နေ့စဥ်သတင်း

PNO ပြည်သူ့စစ်တိုင်းမှူးအတွက် ပအိုဝ်းပြည်သူများက ဆက်ကြေးပေးရသည့်အပြင် လုံခြုံရေးပါ ကင်းစောင့်ပေးရ

မဲခေါင် 29 Apr - 2026
မဲခေါင်၊ ဧပြီ ၂၉ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မြင့်မိုရ်တိုင်း တိုင်းမှူး ဖြားခေါင်းအတွက် ပအိုဝ်းပြည်သူများက ဆက်ကြေးအပြင် လုံခြုံရေးအတွက်ဟုဆိုကာ နေ့စဉ်အလှည့်ကျ ကင်းစောင့်ပေးနေရသည်ဟု ဒေသခံများကပြောသည်။ PNO ပြည်သူ့စစ်၏ မြင့်မိုရ်တိုင်း တိုင်းမှူး ဖြားခေါင်းအတွက်ဟုဆိုကာ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာမှ ပြည်သူများသည် စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ဆက်ကြေးအပြင် လုံခြံရေးကိစ္စကိုပါ အလှည့်ကျသွားနေရခြင်းဖြစ်သည်။ တောင်ကြီးမြိုနယ် ဇလဲကျေးရွာအုပ်စု၊ နားဟိတ်၊ ကောင်ပြိုင် စသည့် ကျေးရွာမှ ပြည်သူများသည် စစ်အသုံးစရိတ်နှင့်တိုင်းမှူးအဖွဲ့တွက်ဟုဆိုကာ တစ်အိမ် ၅ သောင်း၊ ထွန်စက်တစ်စီး ၂ သိန်း၊ ထော်လာဂျီတစ်စီး ၅ သောင်း၊ ရိုးရိုးထွန်စက်ငယ်တစ်စီး ၅ သောင်း၊ အိမ်စီးကားတစီး

မဲခေါင်၊ ဧပြီ ၂၉

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မြင့်မိုရ်တိုင်း တိုင်းမှူး ဖြားခေါင်းအတွက် ပအိုဝ်းပြည်သူများက ဆက်ကြေးအပြင် လုံခြုံရေးအတွက်ဟုဆိုကာ နေ့စဉ်အလှည့်ကျ ကင်းစောင့်ပေးနေရသည်ဟု ဒေသခံများကပြောသည်။

PNO ပြည်သူ့စစ်၏ မြင့်မိုရ်တိုင်း တိုင်းမှူး ဖြားခေါင်းအတွက်ဟုဆိုကာ တောင်ကြီးမြို့နယ် မြောက်ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာမှ ပြည်သူများသည် စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်ထိ ဆက်ကြေးအပြင် လုံခြံရေးကိစ္စကိုပါ အလှည့်ကျသွားနေရခြင်းဖြစ်သည်။

တောင်ကြီးမြိုနယ် ဇလဲကျေးရွာအုပ်စု၊ နားဟိတ်၊ ကောင်ပြိုင် စသည့် ကျေးရွာမှ ပြည်သူများသည် စစ်အသုံးစရိတ်နှင့်တိုင်းမှူးအဖွဲ့တွက်ဟုဆိုကာ တစ်အိမ် ၅ သောင်း၊ ထွန်စက်တစ်စီး ၂ သိန်း၊ ထော်လာဂျီတစ်စီး ၅ သောင်း၊ ရိုးရိုးထွန်စက်ငယ်တစ်စီး ၅ သောင်း၊ အိမ်စီးကားတစီး ၁ သိန်း ပေးဆောင်ရသည့်အပြင် စစ်ဝတ်စုံဝတ်ကာ တိုင်းမှူးဖြားခေါင်းနေအိမ်ကိုလည်း အလှည့်ကျ ကင်းစောင့်ပေးရသည်ဟု ဒေသခံများထံမှ သိရသည်။

