင်း ဝိစာရကျွန်းပေါ်မှာ တည်ရှိပြီး မနီလာ နဲ့ ဒါဗို့မြို့ပြီးရင် တတိယအကြီးဆုံးမြို့ပါ။ မနီလာတောင်ဘက်မှာ ရှိပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ရှေးဟောင်းဆိပ်ကမ်းမြို့ကြီးလည်း ဖြစ်တယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ တက်ရောက်လာခဲ့ကြရာမှာ (၁၀)နိုင်ငံက ခေါင်းဆောင်တွေကို တနေရာတည်းမှာ စုဝေး တွေ့ရှိလိုက်ရတယ်။ ဒီအထဲမှာ အသက်အရွယ်အကြီးဆုံးက ဘူရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုလ်ကီးယား(၇၉)နှစ် ဖြစ်ပြီး အသက်အငယ်ဆုံးက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်(၄၈)နှစ်ပါ။ ဒီ ထိပ်သီးဆွေးနွေးပွဲမှာ မျက်နှာသစ် လူငယ်ခေါင်းဆောင် အများအပြားကို တွေ့လိုက်ရတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မာနက်၊ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူးလ်၊ စင်ကာပူဝန်ကြီးချုပ် လောရင့် ဝေါင်း၊ ဗယက်နမ်ဝန်ကြီးချုပ် လီမင်ဟွန်း၊ လာအိုဝန်ကြီးချုပ် ဆုန်ဆေ ဆီဖန်ဒုန် တို့က ငယ်ရွယ်တဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတယ်။ အိမ်ရှင် ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်က (၆၈)နှစ်ပါ။ ဖခင် ဖာဒီနန်မားကို့စ်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့် သားဖြစ်သူကို ဖိလစ်ပိုင်ပြည်သူတွေက ရွေးကောက်တင်မြှောက်ခဲ့တာကတော့ အံ့အားသင့်စရာ ကောင်းလှတယ်။ ဒီအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ် အီဗရာဟင်ကလည်း သူ့ဇနီးကိုပါ ခေါ်လာပြီး တက်ရောက်ခဲ့တယ်။ သူက (၇၈)နှစ်ရှိပါပြီ။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၊ တီမောလက်စ်တီသမ္မတ ဂျိုဆေ ရားမို့စ် ဟော့တာတို့လည်း တက်ရောက်လာတာ တွေ့ရတယ်။

ကြိုဆိုပွဲလုပ်တော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန်ဆမ်းက ထိပ်ဆုံးကပါ။ မြန်မာကိုတော့ နိုင်ငံရေးရာထူးနဲ့ မသက်ဆိုင်တဲ့ အရာရှိတဦးကို တက်ခွင့်ပေးထားတာပါ။

စင်ပေါ်မှာ သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ ဇနီးတို့က တယောက်ချင်း လက်ဆွဲနှုတ်ဆက်တယ်။ ဓါတ်ပုံအရိုက်ခံကြတယ်။ တက်လာသူတွေထဲ တီမောသမ္မတ ရားမို့စ်ဟော့တာက ခုမှ ဒီလိုအစည်းအဝေး လာတက်ဖူးသူဖြစ်တယ်။ စင်ပေါ်မှာတော့ မြန်မာအလံက အလယ်မှာပါ။ အက္ခရာစဉ်အတိုင်း စီပြီးထောင်ထားတဲ့ အလံတွေထဲမှာ မြန်မာနဲ့ ကပ်လျက်က မလေးရှားအလံနဲ့ ဖိလစ်ပိုင်အလံ။ တကယ်တော့ အာဆီယံဥက္ကဌ နဲ့ ထိပ်သီးအစည်းအဝေးက မြန်မာအလှည့် ဖြစ်ရမှာပါ။ အခြေအနေအရ မြန်မာကို ကျော်ပြီး ဖိလစ်ပိုင် ရောက်သွားတယ်။

