မဲခေါင်၊ ဧပြီ ၂၈
ပြီးခဲသည့် ဧပြီ ၂၅ ရက်က ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲအတွင်း အသက် ၃၁ နှစ်အရွယ် ကျောင်းဆရာတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့မှုတွင် စီစီတီဗီမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ယင်းလုပ်ကြံသူပြေးနှုန်းမှာ မြန်လွန်းသဖြင့် အမေရိကန်ဘောလုံးလိဂ် (NFL) အသင်းများက စာချုပ်ခေါ်ယူသင့်သူမျိုးဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုသည်။
ယင်းဖြစ်စဉ်တွင် လုပ်ကြံသူ ကိုးလ်သောမက်စ်အယ်လန်သည် သက်တော်စောင့်နှင့် လုံခြုံရေးများစွာရှိနေသည့် ခန်းမအား ဖြတ်ပြေးသည်ကို စီစီတီဗီတွင် မြင်တွေ့ရပြီး ပြေးနှုန်းမှာ အလွန်မြန်သဖြင့် အရိပ်တစ်ခုသဖွယ် ဝါးထွက်နေသည်ကို မြင်တွေ့ရသည်။
ထို့ကြောင့် ‘’ သူ ၄၅ ကိုက်လောက်ကို ပြေးသွား လိုက်တာများ အမြန်နှုန်းက မယုံနိုင်စရာပဲ။ ရိပ်ကနဲကို မှုန်နေတာ မြင်ရတယ်။ ဒီပြေးပေါက်နဲ့ ဒီလာက်မြန်နေတာ သူ့ကို NFL က စာချုပ်သင့်တယ်” ဟု 60 Minutes မိဒီယာနှင့် အင်တာဗျူးတွင် ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
ထိုလုပ်ကြံမှုတွင် ခရစ်ယာန်မုန်းတီးသူ အယ်လန်သည် သေနတ် ၂ လက်၊ ဓားများစွာ တစ်ပါတည်း ယူဆောင် လာခဲ့ပြီး လုံခြုံရေးများ ဖမ်းမိပြီး နောက်ဆက်တွဲသတင်းများ ထွက်ပေါ်လာရာ၌ ထရမ့်၏ အထူးသက်တော်စောင့် အရာရှိရင်ဘတ်အား ကျည်ဆံထိမှန်ခဲ့ကြောင်း၊ သို့သော် ကျည်ကာဝတ်ထားခြင်းနှင့် ကျည်က ဖုန်းကိုထိမှန်ခြင်း ကြောင့် မည်သည့်ဒဏ်ရာမျှ မရခဲ့ကြောင်း သိရှိရသည်။
တရားခံကို ယမန်တွင် စတင် ရုံးထုတ်စစ်ဆေးခဲ့ကာ ထောင်ဒဏ် အနှစ် ၂၀ သို့မဟုတ် တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံရနိုင်ခြေလည်း ရှိနေကြောင်း သိရသည်။
ကိုကလင်း
Ref: thesun
#MeKongNews
#အပြေးမြန်
#လုပ်ကြံရေးသမား
#NFL
#ဒေါ်နယ်ထရမ့်








