ကမ္ဘာ့သတင်း

စစ်သင်္ဘောများ ပစ်ခတ်ခံခဲ့ရပြီးနောက် အီရန်ဆိပ်ကမ်း ၂ ခုကို အမေရိကန် တိုက်ခိုက်

မဲခေါင် 8 May - 2026
မဲခေါင်၊ မေ ၈ ယမန်နေ့က ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် အမေရိကန်ရေတပ် ဖျက်သင်္ဘော ၃ စီး တိုက်ခိုက်ခံခဲ့ရပြီးနောက် အမေရိကန်က အီရန်ဆိပ်ကမ်း ၂ ခုကို ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်ရေတပ် ဖျက်သင်္ဘောများဖြစ်သော USS Truxton, USS Mason and USS Rafael Peralta တို့ကို အီရန်က ဒုံးကျည်များ၊ ဒရုန်းများ၊ စပိဘုတ်များဖြင့် တိုက်ခိုက်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုများကို အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM က အတည်ပြုခဲ့ပြီး အမေရိကန် စစ်ဘက်ကလည်း အီရန်စစ်စခန်းများ၊ ဒရုန်းနှင့် ဒုံးကျည်ပစ်လွှတ်ရာ နေရာများကို မိမိကိုယ်ကိုယ် ကာကွယ်သော ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့ကြောင်း

မဲခေါင်၊ မေ ၈

ယမန်နေ့က ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် အမေရိကန်ရေတပ် ဖျက်သင်္ဘော ၃ စီး တိုက်ခိုက်ခံခဲ့ရပြီးနောက် အမေရိကန်က အီရန်ဆိပ်ကမ်း ၂ ခုကို ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်ရေတပ် ဖျက်သင်္ဘောများဖြစ်သော USS Truxton, USS Mason and USS Rafael Peralta တို့ကို အီရန်က ဒုံးကျည်များ၊ ဒရုန်းများ၊ စပိဘုတ်များဖြင့် တိုက်ခိုက်ခဲ့သည်။

၎င်းတိုက်ခိုက်မှုများကို အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် – CENTCOM က အတည်ပြုခဲ့ပြီး အမေရိကန် စစ်ဘက်ကလည်း အီရန်စစ်စခန်းများ၊ ဒရုန်းနှင့် ဒုံးကျည်ပစ်လွှတ်ရာ နေရာများကို မိမိကိုယ်ကိုယ် ကာကွယ်သော ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့ကြောင်း ထုတ်ပြန် ပြောကြားသည်။

ရေလက်ကြားကို မေးတင်ထား‌သော အီရန်၏ ဘန်ဒါအဘတ်စ် နှင့် ကီရှန် ဆိပ်ကမ်းတို့ကိုလည်း အမေရိကန်စစ်ဘက်က ပစ်မှတ်ထားခဲ့ကြောင်း အမေရိကန်အရာရှိ အများအပြားက စီဘီအက်စ်သတင်းအား ပြောပြကြသည်။

အီရန်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲမှုကို ဆက်လက် သက်ရောက်မှု ရှိနေဆဲဖြစ်ကြောင်း နှင့် အီရန်နှင့်တိုက်ခိုက်မှုကို “ချစ်လို့စတာ” ဟုသမ္မတ ထရမ့်က အေဘီစီသတင်းဌာနကို ပြောကြားသည်။

“သူတို့က ဒီ‌ကနေ့မှာ ယီးတီးယားတား လာလုပ်လို့ ကျနော်တို့ သူတို့ကို တောက်ချပစ်လိုက်ပါတယ်” ဟု ထရမ့်က ပြောကြားပြီး အီရန်က ထိုသို့ မလုပ်ခဲ့သင့်ဟု ဆက်ပြောသည်။

အမေရိကန်ဖျက်သင်္ဘော ၃ စီး တိုက်ခိုက်ခံရမှုသည် ၎င်းတို့ထဲမှ ၂ စီး ပြီးခဲ့သည့်ရက်ပိုင်းက ကြုံတွေ့ခဲ့ရသည်ထက် ပိုမိုပြင်းထန်ပြီး ပိုမိုရှည်ကြာခဲ့ကြောင်း အမေရိကန်အရာရှိများက ပြောကြသည်။

အီရန် အမြန်ရေယာဉ်ငယ်များသည် အမေရိကန်စစ်သင်္ဘောများ အနီးအထိ ရောက်ရှိလာခဲ့ကြရာ ၎င်းတို အနားမကပ်နိုင်စေရန် စစ်သင်္ဘောက ပြန်လည် ပစ်ခတ်ခဲ့ကြောင်း တရားဝင် ထုတ်ဖော်ပြော၍ မရသဖြင့် အမည်မဖော်လိုသည့် အမေရိကန် အရာရှိကြီးများက စီဘီအက်စ်ရုပ်သံကို ပြောကြားသည်။

အမေရိကန်စစ်သင်္ဘောများနှင့် အထောက်အကူပြု လေယာဉ်များသည် ၂ နာရီ၊ ၃ နာရီခန့် အဆင့်ဆင့် ခံစစ် တည်ဆောက်ခဲ့ကာ ၅ လက်မ ရေတပ်စက်သေနတ်များနှင့် CIWS ဟု ခေါ်သော အနီးကပ်ပစ် လက်နက်စနစ်များကိုပါ အသုံးပြုခဲ့ရကြောင်း ကန်အရာရှိများက ပြောကြားသည်။

အမေရိကန် အပါချီရဟတ်ယာဉ်များက ငရဲမီး ဒုံးကျည်များ ပစ်လွှတ်ခဲ့သလို သင်္ဘောပေါ်မှ ရေတပ်သားများကလည်း ချဉ်းကပ်လာသော အီရန် စပိဘုတ်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရပြီး အခြားလေ ယာဉ်များလည်း ပါဝင်ကူညီခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်က ဒုံးကျည်များ၊ ဒရုန်းများ ပစ်လွှတ်ခဲ့သော်လည်း အမေရိကန်တပ်ဖွဲ့ဝင်များကို ထိမှန်ခြင်း၊ သင်္ဘောများ ပျက်စီးခြင်း မဖြစ်ခဲ့ကြောင်း သိရသည်။

အီရန်ဘက်မှ တိုက်ခိုက်သူများအပေါ် ကြီးမားစွာ ဖျက်ဆီးပစ်ခဲ့ကြောင်း သမ္မတ ထရမ့်က ၎င်းပိုင် Truth Social လူမှုကွန်ရက်ပေါ်တွင် ရေးသားသည်။

အေးကျော်
Ref:CBS News
#MeKongNews
#စစ်သင်္ဘောများ
#အီရန်ဆိပ်ကမ်း
#အမေရိကန်
#တိုက်ခိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now