ထုံးစံအတိုင်း အကတွေ အလှတွေနဲ့ ထိပ်သီးအစည်းအဝေးကို ဖွင့်ပါတယ်။ အာဆီယံသီချင်းကို အရင်ဆိုပြီး အကနဲ့ ဖျော်ဖြေ၊ ပြီးတော့ ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြော။ မားကို့စ်က နိုင်ငံရေးခေါင်းဆောင် ပီသတယ်လို့ဆိုမယ်။ မိန့်ခွန်းကို စာရွက်မကြည့်ဘဲ အင်္ဂလိပ်လို အလွတ်ပြောသွားတယ်။ အေးအေး ဆေးဆေးပဲ။ မားကို့စ်က အာဆီယံအဖွဲ့ဝင်များအကြား ညီညွတ်မှု၊ စွမ်းအင်နဲ့ စားနပ်ရိက္ခာလုံခြုံရေး၊ ဒေသတွင်းနိုင်ငံများရဲ့ လုံခြုံရေးကို အဓိကပြောသွားပြီး Navigating Our Future Togethr ခေါင်းစဉ်နဲ့ ၂၀၄၅ အာီယံအသိုက်ဝန်း မျှော်မှန်းချက်တွေကို ပြောသွားတယ်။

(၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မေလ(၈)ရက် ကနေ(၁၀)ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပနေတာဖြစ်တယ်။ ဒီအစည်းအဝေးနဲ့အတူ ဆက်စပ်နေတဲ့ အစည်းအဝေးတွေလည်း ကျင်းပသွားမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ တရုတ်ဝန်ကြီးချုပ် လီကျန်းနဲ့ ဂျပန်၊ တောင်ကိုးရီးယား ခေါင်းဆောင်တွေလည်း တက်ရောက်မယ်လို့ သိရတယ်။

၁၉၆၇ခုနှစ်၊ ဩဂုတ်လ(၈)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ အာဆီယံဟာ ခုဆိုရင် သက်တမ်းအားဖြင့်(၅၉)နှစ် ရှိလာပြီဖြစ်တယ်။ စတင်ဖွဲ့စည်းခဲ့စဉ်က ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ စင်ကာပူ ငါးနိုင်ငံသာပါဝင်ခဲ့ပေမယ့် ခုဆိုရင်အဖွဲ့ဝင် (၁၁)နိုင်ငံ ရှိလာပြီဖြစ်တယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းနိုင်ငံများရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်တင်ပေးဖို့နဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိစေရေးအတွက် ဖြစ်တယ်။ စတင်ဖွဲ့စည်းစဉ်အချိန်က စစ်အေးခေတ်ဖြစ်ပြီး အရှေ့တောင်အာရှမှာ ကွန်မြူနစ်တွေ လွှမ်းမိုးမလာအောင် ဟန့်တားတဲ့ ရည်ရွယ်ချက်လည်း ပါတယ်။ ၁၉၈၄ မှာ ဘရူနိုင်းက အဖွဲ့ဝင်ဖြစ်လာပြီး စစ်အေးခေတ်လွန် ၁၉၉၅ ခုနှစ်မှာ ကွန်မြူနစ် ဗီယက်နမ်က အဖွဲ့ဝင်ဖြစ်လာပြီး ၁၉၉၇ ခုနှစ်မှာ လာအို နဲ့ မြန်မာက အဖွဲ့ဝင်ဖြစ်လာတယ်။ ကမ္ဘောဒီးယားက ၁၉၉၉ ခုနှစ်မှာ အဖွဲ့ဝင်ဖြစ်လာ​ပြီး အရှေ့တီမောက ၂၀၂၅ခုနှစ်မှာ အဖွဲ့ဝင် ဖြစ်လာတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ကို ဒီနှစ်မှာ မြန်မာက တာဝန်ယူဖို့ ရှိပေမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ ဖိလစ်ပိုင်က အလှည့်ကျဥက္ကဌ တာဝန်ယူခဲ့တာပါ။ မြန်မာက ၂၀၁၄ ခုနှစ်မှာ အလှည့်ကျဥက္ကဌတာဝန် တကြိမ်ယူခဲ့ပြီး (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို နေပြည်တော်က မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပခဲ့တယ်။ နေပြည်တော်အာဆီယံထိပ်သီးအစည်းအဝေးတုန်းက စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပျဉ်းမနားက လက်ဖက်ရည်ဆိုင်တဆိုင်ကို လုံခြုံရေးအနည်းငယ်နဲ့ သွားထိုင်ခဲ့ပြီး ပျဉ်မနားမြို့ဟာ သူငယ်စဉ်က နေခဲ့ရတဲ့ ပီနန်မြို့နဲ့ တူကြောင်း ပြောခဲ့တာကို အမှတ်ရနေတယ်။ နေပြည်တော် အာဆီယံထိပ်သီးအစည်းအဝေးကို လာတက်တဲ့ ခေါင်းဆောင်တွေကို တည်ခင်းတဲ့ ညစာစားပွဲမှာ ကြက်ကာလသားချက်ဟင်း၊ ငါးသလောက်ပေါင်း၊ ဝက်သားနီချက်တို့ ပါဝင်ခဲ့တာကိုလည်း အမှတ်ရနေတယ်။