“တိုင်းမှူးဆိုတဲ့အတိုင်းပဲ နေတာ ထိုင်တာက လူထုကို ကျွန်လို သဘောထားနေတာလားပဲ။ ပိုက်ဆံလိုတိုင်း အကြောင်းအမျိုးမျိုးပြပြီး ပအိုဝ်းရွာတွေကို ငွေကောက်တယ်၊ ဘုရားတည်တာကို အကြောင်းပြပြီးလည်း ကောက်တယ်။ သူ့လုံခြုံရေးလည်း အလှည့်ကျ သွားပေးရတယ်။ အသက်ကကြီးနေပြီ ဘုရား တရားနဲ့ နေရမယ့်အရွယ်ကို ငွေကောက်စားနေတုန်းပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းဒေသကို တိုင်း ၄ တိုင်းဖြင့် ဖွဲ့စည်းကာ အုပ်ချုပ်နေခြင်းဖြစ်ပြီး ကလော-တောင်ကြီး-ဟိုပုံး-လွိုင်လင်-နမ့်စန်ကားလမ်းမကြီး မြောက်ဘက်ခြမ်းကို မြင့်မိုရ်တိုင်းအဖြစ် ဖွဲ့စည်းကာ ဖြားခေါင်းသည် ဗိုလ်မှူးကြီးရာထူးဖြင့် တိုင်းမှူးတာဝန် ယူထားသူ ဖြစ်သည်။

၎င်းတိုင်းမှူးများ၏ လက်အောက်တွင် အစိုးရနှင့်အပြိုင် မြို့နယ်မှူး ကျေးရွာအုပ်စုမှူးများ ထားရှိကာ အုပ်ချုပ်နေခြင်း ဖြစ်သည်။

ယင်း PNO ပြည်သူ့စစ်၏ မြို့နယ်မှူး ကျေးရွာအုပ်စုမှူးများသည် PNO တပ်ဖွဲ့ဝင်များသာဖြစ်ပြီး စစ်ယူနီဖောင်းများ နောက်လိုက်နောက်ပါများဖြင့် လက်နက်ကိုင်ဆောင်ထားကြသဖြင့် အစိုးရ အုပ်ချုပ်ရေးမှူးများထက်ပင် အာဏာပိုရှိပြီး ကျေးရွာများတွင် တရားစီရင်ရေး ကိစ္စများကိုပါ စိတ်ကြိုက် လုပ်ဆောင်ကြသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ပအိုဝ်းပြည်သူများသည် စစ်ကောင်စီကို အခွန်ဆောင်ရသည့်အပြင် PNO ပြည်သူ့စစ်က ကောက်ခံသည့် စစ်မှုထမ်းကြေး၊ စစ်အသုံးစရိတ်၊ အိမ်ခွန်၊ ထွန်စက်ခွန်၊ ကားခွန် စသည့် ဆက်ကြေးအမျိုးမျိုးကိုလည်း ပေးဆောင်ရသည်။

PNO ၏ မြင့်မိုရန်တိုင်းမှူး ဖြားခေါင်းသည် ဘုရားစေတီတည်ရန်အတွက်ဟုဆိုကာ နှစ် ၂၀ ကျော် နှစ်စဉ်ငွေကောက်သဖြင့် ၎င်းတည်သည့် စေတီကို ဒေသခံများက လူထုမွဲစေတီဟု နာမည်ပြောင်ခေါ်ဝေါ်ခံရသည့်သူလည်း ဖြစ်သည်။

“သူကျောက်တန်းမှာ တည်တဲ့ဘုရားက ငွေနှစ်စဉ် နှစ်တိုင်းကောက်ပြီး တည်တာ၊ ကျွန်တော်တို့ ကလေးဘဝကနေ မိန်းမရပြီး ကလေးရတဲ့အထိ မပြီးနိုင်ပဲ ငွေပဲကောက်နေလို့ လူထုက နာမည်ပြောင်ပြောကြတာပါ” ဟု ကျောက်တန်းဒေသခံတဦးက ပြောသည်။

PNO ပြည်သူ့စစ်တိုင်းမှူး ဖြားခေါင်း သည် ဇလဲကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် ဇလဲကျေးရွာအုပ်စု ကုန်းသာကျေးရွာ၌ ဒုတိယ ဇနီးနှင့်အတူ နေထိုင်လျက်ရှိသည်။

#MeKongNews
#ပြည်သူ့စစ်
#PNO
#ပအိုဝ်းဒေသ
#ဇလဲကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now