နေ့စဥ်သတင်း

ပင်လောင်းနယ်စပ်တွင် PNO နှင့် စစ်ကောင်စီတပ် အင်အား ၃၀၀ စုဝေးနေဟုဆို၊ မိုးဗြဲဒေသ စစ်ရေးတင်းမာနိုင်

မဲခေါင် 29 Apr - 2026
မဲခေါင်၊ ဧပြီ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နယ်စပ်ရှိ ဆောင်းပြောင်းကျေးရွာတွင် PNO နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ဝန်းကျင် စုဝေးရောက်ရှိနေပြီး ဖယ်ခုံအနောက်ဘက်ခြမ်းနှင့် မိုးဗြဲဒေသဘက်သို့ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာနိုင်ကြောင်း ဒေသခံများနှင့် စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ လတ်တလော ရက်ပိုင်းအတွင်း ဆောင်းပြောင်းကျေးရွာအနီး PNO နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များ လှုပ်ရှားမှု ပိုမိုများပြားလာပြီး လူအင်အားများ စုဝေးနေသည့်အပြင် ရိက္ခာနှင့် စစ်ရေး ပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။ “ဆောင်းပြောင်းဖက်မှာ PNO နဲ့ စစ်ကောင်စီ လူအင်အား ၃၀၀ လောက် စုထားတယ်လို့ သိရတယ်။ မိုးဗြဲနဲ့ ဖယ်ခုံအနောက်ဖက်ကို

မဲခေါင်၊ ဧပြီ ၂၉

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နယ်စပ်ရှိ ဆောင်းပြောင်းကျေးရွာတွင် PNO နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ဝန်းကျင် စုဝေးရောက်ရှိနေပြီး ဖယ်ခုံအနောက်ဘက်ခြမ်းနှင့် မိုးဗြဲဒေသဘက်သို့ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာနိုင်ကြောင်း ဒေသခံများနှင့် စစ်ရေးနီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ လတ်တလော ရက်ပိုင်းအတွင်း ဆောင်းပြောင်းကျေးရွာအနီး PNO နှင့် စစ်ကောင်စီ ပူးပေါင်းတပ်များ လှုပ်ရှားမှု ပိုမိုများပြားလာပြီး လူအင်အားများ စုဝေးနေသည့်အပြင် ရိက္ခာနှင့် စစ်ရေး ပြင်ဆင်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

“ဆောင်းပြောင်းဖက်မှာ PNO နဲ့ စစ်ကောင်စီ လူအင်အား ၃၀၀ လောက် စုထားတယ်လို့ သိရတယ်။ မိုးဗြဲနဲ့ ဖယ်ခုံအနောက်ဖက်ကို လှုပ်ရှားလာနိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုနေကြတယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

လက်ရှိ မိုးဗြဲဒေသအတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး စစ်ကောင်စီဘက်မှ လက်နက် ကြီးပစ်ခတ်မှုနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံအချို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

မိုးဗြဲဒေသသည် ကရင်နီပြည်နယ်နှင့် ရှမ်း – ကရင်နီအစပ်ရှိ စစ်ရေးအရ အရေးပါသည့် နေရာတစ်ခုဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခု ပင်လောင်းနယ်စပ်ဘက်တွင် လူအင်အား အများအပြား စုဝေးလာမှုကြောင့် ဒေသတွင်း စစ်ရေး ပိုမို တင်းမာလာနိုင်ကြောင်း စစ်ရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

“အရင်ကတည်းက မိုးဗြဲဖက် စစ်ရေး မတည်ငြိမ်သေးဘူး။ အခု လူအင်အားတွေ ထပ်စုလာတော့ ဒေသခံတွေ ပိုစိုးရိမ်လာတယ်” ဟု မိုးဗြဲဒေသခံတစ်ဦးက ဆိုသည်။

လတ်တလော စစ်ရေးအခြေအနေကြောင့် ပင်လောင်း – ဖယ်ခုံ – မိုးဗြဲ လမ်းပိုင်းတစ်လျှောက် သွားလာရေးနှင့် ကုန်စည် စီးဆင်းမှုများတွင်လည်း အခက်အခဲများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

#MeKongNews
#ပင်လောင်း
#PNO
#စစ်ကောင်စီတပ်
#မိုးဗြဲဒေသ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now