အခု အစည်းအဝေးကျင်းပနေတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့က ရှေးဟောင်းပင်လယ်ဆိပ်ကမ်မြို့တမြို့ဖြစ်ပြီး ၁၆ ရာစုနှစ်ကစလို့ စပိန်လက်အောက် ကျရောက်ခဲ့တဲ့ မြို့ဖြစ်တယ်။ စပိန်ကိုလိုနီအဖြစ် ရာစုနှစ် လေးခုကြာ နေခဲ့ရပြီး ရိုမန်ကက်သလစ် ခရစ်ယာန်ယဉ်ကျေးမှု လွှမ်းမိုးတဲ့မြို့လည်း ဖြစ်တယ်။ ဖိလစ်ပိုင်ဟာ စပိန်ကိုလိုနီဘဝနဲ့ နှစ်ပေါင်းများစွာ နေခဲ့ရသလို စပိန်-အမေရိကန်စစ်ပွဲအပြီး အမေရိကန်ရဲ့လက်အောက်ကိုလည်း ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ကျရောက်ခဲ့တယ်။

အာဆီယံထိပ်သီးအစည်းအဝေးတွေက ဒေသတွင်း ခေါင်းဆောင်အချင်းချင်း မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောခွင့်ရတဲ့ အစည်းအဝေးဖြစ်လို့ တန်ဖိုးရှိတယ်။ ကမ္ဘောဒီးယား နဲ့ ထိုင်းတို့ဟာ ပြီးခဲ့နှစ်က နယ်စပ်စစ်ပွဲဖြစ်ခဲ့ပြီး တနိုင်ငံနဲ့ တနိုင်ငံ တင်းမာနေတာ ကြာပါပြီ။ ဒီ ထိပ်သီးအစည်းအဝေးမတိုင်ခင်လေးမှာပဲ ထိုင်းဝန်ကြီးချုပ် အနုတင်က ကမ္ဘောဒီးယားနဲ့ ချုပ်ဆိုထားတဲ့ ရေပိုင်နက်ဆိုင်ရာ သဘောတူစာချုပ်တခုကို ဖျက်သိမ်းလိုက်တယ်လို့ သိရတယ်။ နှစ်နိုင်ငံ တင်းမာမှုတွေ ရှိနေပေမယ့်လည်း စီဘူးအာဆီယံထိပ်သီးအစည်းအဝေးမှာ နှစ်ယောက်သားတွေ့ကြတော့လည်း လက်ဆွဲနှုတ်ဆက်ကြတာပဲ။

အာဆီယံထိပ်သီးအစည်းအဝေးမှာ သဘောကျမိတဲ့အချက်တခုက အာဆီယံဒေသတွင်းက မျိုးဆက်သစ် ပညာတတ်လူငယ်ခေါင်းဆောင်တွေကို မြင်တွေ့ကြရခြင်းပါ။ ထိုင်းဝန်ကြီးချုပ် အနုတင်က ပူပူနွေးနွေး ရွေးကောက်ပွဲအနိုင်ရပြီး ဝန်ကြီးချုပ်အဖြစ် ပြန်ရွေးခံရသူပါ။ ထိုင်းနိုင်ငံရဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ အနုတင်ရဲ့ ဘွမ်ဂျိုင်ထိုင်းပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်။ အနုတင်က အမေရိကန်တက္ကသိုလ်တခုက အင်ဂျင်နီယာဘွဲ့ရတဦးဖြစ်သလို သမ်မာဆတ်တက္ကသိုလ်က အမ်ဘီအေဘွဲ့ရရှိထားသူလည်း ဖြစ်တယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့သားဖြစ်ပြီး အမေရိကန် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ကျောင်းဆင်းလည်း ဖြစ်တယ်။ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟန် ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်ကမှ ဗီယက်နမ်အမျိုးသားလွှတ်တော်က (၂၀၂၆-၃၁) သက်တမ်းအတွက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မျက်နှာသစ်ဝန်ကြီးချုပ်ပါ။ သူကလည်း ခုမှ အသက်(၆၀)ပဲ ရှိပါသေးတယ်။ အသက်(၅၃)နှစ်သာရှိသေးတဲ့ စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်းကတော့ ၂၀၂၄ ခုနှစ်ကမှ လီရှန်လွန်းနေရာ ဝင်လာသူဖြစ်ပြီး အမေရိကန် ဝစ်စကွန်ဆင် မက်ဒီဆင် တက္ကသိုလ်က စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး မီချီဂန်တက္ကသိုလ်က မဟာဘွဲ့ရခဲ့သူပါ။ အာဆီယံနိုင်ငံများရဲ့ ခေါင်းဆောင်နေရာမှာ ပညာတတ်လူငယ်တွေ ဝင်ရောက်နေရာယူလာတာဟာ အားကျစရာကောင်းလှတယ်။ မလေးရှားဝန်ကြီးချုပ် အီဗရာဟင်၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို၊ ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ် စသူတွေရဲ့ နိုင်ငံရေးနောက်ခံမှာ မလှပတဲ့ အမည်းစက်တွေရှိခဲ့ပေမယ့် ခုတော့လည်း နိုင်ငံရေးစင်မြင့်ပေါ်ရောက်ရှိနေတာလည်း တွေ့ရတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ အစည်းအဝေး ပထမနေ့မှာတော့ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် အာဆီယံနိုင်ငံများအပေါ် ရိုက်ခတ်လာတဲ့ ထိခိုက်မှုတွေကို ဘယ်လိုပူးပေါင်းကာကွယ်ကြမလဲဆိုတာ အဓိကထား ဆွေးနွေးသွားကြတယ်။ ဒေသတွင်း လောင်စာဆီ စုဆောင်းသိုလှောင်ထားရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးအတွက် အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ တိုက်တွန်းခဲ့ကြတယ်။ ဖိလစ်ပိုင်သမ္မတ ဂျူနီယာမားကို့စ်က ခုလို မသေမချာ မရေမရာကာလမှာ ဒေသတွင်းနိုင်ငံတွေအနေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့၊ ဟောမုဇ်ရေလက်ကြား ပိတ်ထားချိန် ကြာလာတာနဲ့အမျှ ဒေသတွင်း လောင်စာဆီနဲ့ ဓါတ်မြေဩဇာအထောက်ကူပြုပစ္စည်း ဈေးနှုန်းတွေမြင့်တက်လာမှုက လူတွေရဲ့ နေ့စဉ်လူမှုဘဝကို ခြိမ်းခြောက်လာနေကြောင်း၊ ဒီလိုအချိန်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး အသင့်အနေအထားဖြစ်အောင် အားဖြည့်ဖို့လိုကြောင်း ပြောကြားသွားခဲ့တယ်။

အာဆီယံထိပ်သီးအစည်းအဝေးများရဲ့ ရည်ရွယ်ချက်က ဒေသတွင်းနိုင်ငံများရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရေး ဖြစ်တယ်။ တနှစ် နှစ်ကြိမ်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေက ဒေသတွင်းပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်းမရှိပေမယ့် ခေါင်းဆောင်အချင်းချင်း မျက်နှာချင်းဆိုင် အပြန်အလှန် တွေ့ဆုံဆွေးနွေးခွင့် ရရှိခြင်းကတော့ တန်ဘိုးမဖြတ်နိုင်တဲ့ အခိုက်အတန့်လို့ ဆိုပါရစေ..။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now